Hka Kamai
ယနေ့မနက်ပိုင်း တနိုင်းလမ်းကြောင်း ခွမ်စိုင်ဇွတ်တွင် အစိုးရတပ်စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ ၅ ဦးထက်မနည်းထိခိုက်၊
တနိုင်းဒေသ ဂျာထူဇွတ် တွင်လည်း မနေ့ကနေ ယနေ့ည အချိန်ထိ တိုက်ပွဲဖြစ်ပွားနေသလို အစိုးရတပ်အကူ မန်ပန် စခန်းကနေပေးနေတယ်လို့သိရှိရ၊
ယနေ့ည ၈ နာရီ နန္မတီး ကံလှရွာထဲ အစိုးရ စကခ ၃ တွေ အင်အား ၁၀၀ ခန့် ဖြင့် တပ်လှန့်ထားကြောင်း ဒေသခံ ရှမ်းတွေ သတင်းပေးချက်အရသိရှိရ၊
ရှမ်းမြောက်ဘက် Kachin Sub-state အရှေ့အရပ်က မွမ်ဂို ဖောင်းဆိုင်ဘက် အစိုးရတပ်မ ၉၉ ထိုးစစ်ဆင်လာရာ KIA တပ်မဟာ ၆ တပ်ရင်း ၃၆ ရှေ့တန်း ကင်းစခန်းကို အစိုးရတပ်က ယနေ့ညနေ ၃း၁၅ ထိုးစစ်ဆင်သဖြင့် ခုခံတိုက်ခိုက်ရာ အစိုးရတပ်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်၊
အစိုးရတပ်က ပွဲချင်းပြီး ၄ ဦးသေ ၁၀ ဦးအထက် ထိခိုက်နိုင်ကြောင်း သိရှိရ၊
ဖားကန့် လမ်းကြောင်းပေါအစိုးရတပ် အင်အား ၂၀၀ ကျော် နေရာယူထားနေပါတယ် ကျေးရွာများတွင် ပြည်သူများကို အကာအကွယ် လူသား တံတိုင်းအဖြစ်အသုံးပြုနေပြီး ရွာဝန်းကျင် လက်နက်ကြီး ပစ်ခတ်မှု့များကြောင့် ပြည်သူများ လယ်ယာမဆင်းနိုင်သလို ကျွဲနွားများ လက်နက်ကြီးထိမှန်သေဆုံးနေကြောင်းသိရှိရပါသည်။

0 comments:
Post a Comment