Slideshow Image 2

နောင်းဆိုင် နှင့် ရွှေအိုက်ကြားတိုက်ပွဲဖြစ်ပွား

အောက်တိုဘာ (၉) အင်္ဂါ
ကချင်ပြည် ကေအိုင်အိုအစိုးရ ကေအိုင်အေ တပ်မဟာ (၄) နယ်မြေဖြစ်သော ရှမ်းပြည်မြောက်ပိုင်း နောင်းဆိုင် - ရွှေအိုက် ကြားတွင် ကေအိုင်အေ တပ်ရင်း (၃၆) မှ မျိုးချစ်ရဲဘော်များနှင့် စစ်အစိုးရ စစ်တပ်များ အောက်တိုဘာ (၈) ရက် မနက် (၉း၃၀) နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတိုက်ပွဲတွင် စစ်အစိုးရဘက်မှ (၂) ဦးသေဆုံးပြီး၊ (၃) ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ဒဏ်ရာရရှိသော စစ်အစိုးရစစ်သားများကို ည (၁၁း၀၀) နာရီအချိန်တွင် မူဆယ် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်းနှင့် ဒုတပ်ရင်မှူး အောင်နိုင်ဦးမှာ ဆေးရုံရောက်ပြီး သေဆုံးသွားကြောင်းလည်း သတင်းရရှိပါသည်။ ဆက်လက်ပြီး မနက် (၂း၀၀) နာရီအချိန်ခန့်တွင် ဖိုင်ကောင် အနီး ရေပူစမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆက်လက် သတင်းရရှိပါသည်။ ယခုအခါ လူဝတ်လှဲ စစ်အစိုးရသည် ကေအိုင်အိုနယ်မြေများသို့ စစ်အင်းအားများ အလွန်အကျွံ တို့ချဲ့ချထား လျက်ရှိကြောင်း ကိုလည်း သိရရှိရပါသည်။

There was a battle between KIA  battalion (36) and Government’s troop in the between  Nawng Sai and Shwe Eik,  which is (4th) brigade area Northern Shan State, at 9:30 PM on October 8th, according to the KIA front-line report. (2) Burmese soldiers were killed and (3) wounded, at 11:00 PM the wounded soldiers have been sent back to Muse Government’s hospital, but the second battalion commander Aung Naing Oo died at the hospital. Moreover, there was another battle in Hpai Kawng, near the hot spring at 2:00 AM, according to the KIA front-line report, no detail is coming yet. Now, the dressing change Government from Junta sends Burmese huge troops to the KIA controlled areas.

0 comments:

Post a Comment