Slideshow Image 2

ကချင်ငြိမ်းချမ်းရေးကွန်ရက်၏ မီဒီယာများအား ဖိတ်ကြားခြင်း

မီဒီယာများအား ဖိတ်ကြားခြင်း............

ချစ်ခင်လေးစားရပါသော စာနယ်ဇင်း၊ သတင်းမီဒီယာမှ ညီအစ်ကို မောင်နှမများရှင့်/ခင်ဗျာ

၂၀၁၃ ခုနှစ်၊ ကချင်ပြည်နယ်၊ မိုင်ဂျာယန်ဒေသတွင် အခြေစိုက်၍ စစ်ဘေးဒုက္ခသည်များ၏ အရေးကို လပေါင်း ၃၀ကြာ ဆောင်ရွက်ပြီ ဖြစ်သော ၀န်ပေါင်နိမ်ထွဲ (Wunpawng Ninghtoi- WPN) ခေါ် အရပ်ဖက်လူ့အဖွဲ့အစည်းမှ ယခုလတ်တလော ဖြစ်ပေါ်နေသော ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်းမှ ပြင်းထန်သောတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ စာနယ်ဇင်း၊ သတင်းမီဒီယာများအား အသိပေးတင်ပြလိုပါသဖြင့် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကြွရောက်သတင်း ယူနိုင်ပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက် (စနေနေ့)
အချိန်။ ။ နံနက် ၀၉၀၀ နာရီ
နေရာ။ ။ အခန်း (၈/စီ)၊ ၈ လွှာ၊ မြေနီကုန်းပလာဇာ၊ မြေနီကုန်းဒဂုံစင်တာနှင့်
ဂမုန်းပွင့်ကြား

စစ်မှန်တရားမျှတသော ငြိမ်းချမ်းရေးအတွက်
ကချင်ငြိမ်းချမ်းရေးကွန်ရက်

0 comments:

Post a Comment