Slideshow Image 2

ဖားကန့်တွင် စရဖ လက်ချက်ကြောင့် ၁၇ (၁) တရားခံတစ်ဦးသေဆုံး

လွန်ခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ၁၇ (၁) ဖြင့်ဖမ်းဆီးခြင်းခံရသော တရုတ်လူမျိုးတစ်ဦး စရဖ ၏ညှင်းပန်းနှိပ်စက်မှုကြောင့် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ဖားကန့်ပြည်သူ့ဆေးရုံးကြီးတွင် သေဆုံးသွားကြောင်း သိရှိရပါသည်။ သေဆုံးသွားသူမှာ ဦးမခေါ်ဂမ်အောင် (အသက် ၃၈နှစ်) ဖြစ်ပြီး ကချင်နာမည်ခံယူထားသော တရုတ်လူမျိုးတစ်ဦးဖြစ်ကာ တောင်ပြိုတရုတ်နှစ်ခြင်းအသင်းတော်မှ အသင်းသား တစ်ဦးလည်းဖြစ်ပါသည်။ 
ဦးမခေါ်ဂမ်အောင်အား စရဖ တပ်ကြပ် သန်းဌေးက KIA နှင့်ဆက်သွယ်သည်ဟူ သော စွပ်စွဲချက်ဖြင့် လွန်ခဲ့သော ဖေဖော်ဝါရီလမှ စ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ စရဖမှ လာရောက် ဖမ်းဆီးချိန်တွင် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်ခြင်းမရှိသည့်အပြင် ခေတ္တခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်ဟုဆိုကာ ဖားကန့်ဗျူဟာကုန်းတွင် နှစ်ရက်ခန့် ရိုက်နှက်စစ်ဆေးကာ ဖားကန့် ရဲစခန်းသို့အပ်နှံလိုက်ကြောင်း မိသားစုဝင်များကဆိုပါသည်။ သက်သေခိုင်လှုံခြင်းမရှိဘဲ ၁၇ (၁) အမှုဖြင့်တရားစွဲဆိုခဲ့ပါသည်။ 
သို့ဖြစ်၍ ဦးဂမ်အောင်၏ ဇနီးဖြစ်သူ ဒေါ်မာတောင် (တရုတ်အမျိုးသမီး) မှာ ရှေ့နေတစ်ဦးငှားကာ အမှုရင်ဆိုင်ခဲ့ကြောင်း၊ နှစ်ပါတ်တစ်ကြိမ်ရုံးချိန်း ခေါ်ယူကာ အမှုအား (၈) လခန့်အထိအချိန်ဆွဲခဲ့ပါသည်။ တရားရုံးတွင်လည်း မည်သည့်သက်သေအထောက်အထား မပြသနိုင်ဘဲ နိုင်ငံရေးအမှုဖြစ်သဖြင့် နိုင်ငံရေးတည်ငြိမ်သွားပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဖားကန့်စခန်းမှူးနှင့် တရားသူကြီးက ပြောဆိုခဲ့သည်ဟု ဇနီးဖြစ်သူမှ ရှင်းပြပါသည်။ ဦးဂမ်အောင်အား မိသားစုဝင်များက ဖမ်းဆီးခံထားရသော (၈) လတာအတွင်း တွေ့ခွင့်မရဘဲ ဆေးဝါးနှင့် အစားအစာများသာ ၎င်းတို့ရှေ့နေမှတဆင့်ပို့ပေးရကြောင်း၊ ဦးဂမ်အောင်အား ဖားကန့်ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုဆိုသော်လည်း စရဖမှ ဗျူဟာကုန်းသို့ ခေါ်ယူကာ အမြဲရိုက်နှက်စစ်ဆေးကာ KIA နှင့် ဆက်သွယ်သည်ဟု ၀န်ခံခိုင်းကြောင်း ဇနီးဖြစ်သူမှ ဆက်ရှင်းပြပါသည်။ မဆုံးမှီ  ဗမာအစိုးရစစ်သားများ တိုက်ပွဲ တွင် အကျအဆုံးများသဖြင့် ယခုကဲ့သို့ အနှိပ်စက်လွန်ကာ ဆေးရုံသို့ရောက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဇနီးသည်မှ ရှင်းပြပါသည်။ 
ဆက်လက်ပြီး ဦးဂမ်အောင်၏ရှေ့နေ ဦးခင်မောင်ထွေးကလည်း “ကချင်ပြည်မှာ ၁၇ (၁) အမှု ၃၇ မှုရှိပါတယ်၊ ဖားကန့်မှာ ၂ မှုရှိပါတယ်၊ သူ့ကိုဖမ်းတာလည်း ၁၇ (၁) နဲ့ပါ၊ အမှုက ဘာသက်သေမှမရှိပါဘူး၊ တရားသူကြီကတော့ အထက်ကအမိန့်ရရင် ပြန်လွှတ်ပေးဖို့ဖြစ်ပါတယ်၊ မလွှတ်ခင်မှာ အခုလိုဆုံးသွားခြင်း ဖြစ်ပါတယ်။ ရဲစခန်းကတော့ သူတို့ရိုက်နှက်နှိပ်စက်ခြင်းမပြုလုပ်ဘူးလို့တော့ပြောပါတယ်၊ ဒါပေမဲ့ တရားဥပဒေနဲ့ မလျှော်ညီတာ တွေတော့အများကြီးပေါ့ဗျာ၊ ဥပမာ စရဖက တပ်ကြပ်ကြီး သန်းဌေးကို ဆင့်ခေါ်စာနဲ့ခေါ်တာမလာဘူး၊ သက်သေမရှိတဲ့အပြင် တရားလိုဖက်က လာရောက်ထွက်ဆိုခြင်း မရှိဘူးလေ၊ ဒါကြောင့် အချိန်ကမကြာသင့်ဘဲ ကြာသွားရတယ်၊ ဘယ်လိုမှလည်း တရားစွဲလို့ မရဘူးဖြစ်နေတယ်” ဟုသူ၏အမြင်ကိုပြောပြသွားပါသည်။ 
ဦးဂမ်အောင်မသေဆုံးမှီတွင် ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ရောက်လာကာ ရိုက်နှက်ထားသော ဒဏ်ရာဖြင့် လမ်းလျှောက်နိုင်ခြင်းမရှိတော့ဘဲ၊ ၂၄ နာ၇ီ အောက်စီဂျင် သွင်းထားရကြောင်း၊ အန်သောအခါ သွေးများသာအန်ပြီး၊ ၀မ်းသွားသည့်အခါလည်း သွေးဝမ်းသာသွားကြောင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ထားသော ဒဏ်ရာဖြင့် ရောင်ကိုင်းနေကြောင်း၊ ခြေထောက်နှင့် ၀မ်းဗိုက်တွင် ရိုက်နှက်ထားသော အမာရွတ်များ၊ သွေးခြေဥနေသောဒဏ်ရာများ၊ အတွင်းကြေဒဏ်ရာများတွေ့မြင်ရကြောင်း မိသားစုဝင်များက ဆိုပါသည်။ ယခုအခါ သေဆုံးသွားသော ဦးဂမ်အောင်အား ဖားကန့်ကချင်နှစ်ခြင်းအသင်းတော်မှ အသင်းတော်လူကြီးများက တာဝန်ယူပြီး သဂြိုလ်ပေးကြောင်း မိသားစုဝင်များကဆိုပါသည်။ 

2 comments:

Anonymous said...

SHYIMLAM N.NGA AI MAJAW YAWNG WA JAMJAU JAW NGA AI MYEN HPYEN NI HPE GASAT SHAMYIT KAU GA LAW.

Anonymous said...

Aung san wa wai de da ai Japan hpetsit dap ni hpe wunpawng mung dan na lawan gawt kau ya rit Karai wa e.

Post a Comment