Slideshow Image 2

နမ့်လင်းပါတစ်ဝိုက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ကချင်ပြည် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုအေ တပ်မဟာ (၃) လက်အေက်၊ တပ်ရင်း (၁၂) ဒေသဖြစ်သော နမ့်လင်းပါအနီးတစ်ဝိုက် ဒီဇင်ဘာ (၇) ရက်နေ့ (၂း၀၀) နာရီ အချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေ တပ်ရင်း (၁၂) မှ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ၏ ခမရ (၃၈၇)၊ (၄၃၈) တပ်များ တိုက်ခိုက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဤနေရာတွင်ပြင် ဒီဇင်ဘာ (၆) ရက်နေ့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။


0 comments:

Post a Comment