Slideshow Image 2

ONLY KACHIN

ဟောင်လွန်းတဲ့ခွေး - မကိုက်၊
ခြိမ်းလွန်းတဲ့မိုး - မရွာ………….တဲ့။
လိုင်ဇာကို သုံးရက်- အပြတ်၊
ဆယ်ရက်- အပြတ်၊
တလအတွင်း - အပြတ်၊
ရှင်းပစ်မယ် - သိမ်းပိုက်မယ်။
ဘယ်နေ့ဘယ်ရက်၊
လိုင်ဇာမှာ တရုတ်နဲ့၊
နံနက်စော စာ စားကြမယ်။
ပျော်ကြမယ် - ကကြမယ်။
ရွှေပြည်သာ - စစ်ဆင်ရေး၊
အောင်မြင်တော့မယ်။
မြစ်ကြီးနားမှာ - အောင်ပွဲခံမယ်။
ရိုးရာအက - ပြင်ဆင်ထားကြ။
နေပြည်တော်ကလည်း၊
ဗမာအငြိမ့် သဘင်နဲ့၊
သိုက်သိုက် ဝန်းဝန်း၊
ကြွရောက်လို့ လာကြမယ်။
သြော်လေ - တကယ်ပါပဲ၊
KIA  ခုခံနေတာ-
ဆယ့်ငါးလ ကျော်ခဲ့ပြီဗျာ။
အစိုးရစစ်တပ် -
ချီတက်လာ သမျှ၊
ပြန်လမ်းမရှိကြ။
ဟောင်လွန်းတဲ့ခွေး - မကိုက်တတ်။
ခြိမ်းလွန်းတဲ့ မိုး - မရွာတတ်။
ဤ်သဘောသဘာဝကြောင့်၊
ဟောင်လွန်းတဲ့ ခွေးကို-
ကြောက် စရာ မလို။
ခြိမ်းလွန်းတဲ့ မိုး - ထီးမလို။
သို့သော်လည်း-
KIA သည် အမြဲ သတိရှိ၊
ကြောက် စိတ်တွေ- မရှိ၊
စစ်ရေး ပကတိ။
KIA ဘက်မှာ - ဘုရားပါ၊
တိုက်ပွဲတိုင်း အောင်မြင်မှာ---
ဘယ်ရန်သူ လာလာ၊
အင်္ဂလိပ်၊ ဂျပန်တွန်းလှန်ခဲ့တာ၊
မြန်မာ ရာဇာဝင်မှာ -
“Only Kachin” ပါ။

မနေမြေစိန်
၁၄/၉/၂၀၁၂

4 comments:

Anonymous said...

Oh, kadai rai ta?
Ning re ai gasi ga ngau ni hte shagrau chye ai wp sha e.
Grai arawng la nngai yaw.
Wp kia hpe law law sha kawn aw law ga lol.

Manmaw brang

namlap said...

Only kachin KIA hpe shagawp hkri awn ai nang hpe hkungga ai yaw law law ka u
ngunjaw ai law

Myo tsaw said...

Nang grai ram grai byin ai she rai nga.Dai zawn yawng hti chye na matu myen lai ka hte bai ka shagawp2 di u yaw.Grai arawng la nngai.

Anonymous said...

myen ni muhti jang sani si shahkrup ai zawn nga nare.na lai ka hpe grai madi sha daw ai...hpang de mung grai naw ka u yaw

Post a Comment