ကောင်လေးနဲ့ကောင်မလေး ကငယ်တုန်းကတည်းက သူငယ်ချင်းတွေပေါ့….ရေကန်ဘေးမှာ ပုဇွန်တွေအတူတူသွားဖမ်းကြတယ်… ကောင်လေးအများကြီးရပေမဲ့ ကောင်မလေး တစ်ကောင်မှ မမိခဲ့ဘူး။ ကောင်မလေး ၀မ်းနည်းစွာနဲ့ အိမ်ပြန်လာတယ်… မပျော်နိုင်ဘူး။ ညနေ ကောင်လေးလာရှာတယ်။ ကောင်လေးကိုတွေ့တော့ စိတ်ဆိုးစွာနဲ့ လှည့်ထွက်လာတော့ ကောင်လေးက “sorry ငါနင့်ဖမ်းမဲ့ပုဇွန်တွေကို ငါဖမ်းလိုက်မိတယ်။ ရော့ …ကန်ထဲမှာမွေးထားလိုက်” ကောင်မလေး ပြုံးသွားတယ်။
ဖြူစင်လွန်းတဲ့ sorry
ကောင်မလေးစိတ်ဆိုးပြီး ကောင်လေးကအမြဲလိုက်ချော့လိုက်နဲ
ပျော်ရွှင်ခြင်းရဲ့ sorry
ကျောင်းလဲပြီး နှစ်ယောက်လုံးအလုပ်တွေရတော့ တွေ့ဖို့ အချိန်တွေနည်းလာတယ်…. ကောင်မလေးနဲ့ ပထမအကြိမ်ရန်ဖြစ်ကြတယ်… ကောင်လေးက အလုပ်အတွက်လို့ပြောတော့ ကောင်မလေးအလျော့ပေးလိုက်တယ်… ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့….. ကောင်မလေးရဲ့မွေးနေ့ကို အတူတူဖြတ်သန်းမယ်လို့ကတိပေးခဲ့
ချိုမြန်တဲ့တာဝန်ယူမှုရဲ့ sorry
လက်ထက်ပြီးနောက် ကောင်လေးအလုပ်အကိုင်တွေအရမ်းအော
လိမ်ညာခြင်းရဲ့ sorry
ဒီလိုနဲ့ ကောင်လေးပြန်မလာတဲ့ညတွေများလာ
“sorry အလုပ်အရမ်းရှုပ်နေတယ်” ကောင်မလေးဖုန်းချလိုက်ရတယ်…. ဒါနဲ့ ကောင်လေးဘယ်အချိန်ပြန်လာမှာကို သူဖုန်းဆက်မမေးတော့ဘူး။ ဖုန်းကွယ်ခြင်းရဲ့ sorry
ကောင်မလေး ရုပ်ရှင်ထဲကလို အလှတွေပြင်လာတယ်.. အော် ကောင်လေး သူ့အပေါ် ငြီးငွေ့နေတာများလားပေါ့။ သူ့ရဲ့ပျော်ရွှင်မှုကို သူဖန်တီးယူမယ်။ ဒါနဲ့ သူတစ်ခါမှာမသွားဘူးတဲ့ ကောင်လေးရဲ့ ရုံးကိုသွားခဲ့တယ်။ ကောင်လေးရဲ့အောင်မြင်မှုတွေကို သူတအံ့တသြနဲ့ ကြည့်ရင်း ကောင်လေးရုံးခန်းဆီကို သူဦးတည်သွားခဲ့တယ်….ကောင်လေးအံ
… ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်… အတော်ကြာမှ ကောင်လေးသတိထားမိသွားတယ်… ကောင်မလေးထွက်ပြေးသွားတယ်… ကောင်လေးအရမ်းလန့်ပြီး ကောင်မလေးနောက်ပြေးလိုက်တယ်….ေ
နာကျင်မှုတွေပေးတဲ့ sorry
ကောင်လေးကောင်မလေးကို အဲဒီအချိန်ကနေစပြီး ရှာမတွေ့တော့ပါဘူး။ ကောင်လေးလဲ မစားနိုင်မသောက်နိုင် အလုပ်တွေမလုပ်နိုင်ဖြစ်ကုန်တယ်။ ဖုန်းကို ၂၄ ဖွင့်ထားပြီး ကောင်မလေးဆီက ဖုန်းလာတာကို မျှော်တာ နှစ်ဝက်ရှိသွားပြီ… တရက်မှာ ကောင်လေးဘူးတစ်ခုလက်ခံရရှိတယ်… ဖွင့်ကြည့်လိုက်တော့ … ပုဇွန်ပုံတွေကို မျိုးစုံပါပဲ….. ဘေးနားမှာ စာတစ်စောင်ကိုတွေ့တယ်။ “ ငါနင့်ကို တွေ့ဖို့ မ၀ံ့ရဲဘူး။ ငါဘက်က ပျော့ညံ့လွန်းတယ်။ ငါနင့်ကို မတွေ့ချင်တာလဲဖြစ်နိုင်တယ်။ နင်ကတော့ ခါတိုင်းလိုပဲထင်တယ်။ နင်မရှိတဲ့နေ့ရက်တွေကို ငါဖြတ်သန်းနိုင်စွမ်းရှိသွားပြီ
ငါရပ်တည်နိုင်ပြီ။ နေ့တိုင်း နင်ပြန်လာမဲ့အချိန်ကိုစောင့်ရင်
နိဂုံးချုပ်လိုက်တဲ့ sorry
ကောင်လေးမျှော်လင့်ရင်း........
ကောင်မလေး အထီးကျန်ဖြတ်သန်းရင်း..........
ချစ်သူကို sorry မပြောကြေး
Labels: Magup Sum Hpa
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment