Slideshow Image 2
Showing posts with label Burmese Version( News ). Show all posts
Showing posts with label Burmese Version( News ). Show all posts

ကချင်ကလေး မှ တအာင်းကလေး သို့ ပေးစာ

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်မှာ ကျွန်တော် ရှမ်းမြောက် မူဆယ်မြို့ မှာ KDA အထူးဒေသ (၅) စီးပွားရေး ဌာန မှာ တာဝန် ထမ်းဆောင်နေချိန် ကွတ်ခိုင်မြို့နယ် ပတ်လည်က တအာင်းရွာ အတော်များများကို ရောက်ခဲ့ဖူးတယ် အဲဒီ တအာင်းရွာ ဒေသ အတော်များများမှာ KIA ထိန်းချုပ်ထားတာကအများဆုံးပါ အချို့နေရာမှာက KDA တွေထိန်းချုပ်ထားတယ်။

PSLA ထိန်းချုပ်ထားတဲ့ နေရာဆိုလို့မရှိသလောက်ပါဘဲ အခုဖြစ်ပေါ်နေတဲ့ နယ်မြေအငြင်းပွားမူ့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်လိုက်တဲ့ နောက်ပိုင်းမှ ဖြစ်ပေါ်လာတာပါ ဒါကလည်း PSLA ခေတ်ကမဖြစ်ခဲ့ပါဘူး အခု KIA ပြန်လည်ပြုစုပျိုးထောင်ပေးလိုက်တဲ့ TNLA ပေါ်လာမှဖြစ်လာတဲ့ပြသနာပါ ပြောချင်တာက TNLA အနေနဲ့ နယ်မြေပိုင်ဆိုင်ချင်တာကိုအပြစ်မပြောလိုပါဘူး သို့ သော် ဒီအချိန်မှာ ဒီနယ်မြေအငြင်းပွားရမယ့်အချိန်ခါ မဟုတ်ပါဘူး။
လက်ရှိ TNLA ရဲ့လုပ်ပုံက ငါတို့ တိုက်ယူထားတဲ့ နယ်မြေဖြစ်လို့ ငါတို့ TNLA နဲ့သာ လုံးဝသက်ဆိုင်တယ် ဆိုတဲ့ပုံစံဖြစ်နေတယ် မကြာခဏ ကျွန်တော်ပြောပါတယ် ဒီရှမ်း​မြောက်နယ်မြေအချို့ကို ကချင်ဒူဝါတွေကို ရှမ်းစော်ဘွား တွေကိုယ်တိုင် တရားဝင် နယ်မြေခွဲဝေအုပ်ချုပ်စေခဲ့တဲ့ ကချင်ပိုင် ဆက်စတိတ် သမိုင်းဝင် နယ်မြေတွေဖြစ်တယ်။
တအာင်း ပလောင်တွေ ကို ဘယ်ရှမ်း စော်ဘွားတွေက သမိုင်းဝင် နယ်မြေတွေ ခွဲဝေပေးထားလဲ? သမိုင်းရှိရင်ချပြပါလား တကယ့် ရှမ်းမြေကို နယ်ချဲ့နေတာက TNLA တွေသာဖြစ်တယ် နမ့်ခမ်း ကျောက်မဲ နောင်ချို သီပေါ ဒီမြို့တွေဟာ တအာင်း ပလောင် လူမျိုးတွေရဲ့သမိုင်း တစ်စက်မှ မရှိတဲ့ ရှမ်းပိုင်နယ်မြေတွေကို ပလောင်ပြည်နယ် ဆိုပြီးမတရား ဆွဲထည့်နေတာဟာ နယ်ချဲ့တာမဟုတ်ဘူးလား။
ကျွန်တော် တို့ ကချင် တွေ ရှမ်း​မြောက်မှာ ဘယ်ရှမ်း တွေရဲ့သမိုင်းဝင်မြို့ရွာကိုမှ ဝင်ရောက်ဖျက်စီး နယ်မြေချဲ့ယူခဲ့တာမရှိခဲ့ပါဘူး  ဒီပုံစံအတိုင်းဆက်သွားနေရင် တစ်နေ့ တစ်ချိန် မှာ TNLA တအာင်း ပလောင် တွေသမိုင်းရိုင်းသွားလိမ့်မယ်။
TNLA တအာင်း ပလောင်တွေ နယ်မြေလိုချင်တာအပြစ်မပြောလိုပါဘူး ဒါပေမယ့် ရန်ငြိုး ရန်စ ပုံစံမျိုး နဲ့ ရှမ်းမြေ က ရှမ်း ကချင် ပိုင်နေရာတွေကို မတရား နယ်မြေလုယူနေရင်တော့ ကချင် ချ လို့ မျိုးပြုတ်မလား ရှမ်း ချ လို့ မျိုးပြုတ်မလားမသိဘူး။
ရှမ်းမြောက် မှာ တကယ့် နယ်ခံ သမိုင်းရှင် တွေဟာ ကချင် နဲ့ ရှမ်း လူမျိုးတွေကသာအဓိကကျပါတယ် ရှမ်း နဲ့ ကချင် ရဲ့ထောက်ခံမူ့မရရှိရင် ဘယ်တော့မှ ပလောင် တအာင်း ပြည်နယ် အိပ်မတ်ဖြစ်လာမှာမဟုတ်ဘူး။
နယ်မြေလိုချင်ရင် လက်သီး လက်မောင်းသန်းပြီး နယ်မြေယူရမှာ မဟုတ်ဘူး လက်ရှိ မိမိ ထိန်းချုပ်ထားတဲ့ နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပါ ဒေသခံတွေအတွက် ပညာရေး စီးပွားရေး တွေ ဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်ပေးပါ။
ဒေသခံတွေအတွက် ကျန်းမာရေး နဲ့ လုံခြုံမူ့တွေကအစ တာဝန်ယူပေးပါ တရားစီရင်မူ့ပိုင်းမှာလေး ရှမ်း ကချင် အပါအဝင်အခြားလူမျိုးအားလုံးကို ကျောသား ရင်သားမခွဲခြားဘဲ မျှမျှတတ တရားစီရင်အုပ်ချုပ်ပါ။
မိမိအုပ်ချုပ်တဲ့ နယ်မြေထဲမှာ ရှိတဲ့ လက်နတ်ကိုင် မဟာမိတ်တွေကိုလည်း ရန်သူလိုမမြင်ဘဲ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ပါ။
အထက်ဖော်ပြတဲ့အချက်တွေကို TNLA တအာင်း ပလောင် ဘက်ကအတတ်နိုင်ဆုံးဖော်ဆောင်လာမယ်ဆိုရင် တအာင်း ပလောင်ပြည်နယ် အိပ်မတ် မတ်ခွင့်တော့ရှိနိုင်တယ်။
 TNLA တအာင်း ပလောင်ထက် အစစ အရာရာ သာနေတဲ့ UWSA ဝ တွေတောင် ယနေ့အထိ ဝ ပြည်နယ်မရသေးဘူးဆိုရင် ကချင် ရှမ်း နဲ့ ပြသနာ ပေါင်းစုံတက်နေတဲ့ TNLA တအာင်း တွေအတွက်တော့ အများကြီးကြိုးစားရဦးမှာပါ။
ပြည်နယ် ကို စစ်ရေး နဲ့ ဆုံးဖြက်တည်ဆောက်လို့မရဘူး နိုင်ငံရေး နဲ့ သာတည်ဆောက်နိုင်တယ်ဆိုတာ TNLA တအာင်း ပလောင်လူမျိုးတွေသိသင့်ပါတယ်။
နယ်မြေ သမိုင်း နိုင်ငံရေး သေချာမသိရင် လေ့လာပါ ပြီး မှ ရေးကြပြောကြပါ မဟုတ်ရင် အမုန်းပွားစရာတွေသာများပြီး လူမျိုးမုန်းတီးမူ့ကိုသာပိုဖြစ်စေပါတယ်။
တိုင်းရင်းသား အားလုံးသည် ညီကို တွေဖြစ်လို့ အပြန်အလှန် ချစ်ခင်ရင်းနှီးမူ့ကိုသာတည်ဆောက်ကြပါလို့ နောက်ဆုံး နိဂုံးချုပ်ပါသည်။
Hkrang Hku Majoi
၅/၃/၂၀၂၅


MATUT HTI NA »

ယ​နေ့တိုက်​ပွဲများ သတင်းစု

Hka Kamai
ယ​နေ့မနက်​ပိုင်း တနိုင်း​လမ်း​ကြောင်း ခွမ်​စိုင်​ဇွတ်​တွင်​ အစိုးရတပ်​စစ်​​ကြောင်းနှင့်​ တိုက်​ပွဲဖြစ်​ပွားရာ ၅ ဦးထက်​မနည်းထိခိုက်​၊
တနိုင်း​ဒေသ ဂျာထူဇွတ်​ တွင်​လည်း မ​နေ့က​နေ ယ​နေ့ည အချိန်​ထိ တိုက်​ပွဲဖြစ်​ပွား​နေသလို အစိုးရတပ်​အကူ မန်​ပန်​ စခန်းက​နေ​ပေး​နေတယ်​လို့သိရှိရ၊
ယ​နေ့ည ၈ နာရီ နန္မတီး ကံလှရွာထဲ အစိုးရ စကခ ၃ ​တွေ အင်​အား ၁၀၀ ခန့်​ ဖြင့်​ တပ်​လှန့်​ထား​ကြောင်း ​​ဒေသခံ ရှမ်း​တွေ သတင်း​ပေးချက်အရသိရှိရ၊

ရှမ်း​မြောက်​ဘက်​ Kachin Sub-state အ​ရှေ့အရပ်​က မွမ်​ဂို ​ဖောင်းဆိုင်​ဘက်​ အစိုးရတပ်​မ ၉၉ ထိုးစစ်​ဆင်​လာရာ KIA တပ်​မဟာ ၆ တပ်​ရင်း ၃၆ ​ရှေ့တန်း ကင်းစခန်းကို အစိုးရတပ်​က ယ​နေ့ည​နေ ၃း၁၅ ထိုးစစ်​ဆင်​သဖြင့်​ ခုခံတိုက်​ခိုက်​ရာ အစိုးရတပ်​က လက်​နက်​ကြီးများ အဆက်​မပြတ်​ ပစ်​ခတ်​၊
အစိုးရတပ်​က ပွဲချင်းပြီး ၄ ဦး​သေ ၁၀ ဦးအထက်​ ထိခိုက်​နိုင်​​ကြောင်း သိရှိရ၊

ဖားကန့်​ လမ်း​ကြောင်း​ပေါအစိုးရတပ်​ အင်​အား ၂၀၀ ​ကျော်​ ​နေရာယူထား​နေပါတယ်​ ​ကျေးရွာများတွင်​ ပြည်​သူများကို အကာအကွယ်​ လူသား တံတိုင်းအဖြစ်​အသုံးပြု​နေပြီး ရွာဝန်းကျင်​ လက်​နက်​ကြီး ပစ်​ခတ်​မှု့များ​ကြောင့်​ ပြည်​သူများ လယ်​ယာမဆင်းနိုင်​သလို ကျွဲနွားများ လက်​နက်​ကြီးထိမှန်​​သေဆုံး​နေကြောင်းသိရှိရပါသည်။


MATUT HTI NA »

စရဖအကြီးအကဲတစ်ဦးမှ ကွန်ပြူတာသက္ကသိုလ်ကျောင်းအုပ်အား အတင်းလက်မှတ်ရေးထိုးခိုင်း

ဇွန်လ (၂၀ ) ရက်ည မြစ်ကြီးနားမြို့ပေါ်တွင် ဗမာစစ်သား၏ ပစ်သတ်ခြင်းခံရသော ဂွမ်ဆိုင်းအောင် နှင့်ပါတ်သက်ပြီး ဗမာစစ်တပ် စရဖမှ အကြီးအကဲ တစ်ဦးက ဂွမ်ဆိုင်းအောင် တက်ရောက်လျက်ရှိသော ကွန်ပြူတာ တက္ကသိုလ်သို့ သွားရောက်ကာ ကျောင်းအုပ်ကြီးအား ဂွမ်ဆိုင်းအောင်သည် ဆိုးသွမ်းသောကျောင်းသားတစ်ဦးဖြစ်ကြောင်း လက်မှတ်ရေးထိုးပေးရန် ခြိမ်းခြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကျောင်းအုပ်ကြီးမှလည်း ဂွမ်ဆိုင်းအောင် တက်ရောက်လျက်ရှိသော အတန်းမှ တာဝန်ခံဆရာကိုသာ လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း ကွန်ပြူတာ တက္ကသိုလ်အသိုင်းအဝိုင်းမှ သတင်းပေးပို့ချက်အရ သိရှိရပါသည်။


MATUT HTI NA »

မြစ်ကြီးနားမြို့ပေါ်တွင် ဗမာစစ်သားများမှ အပြစ်မဲ့ပြည်သူကိုပစ်သတ်

ကချင်ပြည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် ဇွန် (၂၀) ရက်နေ့ ည (၉း၄၅) နာရီခန့်၌ ဗမာစစ်တပ်မှ တပ်သားနှစ်ဦးက အပြစ်မဲ့ဒေသခံ တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ပစ်သတ်ခံရသူမှာ မြစ်ကြီးနား ကျွန်းပင်သာရပ်ကွက်နေ အဖ ဦးဒေးဝါး၏သား မောင်ဂွမ်ဆိုင်းအောင် (၁၉) နှစ် ဆိုသူဖြစ်ပြီး ကွန်ပြူတာတက္ကသိုလ်တွင် ပထမနှစ်ပညာသင်ကြားနေသော ကျောင်းသားဖြစ်ကြောင်း သိရှိရပါသည်။ 
မောင်ဂွမ်ဆိုင်းအောင်ကို ပစ်သတ်ခဲ့သူမှာ ဗမာစစ်တပ် အမှတ် (၇၂၇) ထောက်ပို့တပ်မှ တပ်သားမောင်မောင် (ကိုယ်ပိုင်အမှတ်- ၂၉၂၃၁၂) နှင့် ဒု-တပ်ကြပ် နန်ဟင်ထန် (ကိုယ်ပိုင်အမှတ် - ဒုတက- ၂၉၂၃၁၂) ဆိုသူတို့ဖြစ်ပြီး မြစ်ကြီးနား ဧရာဝတီမြစ်ကူတံတား ဗလမင်းထင်တွင် တံတားစောင့်တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကြောင်း သိရှိရပါသည်။ တရားခံ တပ်ဗမာ စစ်သားများကို ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။ ယခုကဲ့သို့ မြို့ပေါ်တွင် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများကို ပေါ်ပေါ်တင်တင် ပစ်သတ်ခြင်းသည် တိုင်းရင်းသားများ၏ လုံခြုံရေးကို ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားတွေအပေါ် ဗမာစစ်တပ်မှ လုပ်ချင်သလိုလုပ်နေကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်ပါသည်။ မြို့ပေါ်တွင်ပင် ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများကို ပေါ်ပေါ်တင်တင် ပစ်သတ်ပြခြင်းသည် တိုက်ပွဲဖြစ်ပွားရား ဒေသများရှိ ပြည်သူများကို ဗမာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုမှာ ပြောစရာပင်မရှိတော့ကြောင်း ဒေသခံပြည်သူများမှ ရင်ဖွင့်ပြောကြားလာပါသည်။ ဖမ်းဆီးထားသော တရားခံများကို မည်သို့မည်ပုံ အပြစ်ပေး အရေးယူမည်ကို ဒေသခံပြည်သူများ စောင့်မျှော်လျက်ရှိကြောင်း သိရှိရပါသည်။


MATUT HTI NA »

မပခ မှ ငြိမ်းချမ်းရေးတာဝန်ထမ်းဆောင်လျက်ရှိသော ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့်လိပ်စာများတောင်းခံ

ကချင်ပြည်အခြေစိုက် ဗမာစစ်တပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ ဧပရယ်လ (၁၇) ရက်နေ့ ညနေပိုင်း (၃:၀၀) နာရီအချိန်တွင် (PCG) ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဝင်များကိုခေါ်ယူကာ ကေအိုင်အိုနည်းပညာအကြံပေးအဖွဲ့ (TAT),  ကေအိုင်အိုပဋိပက္ခညှိနှိုင်းဖြေရှင်း ရေးအဖွဲ့ (CRT) တို့တွင် အသီးသီးတာဝန် ထမ်းဆောင်နေသောသူများ၏ အမည်စာရင်း, တည်းခိုနေထိုင်ရာလိပ်စာများကို တောင်းခံခိုင်းကြောင်း သိရှိရပါသည်။ ယခုရက်ပိုင်းအတွင်း ကေအိုင်အိုအစိုးရ ဌာနချုပ်ဖြစ်သော လိုင်ဇာ အနီးတစ်ဝိုက်တွင် ကေအိုင်အေမျိုးချစ်ရဲဘ်ေများနှင့် ဗမာစစ်တပ်တို့ကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရာ ဗမာစစ်တပ်မှ ယခုကဲ့သို့ ကေအိုင်အိုအစိုးရ ငြိမ်းချမ်းရေး တာဝန်ထမ်းဆောင်နေသူများ၏ အမည်စာရင်းနှင် လိပ်စာများကိုတောင်းခံလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။


MATUT HTI NA »

ဗမာစစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်

ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁) ဒေသ ယော်ယုံဘွမ်တွင် တပ်စွဲထားသော ဗမာအစိုးရ စစ်တပ်မှ အောက်တိုဘာ (၆) ရက် မနက် (၈း၀၀) နာရီအချိန်ခန့်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များ ရှိမည်ထင်သော နေရာများသို့ လက်နက်ကြီးများဖြင့် မှန်းဆပစ်ခတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။


MATUT HTI NA »

ကေအိုင်အေတပ်ရင်း (၉) ဒေသတွင် တိုက်ပွဲပြင်းထန်

ကေအိုင်အိုအစိုးရ ကေအိုင်အေ တပ်မဟာ (၄) လက်အောက်၊ တပ်ရင်း (၉) ဒေသဖြစ်သော ထန်ဖာဘွမ် ဘက် ဗမာစစ်အစိုးရ၏ တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများ ၀င်ရောက် ထိုးစစ်ဆင်လာသောကြောင့် အောက်တိုဘာ (၆) ရက် ညနေပိုင်း (၅း၀၀) နာရီအချိန်ခန့်မစ၍ ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း သတင်းရရှိပါသည်။ တိုက်ပွဲများ ရပ်နာခြင်းမရှိ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရှိရပါသည်။ ဗမာအစိုးရသည် ခိုင်မာပြီး အာမခံချက်မရှိသော အင်စီအေ လက်မှတ်ရေးထိုးရန် ငြင်းဆန်သော ကေအိုင်အိုအစိုးရ အုပ်ချုပ်ရာဒေသများသို့ စစ်အင်းအား အလုံးအရင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ကချင်ပြည်နယ် ဒေသတအသီးသီးတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။


MATUT HTI NA »

ဗိုလ်ချုပ်မြင့်စိုးစကားပြန်ပြင်ပြောပါ

နိုဝင်ဘာလ (5) ၇က်နေ့ VOAနဲ့ မေးမြန်းခန်းမှာ ပြောသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး၊ မပြင်ရေးဟာ တိုင်းရင်းသားများနဲ့ ဘာမှမဆိုင်ဘူးလို့ပြောသွားခြင်း၏ အဓိပါယ်သည် 2008 ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါ၊ တိုင်းရင်းသားများ လိုက်နားစရာလည်းမလိုပါဟု အဓိပါယ်ထွက်နေပါသည်။ အမှန်တကယ်လည်း တိုင်းရင်းသားများရဲ့အရေး ဘာမှအားမခံချက်မပါတဲ့စာအုပ်ဖြစ်တဲ့အတွက် တိုင်းရင်းသား များနဲ့ ဘာမှမဆိုင်တာအမှန်ပါ။ တဆက်ထဲမှာ အခြေခံဥပဒေဟာ လွှတ်တော်နဲ့ပဲဆိုင်တယ်လို့ ပြောသွားပါ တယ်၊ ဒါဟာလည်း လွှတ်တော်ဟာ တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါဟု အဓိပါယ်ထွက်နေပါသည်။

 ဒီလို မဆင်မခြင်ပြောနေခြင်းသည် သူတို့ပြောပြောနေတဲ့ ဒို့တာဝန်အရေး…  သုံးပါးထဲက တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး ဆိုသည့်အချက်နှင့် ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေပါသဖြင့် တိုင်းပြည်အတွက် အင်မတန် မှစိုးရိမ်စရာဖြစ်နေပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မြင့်စိုးစကားပြန်ပြင်ပြောပါ။ ဒါမှမဟုတ် ဒို့တာဝန်အရေးသုံးပါးဆို သည့် ကြွေးကြော်သံဆောင်ပုဒ်ဟာ လူကြားကောင်းအောင် သမင်တကာရေးသားထားပြီး ပြောဆိုနေခြင်းလား ဟုသံသယ၀င်စရာဖြစ်နေပါသည်။ လက်ရှိအခြေအနေမှာလည်း ထူနည်း၎င်းပါပဲ။ ဖယ်ဒရယ်ပြည်ထောင်စုတပ် မတော်ဆိုသည့်စကားလုံးဟာ အခြေအနေကို ပိုပြီးရှုပ်ထွေးစေနိုင်သည်ဟုလဲပြောသွားပါသည်။ ဒီတိုင်းပြည်ဟာ ဗမာလူမျိုးတစ်မျိုးတည်း တည်ထောင်ထားသည့်တိုင်းပြည်မဟုတ်ပါ။ ဗမာတိုင်းရင်းသားမဟုတ်သည့် ကျန်တိုင်း ရင်းသားများအားလုံး ပါဝင်တည်ဆောက်ထားခဲ့သည့်နိုင်ငံဖြစ်သည်။ ဒီတိုင်းပြည်ကိုအမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကိုဖွဲ့စည်းပြီး ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ဆိုတာ ရှိကိုရှိရမှာဖြစ်တယ်။ ဒါကိုဆန့်ကျင်ပြောဆိုခြင်းသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို မလိုလားကြောင်း ပြသနေခြင်းသာဖြစ်သည်။ 

အခုကြိုးပမ်းလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလမ်းစဉ်လုပ်ငန်းကြီးသည် ဗမာတပ်မတော် တစ်ခုထဲ၏ ကောင်းစားရေးအတွက်ပဲ ကာကွယ်လုပ်နေခြင်းမဟုတ်ပါ။ တိုင်းပြည်နဲ့ ပြည်သူလူထုတစ်ရပ်လုံး၏ ကောင်းစားရေးကို ဦးတည်ရှေ့ရှုပြီး လုပ်ဆောင်နေခြင်းသာဖြစ်သောကြောင့် ဗိုလ်ချုပ်မြင့်စိုး စကားပြန်ပြင်ပြောပါ။ နောက်ဒီလိုစကားမျိုး မပြောမိပါစေနေလို့စေတနာနဲ့သတိပေးလိုပါတယ်။

ပြည်သူ့တမာန်။


MATUT HTI NA »

ဝမရှိပဲ ဝိလုပ်တဲ့သူတွေ

ကာချုပ်ကိုယ်တိုင် စီမံနေတာတောင် စစ်သားတွေ  ထမင်းမဝတာ ဘာလုပ်ပေးရမှာလဲ။  ဘတ်ဂျက်လဲ သူတို့တင်သလောက်ရတာပဲ။ 
နိုင်ငံရေးလဲ သူတို့ဝင်ပါတာပဲ။ ဦးပိုင်လဲ သူတို့ပိုင်တာပဲ။ ပြည်သူတွေ ဘာလုပ်ပေးရဦးမလဲ။ ပြည်သူအများစုက  စစ်တပ်ကိုဘုန်းကြီးတွေလို ဆွမ်းပို့ပေးရဦးမှာလား။  စစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက် ဆင်းရဲနေလဲ။ သူတို့လုပ်ဖော်ကိုင်ဖက် အောက်လက်ငယ်သားတောင်  သူတို့မသနားပဲ သူတို့ အခွင့်ထူးခံနေတာ ပြည်သူ့တာဝန်ပဲလား။

ကျနော်ထင်တာတော့ စစ်မှုမထမ်းမနေရထက်  လက်ရှိစစ်သားလျှော့သင့်တယ်။  အရည်တွက်ထက် အရည်ချင်း လိုတယ်။ မြန်မာထက်ကြီးတဲ့အော်စီတောင် စစ်သား ၈၀၀၀၀ ပဲ မြန်မာပြည်က လေးသိန်းငါးသိန်းတောင်။ လေးငါးသိန်း ရှိတာတောင် ဝတောင် နိုင်တာ မဟုတ်ဘူး။ နိုင်ငံရေးဝင်မလုပ်ပဲ ကိုယ့်နေရာကိုနေရင် ထမင်းဝလာပါမယ်။  ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာ ဒီလောက်လူအများကြီးကို ကျွေးထားတာ ဝန်ထုပ်ဝန်ပိုးပဲ။ ဘုန်းကြီးတွေလဲ ၅သိန်းလောက်ရှိတယ်။ ဘာသာရေးစော်ကားတာ မဟုတ်ပါ။ လုပ်စားတဲ့ ဘုန်းကြီးတွေအများကြီး  သာသနာ သန့်အောင်လုပ်သင့်တယ်။ ကျနော်မြင်ဖူးတဲ့ ရွာတွေမှာဆို  ဘုန်းကြီးတွေ ငွေတိုးတောင် ချသေးတယ်။ ကားဆိုလဲ  ခင်ညွန့်လက်ထက်ထဲက နယ်စပ်ကလာတဲ့ without ကားအကောင်းစားတွေ  4wheels driveတွေ ခုထိပဲ။ လူတွေမှာ ပိုက်ဆံပိုတာနဲ့ အလှူကြီးပေးတာနဲ့  အိမ်နီးချင်း နိုင်ငံကျွန်ခံရပြန်ရော။ တကယ်ပြောတာ။ စစ်တပ်ရော ဘာသာရေးကောနှိပ်စက်တော့ ပြည်သူတွေ မွဲကုန်တာ။  ကိုယ့်အလုပ်ကို လုပ်ရင် ဘာပြသနာမှ တက်မှာမဟုတ်ဘူး။ နိုင်ငံချမ်းသာနေရင် စစ်မှုမထမ်းမနေရ လုပ်တာ သဘာဝကျပါတယ်။ ဒီလောက်မွဲနေတာ စစ်မှုမထမ်းမနေရဆိုတော့ ရီစရာပဲ။  အဲလိုဖြစ်ချင်ရင် ချမ်းသာအောင် အရင်လုပ်ကြပါဦး။  ဝမရှိပဲ ဝိလုပ်တာ ငတ်ရုံပဲရှိမယ်။

ကောင်ဆိုးလေး


MATUT HTI NA »

ဖမ်းဆီးထောင်ချခံ စစ်ဗိုလ်များ

ကချင်ကိုစစ်ဆင်ရေးမှာ အမိန်မနာခံလို့ ဖမ်းစီးထောင်ချလိုက်တဲ့ စစ်အစိုးရတပ်က အရာရှိများစာရင်း
-------------------------------------------------------------
ဗျူဟာမှုး ဗိုလ်မှုးကြီး ၀င်းညွှန့် အလုပ်သင် ၁၂ (၃)နှစ်
G1 ဒုတိယဗိုလ်မှုးကြီး စိုးမင်းလတ် DSA 35 (၂)နှစ်
တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွှန် DSA 37 (၅) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုး ကျော်သက်ခိုင် အလုပ်သင် 25 (၂) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုးနန္ဒကျော် အလုပ်သင် 27 (၂) နှစ်
ယာယီတပ်ခွဲမှုး ဗိုလ်မှုးကျော်မြင့်ထွန်း DSA 44 (၂) နှစ်

ကျခံနေရသောထောင်များ
ရွှေညောင်တောင်လေးလုံးထောင်- ဗျူဟာမှုး ဗိုလ်မှုးကြီးဝင်းညွန့်နှင့် ဒုတပ်ရင်းမှုး ဗိုလ်မှုးကျော်သက်ခိုင်
ပန်းကန်ရဲဘက်စခန်း- ဗိုလ်မှုးနန္ဒကျော် နှင့် ဗိုလ်မှုးကျော်မြင့်ထွန်း
ထီးခန်းရဲဘက်စခန်း- ဒုတိယဗိုလ်မှုးကြီးစိုးမင်းလတ်နှင့် ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွန်


MATUT HTI NA »

ဖားကန့်ဒေသသို့ အစိုးရတပ်များ စစ်အင်အားအလွန်အကျွံတိုးချဲ့

ဖားကန့်ဒေသို့ တစ်ကျော့ပြန်တိုက်ပွဲများပြင်းထန်လာသည်မှာ တစ်လကျော်လာပြီ ဖြစ်ပါသည်။ ဖားကန့် ဒေသတွင် KIA နှင့်တိုက်ခိုက်ခဲ့သောတိုက်ပွဲများတွင် အစိုးရဖက်မှ အထိခိုက်အကျအဆုံး များလွန်းသည့် အပြင် ကချင်ပြည်နည်၏ အဓိကစီးပွါးရေးမြို့ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့သဖြင့် အစိုးရဖက်မှ ယခုလို စစ်အင်အားကို အလွန်အကျွံသုံးလာခြင်းဖြစ်ကြောင်း ဒေသခံများကယူဆလျှက်ရှိပါသည်။ ယခုအခါ ဖားကန့်ဒေသသို့ အစိုးရ စစ်တပ် တပ်မ (၃၃) နှင့် တပ်မ (၈၈) တို့၏ တပ်ရင်း ပေါင်း (၁၂) ရင်းဖြင့် တိုက်ခိုက်ရန် အစီစဉ် ဆွဲထားကြောင်း၊ ခြေလျှင်တပ်များ KIA တို့ထိန်းချုပ်ထားသောနယ်မြေများကို ကျော်လွန်နိုင်ခြင်းမရှိသည့်အပြင် အကျအဆုံးများလွန်းသဖြင့် လေတပ်အကူအညီဖြင့် တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက်ကဆိုပါသည်။ ဖားကန့်ဒေသတွင် ဗျူဟာမှူး (၃) ဦးနှင့်အတူ  တပ်ရင်း (၉) ရင်းရောက်ရှိနေပြီး ကျန်ဗျူဟာမှူးတစ်ဦးမှာမှာ တပ်ရင်း (၃)ရင်းနှင့် မိုးကောင်း ၊ကားမိုင်းလမ်းကျောတွင်ရောက်  ရှိနေကြောင်း သိရှိရပါသည်။ သမ္မတဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်တွင် KIA အားထိုးစစ်ဆင်ခြင်းမရှိကြောင်း၊ ခုခံကာကွယ်ခြင်းသာဖြစ်ခြင်းနှင့် အစိုးရတပ်များ ရိက္ခာပို့ဆောင်ခြင်းသာဖြစ်ကြောင်း ပြောဆိုသွားသည်ကို တွေ့မြင်ရပါသည်။ သို့သော် ဖားကန့်ဒေသသို့ တပ်ရင်း ၁၂ ရင်း၊ ဗျူဟာမှူး ၄ ဦးဖြင့် လေတပ်အကူအညီများဖြင့် ရိက္ခာပို့ဆောင်သော အစိုးရတပ်အား စာရေးသူတသက် မကြားဖူးပါ။ ထိုသို့ စစ်အင်အားများအလုံးအရင်းဖြင့် ချီတက် လာရာတွင်လည်း ကချင်အိမ်တွေ အကုန်မီးရှို့ပစ်မယ်ဟု ကြွေးကြော်ကာတက်လာခြင်းဖြစ်သဖြင့် အစိုးရစစ်တပ်ဟု ခေါ်ဆိုရန်ခက်ခဲပြီး ဗမာသူပုန်များဟု ခေါ်ရမည်ဟုပင် တွေးမိလာပါသည်။ သမ္မတ၏ ပြောကြားချက်ကတမျိုး၊ ၀န်ကြီးဦးအောင်မင်း၏ လုပ်ရပ်က တစ်မျိုး၊ ကာချုပ်မင်းအောင်လှိုင်၏ လုပ်ရပ်က တစ်မှောက်၊ နှုတ်ဆိတ်နေသောလွှတ်တော်က တစ်ဖုံ အူကြောင်ကြားအစိုးရကို ကချင်လူမျိုးတို့ မည်သို့ ယုံကြည်ရမည်နည်း။ မည်သို့ပင်ဆိုစေကာမူ KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) မှ အရာရှိတစ်ဦးက အစိုးရစစ်တပ်တွေ ဘယ်လောက်တက်လာပါစေ၊ ကျွန်တော်တို့အနေနဲ့ ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့အသင့်ပါဘဲ၊ ပြင်းထန်စွာတုန့်ပြန်သွားမှာပါ ဟု သူ၏ အမြင်ကိုပြောကြားလာပါသည်။


MATUT HTI NA »

ဖားကန့်တွင် စရဖ လက်ချက်ကြောင့် ၁၇ (၁) တရားခံတစ်ဦးသေဆုံး

လွန်ခဲ့သော ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ၁၇ (၁) ဖြင့်ဖမ်းဆီးခြင်းခံရသော တရုတ်လူမျိုးတစ်ဦး စရဖ ၏ညှင်းပန်းနှိပ်စက်မှုကြောင့် စက်တင်ဘာလ (၂၉) ရက်နေ့တွင် ဖားကန့်ပြည်သူ့ဆေးရုံးကြီးတွင် သေဆုံးသွားကြောင်း သိရှိရပါသည်။ သေဆုံးသွားသူမှာ ဦးမခေါ်ဂမ်အောင် (အသက် ၃၈နှစ်) ဖြစ်ပြီး ကချင်နာမည်ခံယူထားသော တရုတ်လူမျိုးတစ်ဦးဖြစ်ကာ တောင်ပြိုတရုတ်နှစ်ခြင်းအသင်းတော်မှ အသင်းသား တစ်ဦးလည်းဖြစ်ပါသည်။ 
ဦးမခေါ်ဂမ်အောင်အား စရဖ တပ်ကြပ် သန်းဌေးက KIA နှင့်ဆက်သွယ်သည်ဟူ သော စွပ်စွဲချက်ဖြင့် လွန်ခဲ့သော ဖေဖော်ဝါရီလမှ စ၍ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း၊ စရဖမှ လာရောက် ဖမ်းဆီးချိန်တွင် ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်ခြင်းမရှိသည့်အပြင် ခေတ္တခေါ်ယူစစ်ဆေးခြင်း ဖြစ်သည်ဟုဆိုကာ ဖားကန့်ဗျူဟာကုန်းတွင် နှစ်ရက်ခန့် ရိုက်နှက်စစ်ဆေးကာ ဖားကန့် ရဲစခန်းသို့အပ်နှံလိုက်ကြောင်း မိသားစုဝင်များကဆိုပါသည်။ သက်သေခိုင်လှုံခြင်းမရှိဘဲ ၁၇ (၁) အမှုဖြင့်တရားစွဲဆိုခဲ့ပါသည်။ 
သို့ဖြစ်၍ ဦးဂမ်အောင်၏ ဇနီးဖြစ်သူ ဒေါ်မာတောင် (တရုတ်အမျိုးသမီး) မှာ ရှေ့နေတစ်ဦးငှားကာ အမှုရင်ဆိုင်ခဲ့ကြောင်း၊ နှစ်ပါတ်တစ်ကြိမ်ရုံးချိန်း ခေါ်ယူကာ အမှုအား (၈) လခန့်အထိအချိန်ဆွဲခဲ့ပါသည်။ တရားရုံးတွင်လည်း မည်သည့်သက်သေအထောက်အထား မပြသနိုင်ဘဲ နိုင်ငံရေးအမှုဖြစ်သဖြင့် နိုင်ငံရေးတည်ငြိမ်သွားပါက ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း ဖားကန့်စခန်းမှူးနှင့် တရားသူကြီးက ပြောဆိုခဲ့သည်ဟု ဇနီးဖြစ်သူမှ ရှင်းပြပါသည်။ ဦးဂမ်အောင်အား မိသားစုဝင်များက ဖမ်းဆီးခံထားရသော (၈) လတာအတွင်း တွေ့ခွင့်မရဘဲ ဆေးဝါးနှင့် အစားအစာများသာ ၎င်းတို့ရှေ့နေမှတဆင့်ပို့ပေးရကြောင်း၊ ဦးဂမ်အောင်အား ဖားကန့်ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုဆိုသော်လည်း စရဖမှ ဗျူဟာကုန်းသို့ ခေါ်ယူကာ အမြဲရိုက်နှက်စစ်ဆေးကာ KIA နှင့် ဆက်သွယ်သည်ဟု ၀န်ခံခိုင်းကြောင်း ဇနီးဖြစ်သူမှ ဆက်ရှင်းပြပါသည်။ မဆုံးမှီ  ဗမာအစိုးရစစ်သားများ တိုက်ပွဲ တွင် အကျအဆုံးများသဖြင့် ယခုကဲ့သို့ အနှိပ်စက်လွန်ကာ ဆေးရုံသို့ရောက်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း ဇနီးသည်မှ ရှင်းပြပါသည်။ 
ဆက်လက်ပြီး ဦးဂမ်အောင်၏ရှေ့နေ ဦးခင်မောင်ထွေးကလည်း “ကချင်ပြည်မှာ ၁၇ (၁) အမှု ၃၇ မှုရှိပါတယ်၊ ဖားကန့်မှာ ၂ မှုရှိပါတယ်၊ သူ့ကိုဖမ်းတာလည်း ၁၇ (၁) နဲ့ပါ၊ အမှုက ဘာသက်သေမှမရှိပါဘူး၊ တရားသူကြီကတော့ အထက်ကအမိန့်ရရင် ပြန်လွှတ်ပေးဖို့ဖြစ်ပါတယ်၊ မလွှတ်ခင်မှာ အခုလိုဆုံးသွားခြင်း ဖြစ်ပါတယ်။ ရဲစခန်းကတော့ သူတို့ရိုက်နှက်နှိပ်စက်ခြင်းမပြုလုပ်ဘူးလို့တော့ပြောပါတယ်၊ ဒါပေမဲ့ တရားဥပဒေနဲ့ မလျှော်ညီတာ တွေတော့အများကြီးပေါ့ဗျာ၊ ဥပမာ စရဖက တပ်ကြပ်ကြီး သန်းဌေးကို ဆင့်ခေါ်စာနဲ့ခေါ်တာမလာဘူး၊ သက်သေမရှိတဲ့အပြင် တရားလိုဖက်က လာရောက်ထွက်ဆိုခြင်း မရှိဘူးလေ၊ ဒါကြောင့် အချိန်ကမကြာသင့်ဘဲ ကြာသွားရတယ်၊ ဘယ်လိုမှလည်း တရားစွဲလို့ မရဘူးဖြစ်နေတယ်” ဟုသူ၏အမြင်ကိုပြောပြသွားပါသည်။ 
ဦးဂမ်အောင်မသေဆုံးမှီတွင် ဖားကန့်ပြည်သူ့ဆေးရုံကြီးသို့ရောက်လာကာ ရိုက်နှက်ထားသော ဒဏ်ရာဖြင့် လမ်းလျှောက်နိုင်ခြင်းမရှိတော့ဘဲ၊ ၂၄ နာ၇ီ အောက်စီဂျင် သွင်းထားရကြောင်း၊ အန်သောအခါ သွေးများသာအန်ပြီး၊ ၀မ်းသွားသည့်အခါလည်း သွေးဝမ်းသာသွားကြောင်း၊ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ထားသော ဒဏ်ရာဖြင့် ရောင်ကိုင်းနေကြောင်း၊ ခြေထောက်နှင့် ၀မ်းဗိုက်တွင် ရိုက်နှက်ထားသော အမာရွတ်များ၊ သွေးခြေဥနေသောဒဏ်ရာများ၊ အတွင်းကြေဒဏ်ရာများတွေ့မြင်ရကြောင်း မိသားစုဝင်များက ဆိုပါသည်။ ယခုအခါ သေဆုံးသွားသော ဦးဂမ်အောင်အား ဖားကန့်ကချင်နှစ်ခြင်းအသင်းတော်မှ အသင်းတော်လူကြီးများက တာဝန်ယူပြီး သဂြိုလ်ပေးကြောင်း မိသားစုဝင်များကဆိုပါသည်။ 


MATUT HTI NA »

ဆွတ်ငိုင်ယန်ရွာသားများ၏ ပစ္စည်းများ ဗမာစစ်သားများခိုးယူ

ကိုလှဂျာနေအိမ်နှင့် မိသားစုဝင်များ
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဗမာစစ်သားများ အချင်းချင်းမှားယွင်းပစ်ခတ်ရာမှ ရွာထဲသို့ ၀င်လာပြီး နေအိမ်အတွင်း ရှိနေသောအိမ်သားများအားလုံးကို ဆွတ်ငိုင်ယန်တောင်ကုန်းပေါ်သို့ ဓါးစာခံ အဖြစ်ခေါ်ဆောင်သွားပြီးနောက် ကျန်ရှိသော စစ်သားများက ရွာသားများ၏ ပစ္စည်းများကို စိတ်တိုင်းကျ ခိုးယူသွားခြင်းဖြစ်ကြောင်း ပြောကြားလာပါသည်။ အိမ်တိုင်းနီးပါး ၀င်ရောက်ရှာဖွေခြင်းခံရပြီး၊ ၎င်းစစ်သားများ လိုချင်သည့်အရာများကို ယူဆောင်သွားကြောင်း ဒေသခံများကပြောကြားလာပါသည်။ ကိုလှဂျာဆိုသူ၏ နေအိမ်မှ ကျောက်ကြည့်ဓါတ်မီး နှစ်လက်၊ ဖုန်း ၁ လုံး၊ ငွေသား ၇၀၀၀ ကျပ်ပါသွားကြောင်းနှင့် သေတ္တာ၊ ဗီဒိုများအားလုံး မွှေနှောက်ရှာဖွေခြင်းခံခဲ့ရသည်ဟု ၎င်းကိုယ်တိုင်ပြောပြလာပါသည်။

ဦးဒ၀မ်လှဝမ်နေအိမ်နှင့် မိသားစုဝင်များ
ဦးဒ၀မ်လှဝမ် နေအိမ်မှ ဖုန်း ၃လုံး၊ ကျောက်စိမ်း အပွင့်ထုတ်ပြီးသား ၈၀ ပွင့်၊ ထည်လုံးစိမ်း ၁ လုံး၊ ကျောက်ဖြတ်သား ၅ ခု၊ ငွေသား ၁ သိန်းခွဲခိုးယူခြင်းခံခဲ့ရပါသည်။ ဦးဒ၀မ်လှဝမ်အိမ်မှာ အခင်းဖြစ်ပွားသည့် အချိန်တွင် နေအိမ်အား သော့သေချာစွာ ခတ်ထားခဲ့သော်လည်း ဗမာစစ်သားများက သော့များအား သေနတ်ဖြင့် ပစ်ခတ်ပြီးဖွင့်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ အမျိုးသမီးက ပြောပြပါသည်။ ဗမာစစ်သားများသည် ရွာသားများ၏ ပစ္စည်းများကို ခိုးယူသွားသည်သာမက ၎င်းတို့နေအိမ်များကိုလည်း သေနတ်များဖြင့်ပစ်ခတ်ခဲ့ပြီး ပျက်စီးမှုများလည်းရှိကြောင်း ဒေသခံများကပြောကြားလာပါသည်။ “တစ်ရွာလုံးကို တောင်ကုန်းပေါ်ခေါ်ထားမှတော့ ဘာမလည်းမတတ်နိုင်ဘူး၊ ဘာမှလည်းမယူသွားနိုင်ဘူး၊ သူတို့က အိမ်ကို သေနတ်တွေနဲ့ချိန်ပြီး ရှိတဲ့လူအကုန်လုံးကိုခေါ်သွားတာကိုး၊ ည ၆ နာရီကျော်မှ အိမ်ပြန်ရောက်တော့ ပစ္စည်းတွေ မွှေနှောက်ထားတယ်ဆိုတာသိရတယ်၊ ပစ္စည်းလိုက်စစ်ကြည့်တော့မှ ခိုးခံရမှန်းသိတာကိုး” ဟုဒေသခံတစ်ဦးက ရှင်းပြပါသည်။ အချို့မှာ ရွှေငွေ၊ လက်ဝတ်ရတနာများလည်း ခိုးယူခြင်းခံခဲ့ရကြောင်း၊ အချို့မှာ တောင်ကုန်းပေါ် ရောက်မှ ဖုန်းသိမ်းခံခဲ့ရသည်ဟုသိရှိရပါသည်။ ဖုန်းသိမ်းခံခဲ့ရသည့် လူ ၈ ဦးရှိပြီး မည်သူမျှဖုန်းပြန်လည် မရရှိခဲ့ကြပေ။ “အခုဗမာစစ်သားတွေက ပြည်သူတွေဆီက ဓါးပြတိုက်တာဖြစ်သွားပြီ၊ အစိုးရလို့ ဘယ်လို ခေါ်ရတော့မလဲ” ဟု ၎င်းတို့၏ခံစားချက်ကိုပြောပြပါသည်။


MATUT HTI NA »

ဗမာစစ်သားအရက်မူးပြီး ၉ တန်းကျောင်းသူကိုပစ်သတ်

ဗျူဟာကုန်း
စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗမာစစ်တပ်အချင်းချင်း အရက်မူးပြီး မှားယွင်းပစ်ခတ်မှုတွင် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် အသက်ဆုံးရှုံးခဲ့ပါသည်။ မဂျာဆိုင်းအိန်မှာ အခင်းဖြစ်ပွားချိန်တွင် မှော်ဝှမ်း အထက်တန်းကျောင်းမှ နေအိမ်သို့ပြန်အလာတွင် ဗုံးသံကြား၍ မြောင်းထဲဝပ်နေချိန်တွင် အရက် အလွန်အကျွန်မူးနေသော ဗမာစစ်သားက နောက်ကျောမှနေ၍ ခါးတွင် အနီးကပ်ပစ်သတ်လိုက်သည်ဟု အခင်းဖြစ်ပွားသည့်အနီးရှိ ဆွေမျိုးတစ်ဦးက ပြောပြပါသည်။ သူမသည် ဗုံးဆန်ကြောင့်  သေဆုံးခြင်းမဟုတ်ဘဲ နောက်ကျောမှ အနီးကပ်ပစ်ခတ်ခဲ့သော ကျည်ဆန်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုများက ပြောပြပါသည်။ ဖခင်ဖြစ်သူမှာ သမီးဖြစ်သူ ကျည်မှန်ထားသည်ကို သိ၍ စစ်ကြောင်းမှူးအား ဆေးရုံပို့ခွင့် တောင်းရာ စစ်ကြောင်းမှူးက ခွင့်မပြုဘဲ ဖခင်အား ဗျူဟာကုန်းသို့ ခေါ်ဆောင်သွားကြောင်းရင်ထုမနာ ပြောပြပါသည်။ တိုက်ပွဲပြီးနောက် မိခင်နှင့် ဆွေမျိုးများက ဆေးရုံသို့ပို့သော်လည်း ၂ နာရီခွဲခန့် နောက်ကျသွားသဖြင့် ကျည်ဆန်အား အချိန်မှီမထုတ်နိုင်ဘဲ သွေးလွန်၍ သေဆုံးခြင်းဖြစ်ကြောင်း မိသားစုများက ရှင်းပြပါသည်။ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လူမှုကူညီရေးအသင်းများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်အားပေးကာ ငွေကြေး ကူညီရန်လာကြပါသည်။ လူများစည်ကားနေ သည်ကို ဗျူဟာကုန်းမှ သတင်းအမှောင်ချလိုသည့်အပြင်၊ ၎င်းတို့၏ အမှားကို လူအများမသိစေလိုသဖြင့် နေ့လည် ၁ နာရီကျော်ခန့်တွင် စက်သေနတ်များဖြင့် ထို ဆွတ်ငိုင်ရန် ရွာသို့ ဦးတည်ပစ်ခတ်ခဲ့ပါသည်။ ရွာသားများကိုလည်း အချိန်မှီ ရွာမှ ထွက်ခွါရန် ခြိမ်းခြောက်လျှက်ရှိသဖြင့် လူအများအပြား ဖားကန့်ဖက်သို့ထွက်ပြေးတိမ်းရှောင်သွားသဖြင့် မိသားစုဝင်များမှာ ကျောင်းသူလေးကို သဂြိုလ်ရေးကိစ္စ အတွက်အလွန်ဒုက္ခရောက်လျှက်ရှိပါသည်။ ၀မ်းနည်းပူးဆွေးနေသည့် မိသားစုဝင်များကို ထပ်မံ၍ ဒုက္ခပေးနေသဖြင့် ဒေသခံများမှာ အလွန်စိတ်ဆိုးဒေါသထွက်လျှက်ရှိပါသည်။ ယခုအခါ ဖားကန့်ဒေသခံများမှာ ထိုဖြစ်ရပ်အတွက် ဗမာအစိုးရ မည်သို့ လိမ်လည် တင်ပြမည်ကို စောင့်ကြည့်လျှက်ရှိပါသည်။
မဂျာဆိုင်းအိန်
မဂျာဆိုင်းအိန်၏နေအိမ်

မာင်ရှင်းလင်း 
၁၄/၉/၂၀၁၂


MATUT HTI NA »