လေးစားရပါသော၊
ရှေးဦး အာဇာနည်
ဒု-တပ်ကြပ် ဂေါ့မော်ချန်းယိမ်းနှင့်တကွ၊
ရှေ့တန်း စစ်မျက်နှာပြင်တွင်
ဒို့ကချင်ပြည် အတွက်၊ လူမျိုးအတွက်
အသက်ပေး လှူသွားကြသော
မျိုးချစ်ပုဂ္ဂိုလ် အပေါင်းတို့အား၊
ယနေ့ ဆယ့်ခြောက်လပြည့်
အထိမ်းအမှတ် အဖြင့်၊
ဤစာတမ်း လေးနှင့်၊
ဂုဏ်ပြု လိုက်ရပြန်ပါသည်။
အထက် ကောင်းကင်ဘုံ၊
ရွှေပြည်တော်၌ သခင်ယေရှုဘုရား၏၊
ရှေ့မှောက်တွင် အေးချမ်းစွာ အနားယူလျှက်၊
ပြည့်စုံသော ထာဝရငြိမ်းချမ်းခြင်းကို
ရရှိကြပြီဟု ယုံကြည်ကြပါ၏ ။
ထိုမျှမက
ကျန်ရစ်သော ငါတို့သည်၊
စာတန်ကို အရှုံးမပေး၊
ငါတို့ မျှော်မှန်းကြကုန်သော၊
လုံးဝဥသုံ ကချင်ပြည်နှင့်
လူမျိုးတို့၏ လွတ်မြောက်ခြင်းကို၊
အင်တိုက်အားတိုက်၊
စုပေါင်းတိုက်ခိုက်ပြီး
အောင်မြင်မှု ပန်းတိုင်ဆီသို့၊
အောင်လံကို ထူလျှက်၊
ညီညီညာညာ ချီတက်သွားကြမည်ဟု၊
ဤစာတမ်းအားဖြင့် ကတိသစ္စာပြုကြပါ၏ ။
ဤအချိန် ဤအခါ၌၊
ငါတို့ကို အမျိုးပြုတ်တိုက်တော့မည်ဟု၊
အမှန်တကယ် လက်နက်မျိုးစုံသုံး၍ ၊
ကျုံးဝါးခဲ့သူ စာတန်ဘုရင်သည်၊
ကမ္ဘာတကာ လှည့်၍ ၊
သူဖုန်းစား ယောင်ယောင်၊
သူခိုးယောင်ယောင်၊
လိုက်လံ လှည့်စားလျှက်၊
သိက္ခာမဲ့နေပြီ ဖြစ်သတည်း ။
မနောမြေ-စိန်
ရှေးဦး အာဇာနည်
ဒု-တပ်ကြပ် ဂေါ့မော်ချန်းယိမ်းနှင့်တကွ၊
ရှေ့တန်း စစ်မျက်နှာပြင်တွင်
ဒို့ကချင်ပြည် အတွက်၊ လူမျိုးအတွက်
အသက်ပေး လှူသွားကြသော
မျိုးချစ်ပုဂ္ဂိုလ် အပေါင်းတို့အား၊
ယနေ့ ဆယ့်ခြောက်လပြည့်
အထိမ်းအမှတ် အဖြင့်၊
ဤစာတမ်း လေးနှင့်၊
ဂုဏ်ပြု လိုက်ရပြန်ပါသည်။
အထက် ကောင်းကင်ဘုံ၊
ရွှေပြည်တော်၌ သခင်ယေရှုဘုရား၏၊
ရှေ့မှောက်တွင် အေးချမ်းစွာ အနားယူလျှက်၊
ပြည့်စုံသော ထာဝရငြိမ်းချမ်းခြင်းကို
ရရှိကြပြီဟု ယုံကြည်ကြပါ၏ ။
ထိုမျှမက
ကျန်ရစ်သော ငါတို့သည်၊
စာတန်ကို အရှုံးမပေး၊
ငါတို့ မျှော်မှန်းကြကုန်သော၊
လုံးဝဥသုံ ကချင်ပြည်နှင့်
လူမျိုးတို့၏ လွတ်မြောက်ခြင်းကို၊
အင်တိုက်အားတိုက်၊
စုပေါင်းတိုက်ခိုက်ပြီး
အောင်မြင်မှု ပန်းတိုင်ဆီသို့၊
အောင်လံကို ထူလျှက်၊
ညီညီညာညာ ချီတက်သွားကြမည်ဟု၊
ဤစာတမ်းအားဖြင့် ကတိသစ္စာပြုကြပါ၏ ။
ဤအချိန် ဤအခါ၌၊
ငါတို့ကို အမျိုးပြုတ်တိုက်တော့မည်ဟု၊
အမှန်တကယ် လက်နက်မျိုးစုံသုံး၍ ၊
ကျုံးဝါးခဲ့သူ စာတန်ဘုရင်သည်၊
ကမ္ဘာတကာ လှည့်၍ ၊
သူဖုန်းစား ယောင်ယောင်၊
သူခိုးယောင်ယောင်၊
လိုက်လံ လှည့်စားလျှက်၊
သိက္ခာမဲ့နေပြီ ဖြစ်သတည်း ။
မနောမြေ-စိန်
0 comments:
Post a Comment