Slideshow Image 2

စာတန်တို့မည်သည်

၁. စာတန်မည်သည်
အဖျက်အစီးနှင့်
ပျက်ဆီးခြင်းတည့်။
၂. စာတန်မည်သည်
ချစ်သူတို့ကို
ရန်တိုက်တတ်၏။
၃. စာတန်မည်သည်
စည်းလုံးခြင်းကို မနာလို
ပြိုကွဲခြင်းကို နှစ်သက်တတ်၏။
၎. စာတန်မည်သည်
        စုပေါင်းခြင်းကို မနှစ်မြို့
ဖြိုခွဲခြင်းကို လုပ်ဆောင်တတ်၏။
၅. စာတန်မည်သည်
ငြိမ်းချမ်းခြင်းကို မုန်းတီးတတ်၍၊
ပျော်ရွှင်မှုကို သဝန်တို၏။
၆. စာတန်မည်သည်
ဘုရားမဲ့ ဝါဒီ
မကောင်းဆိုးဝါးတည့်။
၇. စာတန်မည်သည်
ခိုးဆိုးတိုက်ခိုက်
လူဆိုးလူမိုက် လူမဟုတ်တည့်။
၈. စာတန်မည်သည်
ရုပ်လက္ခဏာ ယုတ်ညံ့
စိတ်ရင်းခေါက်ခေါက် အပလာတည့်။
၉. စာတန်မည်သည်
အပြောချိုချို နုတ်ပိုပိုနှင့်
အမှန်တရား ပြောရခက်၏။
၁၀. စာတန်မည်သည်
ကလိမ်ကကျစ်
ညဏ်နက်ညဏ်နီ လွန်စွာပြည့်၏။
၁၁. စာတန်မည်သည်
မိဘ မောင်နှမ ဆွေစဉ်မျိုးဆက်
အရင်းခေါက်ခေါက် မနှမျောတတ်။
၁၂. စာတန်မည်သည်
မျက်စိရှိလျက်
အမြင်မကြည်စွေစောင်းတတ်၏။
၁၃. စာတန်မည်သည်
ပျက်လိုပျက်စီး အစဉ်ထာဝရ
ချောင်းမြောင်းတတ်၏။
၁၄. စာတန်မည်သည်
သန့်ရှင်းလှပခြင်းကို မကြိုက်
ညစ်ထေးရုပ်ဆိုးခြင်းအား ဘဝင်ခိုက်၏။
၁၅. စာတန်မည်သည်
တကိုယ်ကောင်းဆန်ဆန်
ကြံဖန်တတ်၏။
၁၆. စာတန်မည်သည်
ချစ်သူမရှိ
မုန်းသူပြည့်၏။
၁၇. စာတန်မည်သည်
လောဘရမက်
လွန်စွာနက်၏။
၁၈. စာတန်မည်သည်
နဝေတိမ်တောင်
မကြားဟန်ဆောင် နေထိုင်တတ်၏။
၁၉. စာတန်မည်သည်
နက်ရောင် ဖြစ်လျက်
ဖြူဖွေးဟန်ပန် မာယာကြီးနှင့်။
၂၀. စာတန်မည်သည်
စိတ်မပါဘဲလျက်
        စည်းဝေးတတ်၏။
၂၁. စာတန်မည်သည်
ရက်စက်ရာမှာ
နိုးတူးပေတည့်။
၂၂. စာတန်မည်သည်
အမြှောက်၊ သေနတ် ဗုံးသံ များကို
ဆည်းလည်းသံဟု နာပျော်တတ်၏။
၂၃. စာတန်မည်သည်
သွေးဆာတတ်၍
စစ်ရေးနှင့်သာ သက်ရှင်တတ်၏။
၂၄. စာတန်မည်သည်
လူမမယ် ၆ နှစ် ၈ နှစ်
မဒိမ်းကျင့်၍ ဖျက်ဆီးတတ်၏။
၂၅. စာတန်မည်သည်
မေတ္တာပြလည်း နားမလည်နိုင်
လူ့ဗာလမို့ ပေါင်းရခက်၏။
၂၆. စာတန်မည်သည်
အလကားရသည့် ငွေပင် ရင်း၍
မတရားသဖြင့် မြူဆွယ်တတ်၏။
၂၇. ထိုထို စာတန်
ကြောက်ခမန်းလိလိ
ဝေးဝေးကရှောင် သင့်လှပေ၏။

မနောမြေ - စိန်

0 comments:

Post a Comment