Slideshow Image 2

ကချင်ကလေး မှ တအာင်းကလေး သို့ ပေးစာ

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်မှာ ကျွန်တော် ရှမ်းမြောက် မူဆယ်မြို့ မှာ KDA အထူးဒေသ (၅) စီးပွားရေး ဌာန မှာ တာဝန် ထမ်းဆောင်နေချိန် ကွတ်ခိုင်မြို့နယ် ပတ်လည်က တအာင်းရွာ အတော်များများကို ရောက်ခဲ့ဖူးတယ် အဲဒီ တအာင်းရွာ ဒေသ အတော်များများမှာ KIA ထိန်းချုပ်ထားတာကအများဆုံးပါ အချို့နေရာမှာက KDA တွေထိန်းချုပ်ထားတယ်။

PSLA ထိန်းချုပ်ထားတဲ့ နေရာဆိုလို့မရှိသလောက်ပါဘဲ အခုဖြစ်ပေါ်နေတဲ့ နယ်မြေအငြင်းပွားမူ့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်လိုက်တဲ့ နောက်ပိုင်းမှ ဖြစ်ပေါ်လာတာပါ ဒါကလည်း PSLA ခေတ်ကမဖြစ်ခဲ့ပါဘူး အခု KIA ပြန်လည်ပြုစုပျိုးထောင်ပေးလိုက်တဲ့ TNLA ပေါ်လာမှဖြစ်လာတဲ့ပြသနာပါ ပြောချင်တာက TNLA အနေနဲ့ နယ်မြေပိုင်ဆိုင်ချင်တာကိုအပြစ်မပြောလိုပါဘူး သို့ သော် ဒီအချိန်မှာ ဒီနယ်မြေအငြင်းပွားရမယ့်အချိန်ခါ မဟုတ်ပါဘူး။
လက်ရှိ TNLA ရဲ့လုပ်ပုံက ငါတို့ တိုက်ယူထားတဲ့ နယ်မြေဖြစ်လို့ ငါတို့ TNLA နဲ့သာ လုံးဝသက်ဆိုင်တယ် ဆိုတဲ့ပုံစံဖြစ်နေတယ် မကြာခဏ ကျွန်တော်ပြောပါတယ် ဒီရှမ်း​မြောက်နယ်မြေအချို့ကို ကချင်ဒူဝါတွေကို ရှမ်းစော်ဘွား တွေကိုယ်တိုင် တရားဝင် နယ်မြေခွဲဝေအုပ်ချုပ်စေခဲ့တဲ့ ကချင်ပိုင် ဆက်စတိတ် သမိုင်းဝင် နယ်မြေတွေဖြစ်တယ်။
တအာင်း ပလောင်တွေ ကို ဘယ်ရှမ်း စော်ဘွားတွေက သမိုင်းဝင် နယ်မြေတွေ ခွဲဝေပေးထားလဲ? သမိုင်းရှိရင်ချပြပါလား တကယ့် ရှမ်းမြေကို နယ်ချဲ့နေတာက TNLA တွေသာဖြစ်တယ် နမ့်ခမ်း ကျောက်မဲ နောင်ချို သီပေါ ဒီမြို့တွေဟာ တအာင်း ပလောင် လူမျိုးတွေရဲ့သမိုင်း တစ်စက်မှ မရှိတဲ့ ရှမ်းပိုင်နယ်မြေတွေကို ပလောင်ပြည်နယ် ဆိုပြီးမတရား ဆွဲထည့်နေတာဟာ နယ်ချဲ့တာမဟုတ်ဘူးလား။
ကျွန်တော် တို့ ကချင် တွေ ရှမ်း​မြောက်မှာ ဘယ်ရှမ်း တွေရဲ့သမိုင်းဝင်မြို့ရွာကိုမှ ဝင်ရောက်ဖျက်စီး နယ်မြေချဲ့ယူခဲ့တာမရှိခဲ့ပါဘူး  ဒီပုံစံအတိုင်းဆက်သွားနေရင် တစ်နေ့ တစ်ချိန် မှာ TNLA တအာင်း ပလောင် တွေသမိုင်းရိုင်းသွားလိမ့်မယ်။
TNLA တအာင်း ပလောင်တွေ နယ်မြေလိုချင်တာအပြစ်မပြောလိုပါဘူး ဒါပေမယ့် ရန်ငြိုး ရန်စ ပုံစံမျိုး နဲ့ ရှမ်းမြေ က ရှမ်း ကချင် ပိုင်နေရာတွေကို မတရား နယ်မြေလုယူနေရင်တော့ ကချင် ချ လို့ မျိုးပြုတ်မလား ရှမ်း ချ လို့ မျိုးပြုတ်မလားမသိဘူး။
ရှမ်းမြောက် မှာ တကယ့် နယ်ခံ သမိုင်းရှင် တွေဟာ ကချင် နဲ့ ရှမ်း လူမျိုးတွေကသာအဓိကကျပါတယ် ရှမ်း နဲ့ ကချင် ရဲ့ထောက်ခံမူ့မရရှိရင် ဘယ်တော့မှ ပလောင် တအာင်း ပြည်နယ် အိပ်မတ်ဖြစ်လာမှာမဟုတ်ဘူး။
နယ်မြေလိုချင်ရင် လက်သီး လက်မောင်းသန်းပြီး နယ်မြေယူရမှာ မဟုတ်ဘူး လက်ရှိ မိမိ ထိန်းချုပ်ထားတဲ့ နယ်မြေကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ပါ ဒေသခံတွေအတွက် ပညာရေး စီးပွားရေး တွေ ဖွံ့ဖြိုးတိုးတက်အောင်ဖော်ဆောင်ပေးပါ။
ဒေသခံတွေအတွက် ကျန်းမာရေး နဲ့ လုံခြုံမူ့တွေကအစ တာဝန်ယူပေးပါ တရားစီရင်မူ့ပိုင်းမှာလေး ရှမ်း ကချင် အပါအဝင်အခြားလူမျိုးအားလုံးကို ကျောသား ရင်သားမခွဲခြားဘဲ မျှမျှတတ တရားစီရင်အုပ်ချုပ်ပါ။
မိမိအုပ်ချုပ်တဲ့ နယ်မြေထဲမှာ ရှိတဲ့ လက်နတ်ကိုင် မဟာမိတ်တွေကိုလည်း ရန်သူလိုမမြင်ဘဲ ကောင်းမွန်တဲ့ မဟာမိတ်ဆက်ဆံရေးကိုတည်ဆောက်ပါ။
အထက်ဖော်ပြတဲ့အချက်တွေကို TNLA တအာင်း ပလောင် ဘက်ကအတတ်နိုင်ဆုံးဖော်ဆောင်လာမယ်ဆိုရင် တအာင်း ပလောင်ပြည်နယ် အိပ်မတ် မတ်ခွင့်တော့ရှိနိုင်တယ်။
 TNLA တအာင်း ပလောင်ထက် အစစ အရာရာ သာနေတဲ့ UWSA ဝ တွေတောင် ယနေ့အထိ ဝ ပြည်နယ်မရသေးဘူးဆိုရင် ကချင် ရှမ်း နဲ့ ပြသနာ ပေါင်းစုံတက်နေတဲ့ TNLA တအာင်း တွေအတွက်တော့ အများကြီးကြိုးစားရဦးမှာပါ။
ပြည်နယ် ကို စစ်ရေး နဲ့ ဆုံးဖြက်တည်ဆောက်လို့မရဘူး နိုင်ငံရေး နဲ့ သာတည်ဆောက်နိုင်တယ်ဆိုတာ TNLA တအာင်း ပလောင်လူမျိုးတွေသိသင့်ပါတယ်။
နယ်မြေ သမိုင်း နိုင်ငံရေး သေချာမသိရင် လေ့လာပါ ပြီး မှ ရေးကြပြောကြပါ မဟုတ်ရင် အမုန်းပွားစရာတွေသာများပြီး လူမျိုးမုန်းတီးမူ့ကိုသာပိုဖြစ်စေပါတယ်။
တိုင်းရင်းသား အားလုံးသည် ညီကို တွေဖြစ်လို့ အပြန်အလှန် ချစ်ခင်ရင်းနှီးမူ့ကိုသာတည်ဆောက်ကြပါလို့ နောက်ဆုံး နိဂုံးချုပ်ပါသည်။
Hkrang Hku Majoi
၅/၃/၂၀၂၅

0 comments:

Post a Comment