Slideshow Image 2

ဖားကန့် အစိုးရ ဗျူဟာကုန်းမှ လူနေရပ်ကွက်များသို့ လက်နက်ကြီးမှားဖြင့်ပစ်ခတ်

နိုဝင်ဘာလ (၂) သောကြာ
နိုဝင်ဘာလ (၂) ရက်နေ့ တွင် ဖားကန့်အခြေစိုက် ဗမာအစိုးရ ဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် ဗလခ လူနေရပ်ကွက်များသို့ ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ၃ ဦးဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ အလွန် စိုးရိမ်ရသော အခြေအနေတွင်ရှိနေပါသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြီးသည့် နောက် ပထမဆုံး အစိုးရတပ်များ၏ လူထုအားရည်ရွယ်၍ ပစ်ခတ်မှုလည်းဖြစ်ပါသည်။ ဖားကန့်ဒေသတွင် အစိုးရတပ်များသည် KIA တပ်များထက် ပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ ယခုနှင့် ငါးကြိမ်မြောက်ဖြစ်ပါသည်။ ယနေ့ ဗမာအစိုးရဖက်မှ လက်နက်ကြီးများ အလုံး ၂၀ ခန့်ပစ်ခတ်ခဲ့သော်လည်း KIA ဖက်မှ ယခုအချိန်အထိပြန်လည် တိုက်ခိုက်ခြင်းမရှိသေးပေ။ ပစ်ခတ်မှုများသည် KIA တပ်ဖွဲ့များတပ်စွဲထားရာ မော်မောကုန်း၊ ဆိုင်းဂျာဘွန်၊ လမောင်ကုန်းများနှင့် ၃ မိုင် ၄ မိုင်ခန့်ကွာဝေးသော ဗလခမှော်၊ သဌေးဂျောင်မှော် စသည့် ကချင်များအနေများသည့် ရပ်ကွက်များသို့ အများဆုံးကျရောက်ပေါက်ကွဲခဲ့ပါသည်။ သို့ဖြစ်၍ ဗမာအစိုးရအနေဖြင့် KIA အားတိုက်ခိုက်သည်ဟု ဆိုသောအရာအတွက်   မေးခွန်းများမေးစရာဖြစ် လာပါသည်။ ဗလခ ဒေသခံတစ်ဦးက “ဒါက အပြစ်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခြင်း ပဲဖြစ်ပါတယ်၊ စစ်သား စစ်သားချင်း၊ သေနတ် သေနတ်ချင်း တိုက်ခိုက်ကြတာကို ဘာမှမပြောလိုပါဘူး၊ ဒါပေမဲ့ အခုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်လာတာကိုတော့ ရှုတ်ချပါတယ်။ ဒါက သူပုန်လုပ်ရပ်ပါ။” ဟုသူ၏အမြင်ကိုပြောပြပါသည်။ ယခုအခါ ဖားကန့်ဒေသခံအများစုမှာ ဗမာအစိုးရ၏ လုပ်ရပ်အပေါ် ခံပြင်းလျှက်ရှိပါသည်။ ဒဏ်ရာရရှိသူများကိုလည်း နိုင်ငံရေးပါတီများနှင့် အသင်းတော်မှ တာဝန်ရှိသူများက အလှူငွေများပေးအပ်ကူညီလျှက်ရှိသည်ဟု ဒဏ်ရာရရှိသူများ၏ မိသားစုဝင်များ က ပြောပြပါသည်။

Burmese Government, which is based on Hpa Kant military tactic hill opened fire with heavy artillery weapon to  BaLaHka Jame mine civilians on 2nd November, according to KIA-front line officer report. In that incident,  (3) civilian were injured, one person was seriously condition.  Actually, these firing were the first time to shoot the civilians after peace talk with Government and this became totally five times to shoot the civilians with heavy artillery weapons. Anyhow, KIA didn’t refight to the Burmese army even those the Burmese army fired over 20 times. The Government aimed to shoot intentionally to the Kachin ethnic civilians’ quarter which is (4) miles far away from KIA areas of Maw Mau hill, Seng Ja Mountain and La Mawng hill. “Actually, the government army shoot intentionally to our innocent civilians, we don’t’ want to say their fighting soldiers to soldiers and weapons to weapons, but we condemn the Government fighting to the civilians, these are like insurgent action,” said one of the BaLaHka civilians.  Now, the civilians feel angry and bitterness on the Burmese Government army’s firing. And the churches and some parties helped the wounded civilians.

6 comments:

Anonymous said...

ဗမာအစိုးရသည်ကချင်ပြည်သူများကိုပစ်မှတ်ထားပြီးတိုက်ခိုက်ချင်းသည် ကချင်ပြည်သူလူထုတစ်ရပ်လုံးကိုစိန်ခေါ်နေချင်းဖြစ်သည်။KIA,KIO၏ငြိမ်းချမ်းရေးလိုလားမုအပေါ်အနိုင်လိုချင်တဲ့ဗမာစစ်တပ်၏အောက်တန်းအကြဆုးံလုပ်ရပ်တစ်ခုဖြစ်ပေသည်။ကမ္ဘာ့နိုင်ငံအသီးသီးမှာလေ့လာကြည့်ပါဘယ်နိုင်ငံမှအပြစ်မဲ့ပြည်သူလူထုမတိုက်ခိုက်ဘူး။ကချင်ပြည်သူများအနေဖြင့်လည်းစဉ်စားသုးံသပ်ပြီးပါကိုသိသိကျကျလုပ်ရင်ကောင်းမယ်ဆိုတဲ့ဆုးံဖြတ်ချက်ကိုဆုးံဖြတ်စေချင်ပါတယ်။ဥဗမာ-KIO,KIAနှင့်ဗမာအစိုးရ၏ပြန်လည်ငြိမ်းချမ်းရေးကိုလိုလားသလား(ဒါမှမဟုတ်)ကိုယ့်ပြည်ကိုယ့်နယ်ကိုလိုလားသလားဆိုတာပေါ့။

Anonymous said...

ဗမာလူမျိုးတွေကဘယ်လောက်ရာထူးရှိရှိ၊ငွေဘယ်လောက်ရှိရှိ သူတို့ရဲ့ဗီဇကိုက ကလိမ်ကကျစ် ပါပီသာ။

christopher said...

KIO တွေသည်းခံနေတာလွန်နေပြီ၊ဒါတွေကအနိုင်ကျင့်တာပဲ။သတ္တိရှိရင်ရှေ့တန်းသွားပါလား ပြည်သူကိုလိုက်နိုပ်ဆက်တာတော့ ဗမာ ဆုပ်ပဲ။

padang yesu said...

W P mungdan hta lagu shang nga nna mung shawa hpe sinyam ten shagu jaw nga ai banau myen hpyen mahkra hpe la jang gun kau gawt kau saga.aw aw nga na yu mau nga na ten nre sai.

အသက်ရှင်တော်မူသောဘုရား၏သား said...

ကလိန်ကကျစ်ဗမာစစ်သား အစိုးရများ လူမျိုးခွဲခြား သော အစိုးရ ငြိမ်းချမ်းရေးမလိုချင်သော အစိုးရ ကချင်လူမျိုး များကို အမျိုးပြုတ်အောင် လုပ်ချင်သော ရည်ရွယ်ချက်ရှိ သော ဗမာအစိုးရ ဖန်ဆင်းရှင်ဘုရား ဘုရားတကာထက် ဘုရား ထဝရဘုရားရှင်ရှိတာ ကိုမသိကြဘူး အသက်ရှင် တော်မူသောဘုရားက သက်တို့ကို ဒဏ်ခပ်လိမ့်မည် ကျွန် တော်တို့ ကချင်လူမျိုးများ KIA/KIO ကမင်းတို့ကို တိုက်မှာ မဟုတ်ဘူး ထာဝရဘုရားက မင်းတို့ကို အမြစ် ပြတ် ဒဏ်ခတ်မည် ကြည့်ထားတစ်ကယ်ကို စောင့်ကြည့် ထာနော်။

Anonymous said...

Nov 3,2012 shani na hugawng shi ga hta 'Ning tawn ai share shagan'nga ai gabaw hte Zin Htung Naw Awng hpe shakawn shagrau ai shi ga mu hti ga ai.shagrau ai gaw gaja ai lam re.rai tim seng ang ai ni hpe ga san san mayu ai. Hpa rai na dai shara kaw M hpyen ni hpung hte hpung lung wa ai hpe shi langai sha hkap gap ra ai kun?ngu ai ga san re.laga myu tsaw hpyen la nga ai ni gaw gara kaw du taw ai.hpa rai na shi langai sha dai kaw du taw ai nchye na ai.KIO/KIA hpyen la nlaw na kun?gade nlaw ai nga tim dap langai,ahkyak ai shara langai kaw hpyen ma langai sha lu tawn da na tai hpyen hpe hkap gap ra ai ngu ai madang gaw nbyin gying ai.Rawt malan hkrun lam aten hta du daw sai hkaw ai lam nga gying ai hpe chye na ga ai.rai tim nbyin gying ai hpe gaw n-shabyin, nsi ra ai kaw gaw majoi n-si hkra gaw shim lam hkrak lu jaw ra ai ngu mu ai. KIO/KIA kaw marai langai sha ning hkap gap ra na daram masha nlaw ai gaw nre ai lam hpe mung mu chye da ga ai.ndai shi ga hpe mu hti ai shaloi shagrau da ai lam ni hpe majoi sha hti shalai madat shalai yang gaw madat mung pyaw nga ai.arawng mung la n-ngai.Tim teng sha sawn yu yang gaw lahta na salang ni up hkang ai lam hta gawng kya ai lam hpe mu lu ai majaw 'Ning Tawn ai share shagan Zin Htung Naw Awng' hpe nja nhpra let ndai lai ka hpe ka dat ai re.Gyin jaw salang ni KK kaw nyan hpa ji hpyi let hkrak ai zai ladat ni hte shawng de shanang sa wa lu mu ga kyu hpyi dat ai.

Hkam sha let,
Myu tsaw shayi

Post a Comment