မေ (၁၃) တနင်္လာ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅) အုပ်ချုပ်နယ်မြေဖြစ်သော ဂန်ဒေါင်ယန် ကျေးရွားအခြေစို့ ဗမာအစိုးရ၏ တပ်မ (၃၃) လက်အောက်မှ စစ်ကြောင်းများသည် မေလ (၁၃) ရက် မနက် (၈း၃၀) နာရီ အချိန်ခန့်တွင် အရပ်သားပြည်သူများ၏ အိုးအိမ်များကို ဖျက်ယူကာ၊ ဂန်ဒေါင်ယန် ဆုတောင်းတောင်ကုန်းပေါ်၌ စစ်တပ် စခန်းများကို တည်ဆောက်နေကြောင်း သိရှိရပါသည်။ ဗမာအစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုသည် ကချင်ပြည်သူများအတွက် ပိုပိုပြီး ဒုက္ခတွင်းထဲသို့ ကျရောက်အောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းနှင့် ဗမာအစိုးရ၏ ငြိမ်းချမ်းရေး လှည့်ကွက်ထဲသို့ ကေအိုင်အိုအစိုးရ မြောပါသွားမည်ကို ဒေသခံပြည်သူများ စိုးရိမ်မကင်း ဖြစ်နေကြကြောင်းလည်း သိရှိရပါသည်။
2 comments:
myen hku n'mai hti ai gaw...hpa ka da ai mung n'chye ai
myen font bang da yang n'mai ai i?
Post a Comment