Slideshow Image 2

ဗမာစစ် အပြစ်မဲ့ပြည်သူများကို ချိန်ရွယ် ပစ်ခတ်

ဇန်န၀ါရီ (၁၅) အင်္ဂါ
၂၀၁၃ ဇန်န၀ါရီ ၁၄ ရက် နံနက် ၈ နာရီ ခန့်တွင် အစိုးရ တပ်မတော်မှ ပစ်ခေတ်သော သေနတ် ကြီး ၁၀၅ မမ ကြောင့် လိုင်ဇာမြို့ရှိ ခါကျန့်ရပ်ကွပ်တွင် ၂ ကြိမ် ကြရောက်ကာ   လိုင်ဇာမြို့ရှိ အမှတ်(၃) စစ်ဘေးဒုက္ခသည် စခန်း စစ်ဘေးဒုက္ခသည် ၂ ဦးနှင့် ၉ တန်း ကျောင်းသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာ ရရှိခဲ့သည်။

“အခုလို KIA နှင့် အစိုးရ တွေ ကြားက ဖြစ်တဲ့စစ်ပွဲကြောင်း ကျွန်တော်တို့ ကြားမှာ နေတဲ့ ပြည်သူတွေ နေရတော်တော်ခက်တယ်။ အဓိက ဒီမှာ က စစ်ဘေး ရှောင်လာသူများတယ်။ အများပိုင်းလည်း ကျောင်းသား တွေ များတယ်။ အခုလို အစိုးရ တွေ လည်း ဒီ လိုင်ဇာမြို့ကို ချိန်ပြီး ပစ်နေပြီဆိုတော့ စစ်ရှောင်ပြီး လာနေသူများလည်း တော်တော်ကို စိုးရိမ်နေကြပြီ။ ဒီနေ့မနက်ဖြစ်သွားတာ လည်းကျွန်တော်တို့ ကျောင်းသားတစ် ယောက်ပါသွားတယ်။သူ့မိဘတွေ အတွက်တော့ စိတ်မကောင်းစရာပဲ။ အခုလိုသာ ဆက်ဖြစ်နေရင် လိုင်ဇာမြို့မှ ရှိတဲ့ ဒေသခံ တွေ သာမက ကျောင်းသား များ စစ်ဘေးဒုက္ခသည်များ အားလုံးအတွက် လုံခြုံမှုလုံးဝ မရှိဘူး။” လိုင်ဇာ အထက ကျောင်း ကျောင်းဆရာ ကို ဖော်လန်း က ဆိုသည်။

ပထမဆုံးကျ သည့် ကျည်ဆံကြောင့် သင်ထောက် ဦးမလန်ယော်ထုန်(အသက် ၇၆နှစ်) နှင့် ဦးအင်ခွမ်ဘောက်နော် (အသက် ၄၆နှစ်) တို့သေဆုံးခဲ့ပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ နောက် တစ်လုံး ကျသည့် ကျည်ဆံ ကြောင့် ၉ တန်း ကျောင်းသား မောင်ဖောင်ယူး ဒွဲအောင် သေဆုံးရခြင်းဖြစ်သည်။ ဒဏ်ရာ ရရှိသူများကို မှု တရုတ်ပြည် မန်ရှီ မြို့ရှိ ဆေးရုံးသို့ ပို့ဆောင်ခဲ့သည်။
“စစ်ပွဲအမြန်ပြီးရပ်ပါစေလို့တော့ အရမ်းကို မျော်လင့်နေတယ်။ အခုလိုသာ ဆက်ဖြစ်နေရင် စစ်ဘေးဒုက္ခသည်တွေ တကယ်ကိုခံစားရတယ်။ သေနတ်သံတစ်ချက်ကြားတိုင်း ရင်ဘတ်ထဲမှာ ဒုတ်ဒုတ် ဆိုပြီး အရန်းခံစားရတယ်။” ဟု လိုင်ဇာရှိ စစ်ဘေးဒုက္ခတစ်ဦးဖြစ်သူ အသက် ၆၀ အရွယ်ရှိ ဒေါ်ယော်နမ် က ဆိုသည်။

ဒီဇင်ဘာလမှ စပြီး လိုင်ဇာမြို့သို့ ချိန်ပြီး ပြစ်ခတ်လျှက်ရှိပြီး ဒီနေ့မနက်မှာ ပထမဆုံးအကြိမ် လိုင်ဇာမြို့သို့ကျရောက်ခြင်းဖြစ်သည်။ ၁၄ ရက်နံ နက် ၁၀ နာရီ မနစ် ၃၀ တွင် တစ်ကြိမ် ၁၁ နာရီတွင် တစ်ကြိမ် လိုင်ဇာမြို့အနီးသို့ ဆက်တိုက် ပစ်ခတ်ခဲ့သည်။

At 08:00 AM on the morning of 14th January 2013, the Burmese Government troops shelled with 105 MM artillery weapons to Laiza.  Two shells were exploded in to the Hka Chyang quarter, Laiza, KIA head quarter. In such shelling, two civilian refugees, they are from No. 2 refugee camp, were died, (1) nine standard student was killed and (4) women were injured. 

“It is very hard to live for our civilians in between KIA and Burmese Government troops battles. Actually, there are many of war refugees in here and most are students. We are so scared because the Burmese Government aim to shoot Laiza and this morning one of my students was killed by the Burmese army shelling. It is very sad event for the parent. If it is happened continuously, there is no security for us in here,” said teacher Hpaw Lang.   

Deacon Mr. Malang Yaw Htung ( 76 years ) and Mr. Nhkum Bawk Naw ( 46 years ) were killed and (4) women were injured with the first shelling, continuously Hpau Yu Doi Awng, who is nine standard student, was killed by the second shelling. All the injured were sent to Mang Shi hospital (China). “We hope to finish the battle faster, we feel seriously for that battle. When we hear the gun shot, our heart’s beats become chaos,” said Mrs. Yaw Nam, one of the refugee from Laiza. 

These shelling were the first time to hit the Laiza from firing since December last year. The Burmese Government troops fired continuously at 10:30 AM and 11:00 AM on 14th January, 2013.


1 comments:

Unknown said...

Burmese army is like Dog.

Post a Comment