Slideshow Image 2

စစ်ပြေးဒုက္ခသည်များ ဗန်းမော်သို့ ထပ်မံရောက်ရှိလာ


၇၊ ၁၀၊ ၂၀၁၃ ရက်နေ့တွင် ဗန်မော်မြို့၊ ဖန်ခါးကုန်းရပ်ကွက်သို့ စစ်ပြေးဒုက္ခသည် (၁၃၁) ယောက် ရောက်ရှိလာကြောင်းသိရသည်။ ၄င်းစစ်ပြေးများမှာ မံစီမြို့မှ (၃၆)  မိုင်ခန့်ဝေးသော နမ့်အူကြီး၊ နမ့်သဲ (နမ့်ဆိုင်း) မုန်းဒိန်ပါကျေးရွာများမှ ဖြစ်ကြပြီး ၄င်းတို့နေထိုင်ရာ အရပ်ဒေသသို့ အင်အား (၇၀၀) ခန့်ရှိ သောမြန်မာ တပ်မ (၇၇) ရောက်ရှိလာ ကြသောကြောင့် တိုက်ပွဲဖြစ်မည်စိုး၍ ထွက်ပြေးလာကြကြောင်း၊ အချိန်မီမပြေးနိုင်သူ များ ရွာတွင်ကျန်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
 ဗန်းမော်သို့ ရောက်ရှိလာကြသော စစ်ရှောင်များကိုဗန်းမော် ဇုံနယ်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှဦးစီး၍ ဖန်ခါးကုန်းရပ် ကွက်၊ ဘုရားကျောင်းများ၌ စောင့် ရှောက်ထားကြောင်းသိရသည်။
ကျိုင်းလုံ (ဂျိန်းဖော့ကဆာ)

0 comments:

Post a Comment