သူနဲ့မှတွေ့ချင်တယ်။
မျက်နှာချင်းဆိုင် ပြောကြမယ်။
သိန်းစိန်လည်းအရုပ်ဘဲ။
ငလှိုင်လည်း အတူတူကဲ။
မင်းတို့အနောက်မှာ ထိန်းချုပ်သူ
ကြိုးကိုင်အမိန့် ပေးနေသူ
ဟိုတုန်းကတော့ နေဝင်းပေါ့။
ခုတော့သူ၏ကိုယ်ပွားပေါ့။
အရင်နေဝင်းအတိုင်းဘဲဟဲ့----
နိုင်ငံရေးက ရပ်နားသတဲ့။
ကမ္ဘာသိအောင် သူကြေငြာ
အနောက်မှာ ပုန်းပြီးညွှန်ကြားတာ။
တပည့်ကျော်တွေ လိုက်နာကြ
မှားလို့မှားမှန်း မထင်ကြ။
နေဝင်းလိုဘဲ ရှုးသွပ်နေ
ဆင်ခြင်တုံတရား ကင်းမဲ့တယ်။
အခုလည်း ဒီအတိုင်းဘဲ။
တပည့်ကျော်တွေ လိုက်ရှုးဆဲ။
အဖိုးကြီးက ထားပါတော့
သူငယ်ပြန်ချိန် ရောက်ပြီပေါ့။
သမ္မတကြီးပါ သူငယ်ပြန်
ကချင်ကို လုပ်စုတ်တာ အမှန်။
ငလှိုင်နဲ့ နင်လား - ငါလား?
မင်းတို့နဲ့ ပြောဖို့မလိုတဲ့ ဒို့စကား
မင်းတို့နှစ်ယောက်မှာ အာဏာမရှိ
ဆုံးဖြတ်ပိုင်ခွင့်တွေမရှိ။
အဖြစ်မှန်တောင်မပြောရဲ
ကမ္ဘာကို သိသိကြီးနဲ့ ဗြောင်လိမ်ဆဲ။
ဒို့ကချင် - သူနဲ့မှ ဆွေးနွေးမယ်။
သတ္တိရှိရင် ထွက်တွေ့ကွယ်---။
မနောမြေ- စိန်
မျက်နှာချင်းဆိုင် ပြောကြမယ်။
သိန်းစိန်လည်းအရုပ်ဘဲ။
ငလှိုင်လည်း အတူတူကဲ။
မင်းတို့အနောက်မှာ ထိန်းချုပ်သူ
ကြိုးကိုင်အမိန့် ပေးနေသူ
ဟိုတုန်းကတော့ နေဝင်းပေါ့။
ခုတော့သူ၏ကိုယ်ပွားပေါ့။
အရင်နေဝင်းအတိုင်းဘဲဟဲ့----
နိုင်ငံရေးက ရပ်နားသတဲ့။
ကမ္ဘာသိအောင် သူကြေငြာ
အနောက်မှာ ပုန်းပြီးညွှန်ကြားတာ။
တပည့်ကျော်တွေ လိုက်နာကြ
မှားလို့မှားမှန်း မထင်ကြ။
နေဝင်းလိုဘဲ ရှုးသွပ်နေ
ဆင်ခြင်တုံတရား ကင်းမဲ့တယ်။
အခုလည်း ဒီအတိုင်းဘဲ။
တပည့်ကျော်တွေ လိုက်ရှုးဆဲ။
အဖိုးကြီးက ထားပါတော့
သူငယ်ပြန်ချိန် ရောက်ပြီပေါ့။
သမ္မတကြီးပါ သူငယ်ပြန်
ကချင်ကို လုပ်စုတ်တာ အမှန်။
ငလှိုင်နဲ့ နင်လား - ငါလား?
မင်းတို့နဲ့ ပြောဖို့မလိုတဲ့ ဒို့စကား
မင်းတို့နှစ်ယောက်မှာ အာဏာမရှိ
ဆုံးဖြတ်ပိုင်ခွင့်တွေမရှိ။
အဖြစ်မှန်တောင်မပြောရဲ
ကမ္ဘာကို သိသိကြီးနဲ့ ဗြောင်လိမ်ဆဲ။
ဒို့ကချင် - သူနဲ့မှ ဆွေးနွေးမယ်။
သတ္တိရှိရင် ထွက်တွေ့ကွယ်---။
မနောမြေ- စိန်
1 comments:
Ndai Ga shagawp gaw manu mana hkrak ai lo.....grai ra sha mat ni ai matut na naw shagawp mara ya rit..myen ni nyepsan she kapya hkra hkrap na Ga shagawp she re nga ai..
Post a Comment