Slideshow Image 2

ခလရ (၂၉၈) မှကချင်အမျိုးသမီးကို ၀ိုင်းဝန်းမဒိမ်းကျင့်

ကချင်ပြည် မြစ်ကြီးနား ဆွမ်ပရာဘွမ်လမ်း ဒရူယန်ကျေးရွာတွင် တပ်စွဲထားသော ဗမာအစိုးရ စစ်တပ် ခလရ (၂၉၈) မှ တပ်ရင်းမှူး ဦးဆောင်ပြီး ကချင်အမျိုးသမီးကို ဇန်န၀ါရီ (၄) ရက်နေ့တွင် ဖမ်းဆီးပြီး ၀ိုင်းဝန်း မဒိမ်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဖြစ်ပုံမှာ ဇန်န၀ါရီ (၄) ရက်နေ့တွင့် မြစ်ကြီးနားမှ ဆွမ်ပရာဘွမ်သို့ ကားဖြင့် လိုက်ပါလာသော မရွယ်နူး၊ မရွယ်အောင်နှင့် မဂျာဒွဲတို့ သုံးဦးကို ဒရူယန်ကျေးရွာတွင် ဗမာစစ်တပ် ခလရ (၂၉၈) များမှ ဖမ်းဆီးခေါ်ဆောင်ထားကြောင်း သိရှိရပါသည်။ ထိုနောက် မအူမားရွယ်အောင်ကို ခလရ (၂၉၈) မှ တပ်ရင်းမှူးအပါအ၀င်၊ တပ်သားများ ၀ိုင်းဝန်း မဒိမ့်ကျင့်ခဲ့ကြကြောင်း သိရှိရပါသည်။ မရွယ်နူးနှင့် မဂျာဒွဲ တို့နှစ်ဦးမှာ ဗမာစစ်သားများ လက်မှ ဆွတ်ရာကျေးရွာသို့ ထွက်ပြေးလွှတ်မြောက်လာကြောင်းကို သိရှိရပါသည်။

0 comments:

Post a Comment