Slideshow Image 2

KIA မှ ဖမ်းမိထားတဲ့ အစိုးရစစ်သား စစ်သုံ့ပန်းတွေကို ပြန်လွှတ်

ဇန်န၀ါရီ (၁၄) တနင်္လာ
စစ်ပွဲအတွင်း KIA အစိုးရမှ ဖမ်းမိထားသည့် အစိုးရ တပ်မတော် တပ်သား များ အယောက် ၂၃ ယောက်အား ၂၀၁၃ ဇန်န၀ါရီ ၁၃ ရက်နေ့ တွင် KIA မှကိုယ်ဒေသကိုယ် ပြန်နိုင်အောင် တရားဝင် ပြန်လွှတ်ပေးသည့် အခမ်းအနားကျင့်ပခဲ့သည်။

 “အခုခင်ဗျားတို့ ဒီမှာရောက်နေတာ တော်တော်ကြာပြီ။ အဲလို ကြာလာသည် နှင့်အမျှ ကျွန်တော်တို့ ခင်ဗျားတို့ကို ပြန် အပ်ဖို့နည်းအမျိုးနဲ့ ကြိုးစားတယ်။ ကြားက အဖွဲ့အစည်းတွေနှင့် ပြန်အပ်ဖို့လည်းကြိုးစားတယ်။ အခုနောက်ဆုံး ဒီ ၈၈ ကျောင်းသားအဖွဲ့ ကကိုမြအေးတို့ ခင်ဗျားတို့ကို ၂ ကြိမ်လောက်လာတွေ့ပြီးပြီထင် တယ်။ ကိုမြအေးတို့က နေတဆင့် ပြန်အပ်ဖို့ကြိုးစားတယ် ဒါပေမဲ့ လက်ရှိအစိုးရ က ခင်ဗျားတို့ကိုလက်ခံဖို့ မပြောလာဘူး။ လက်မခံနိုင်တဲ့အနေအထားဖြစ်နေတယ်။ ကိုမြအေးတို့ကနေ တဆင့်ပြန်ကြားရတာတော့ ခင်ဗျားတို့ဟာ တပ်မတော်သားတွေ မဟုတ်ဘူး။ တပ်မတော်ကနေ ခွင့်မဲ့ ထွက်ပြေးလာတဲ့တပ်ပြေးတွေ ဖြစ်တယ်ဆိုပြီး တပ်မတော်က နေ ဘယ်လိုမှ လက်မခံနိုင်ဘူး။ သုံ့ပန်း မဟုတ်ဘူး ငြင်းပေးတဲ့သဘောရှိတယ်။” ဟု KIA ဗိုလ်ကြီး ဦးဇော်တောင် က အဆိုပါးအခမ်းအနားတွင်ပြောကြားခဲ့သည်။

စစ်သုံ့ပန်း ၂၅ ရောက်တွင် ကလေးစစ်သား ၈ ယောက်ပါရှိသည်။ အဆိုပါ ကလေး စစ်သား ၈ ယောက်ကို မူ ILO (International Labor Organization) မှ တဆင့် ကိုယ့်အိမ်ကိုယ် ပြန်ပို့ပေးမည်      ဖြစ်ကြောင်း အခြား စစ်သုံ့ပန်း ၁၅ ယောက်ကိုမှု KIA မှ ပို့နိုင်သည့် နေရာအထိ လိုက်ပို့ပေးမည် ဖြစ်ကြောင်း ကျန်ရှိသေးသည့် ခရီးကိုမှု မိမိနေရပ်ဒေသ ကို ပြန်ချင်တဲ့လူတွေ ပြန်နိုင်ကြောင်း မပြန်ချင်ရင် မိမိသဘောအတိုင်း ကြိုက်နှစ်သက်ရာကို ခရီးဆက်နိုင်ကြောင်း လမ်းခရီးအားလုံးကို လည်း KIA မှ ထုတ်ပေးမည် ဖြစ်ကြောင်း ဗိုလ်ကြီးဦး ဇော်တောင် က ဆက်လက် ပြောဆိုသည်။

“ကျွန်တော်ဒီမှာနေတာ ၁ နှစ်နှင့် ၁ လရှိပြီ။ ကျွန်တော်က ၁၆ နှစ်ကတည်းကနေ စစ်တပ်ထဲဝင်တာ  ကလေးစစ်သားထဲမှာပါတယ်။ အိမ်ပြန်ရမယ်ဆိုတော့ တကယ်ပျော်တယ် စိတ်ထည်မှာ မပြောတတ်လောက်အောင် ပျော်တယ်။  အိမ်မပြန်ရတာ ၄ နှစ် ၅ နှစ်ရှိပြီ။ ကျွန်တော်ဘာမှ မသိပဲ စစ်တိုက်ခဲ့တာတွေကို တကယ်ကို စိတ်မကောင်းဘူး။  အခုလို ကောင်းကောင်း ပြန်လွှတ်ပေးခဲ့တဲ့ KIA အစိုးရကို တကယ်ကို ကျေးဇူးတင်တယ်။ သူတို့လိုချင်တဲ့ ငြိမ်းချမ်းရေးလည်း အမြန်ရပါစေလို့ ဆုတောင်ပေးတယ်။” ဟု စစ်သုံ့ပန်း မှ ကို ချစ်ဦးနိုင်က ဆိုသည်။

14 comments:

Unknown said...

တကယ်ဂုဏ်ယူပါတယ်

Unknown said...

သဘောထားကြီးကြတယ်

Unknown said...

ကောင်းသောအလုပ်ဖြစ်တယ် ခရစ်တော်၏တရားတော်ကိုလိုက်နာခြင်းပါပဲ ခရစ်တော်ပြောထားခဲ့တယ် ရန်သူကိုချစ်ပါ တဲ့ 

Unknown said...

ဗမာစစ်တပ် ရှက်တတ်ရင်လဲသေဖို့ကောင်းတယ် မင်းတို့ကအစိုးရလုပ်ဖို့မထိုက်တန်ဘုး အာဏာအားကိုးနဲ့သာအစိုးရလုပ်နေတာပါ KIO KIA မှတကယ့်အစိုးရပါ

Unknown said...

yes, that's goog. our KIA got kind heart.

Unknown said...

You are all of the king of the world be army.

Unknown said...

God bless a lot of KIA,KIO

Unknown said...

ကောင်းပါတယ်အခုလိုစိတ်ထားကောင်းမွန်တဲ့လုပ်ရပ်မျိုးဟာအတုယူသင့်တယ်

Unknown said...

KIAကလွတ်ပေးတဲ့အတွက်ကျေးဇူးပါဒါပေမယ်မပျော်နိင်ပါဘူးကိုယ့်ရပ်ကိုယ့်ရွာပြန်ရောက်ရင်ရင်ဆိုင်ရမယ့်ပျက်သနာကမတော်ရင်အသက်ပါပေးဆပ်နေရအုန်းမယ်ရန်သူသတ်လို့မသေပေမယ့်ကိုယ့်အချင်ချင်ကိုပိုကြောက်မိပါတယ်အခုတော့ဘယ်သွားလို့ဘယ်လာရမှန်းတောင်မသိတဲ့ဘဝမျိုးပါအထက်အမိန့်အတိုင်းနာခံပြီးစစ်ပွဲးမှာအဖမ်းခံရသော်လည်းစစ်ပြေးတွေဆိုပြီးစွပ်စွဲးခံရအုန်းမယ့်ဘဝ ဟင်းဟင်းမြန်မာကဗမာစစ်တပ်ရဲ့စစ်သားဘဝစာနာမှူလုံးဝကင်းတဲ့ဘဝပါ

Unknown said...

ပြန်လွှတ်တာကငရဲပို့သလိုဖြစ်နေမယ်။စစ်ခေါင်းဆောင် ပိုင်းက ကောင်းတဲ့လူနဲတယ်။က လေးစစ်သားအမှန်ဆိုရင် ILO က နေတရားစွဲလို့ရ အောင် ကူညီပေးလိုက်။နိုင် ငံတကာသိအောင်ကြေငြာလိုက်။သိန်းစိန်အစိုးရကယုံကြည် ရတာမဟုတ်ဘူး။အခုလဲလူလိမ် ရဲထွဋ် ကိုပြောရေးဆိုခွင့်ခန့်ထားတယ်။သမ္မတက ထိုးစစ် ရပ်ဆိုရင် ဦးစီးချုပ်ကဆက်တိုက်တယ်။ရဲထွဋ်က ထိုးစစ်မဟုတ်ဘူး ကိုယ့်တပ်ကိုကာကွယ်တာ။လေယာဉ်မသုံးဘူး ဝေဟင် က နေ နေရာကြည့်ပြီး၁၀၅/၁၂၀ မမ တွေနဲ့ဘဲပစ်တာ။လူလိမ်တွေအုပ်ချုပ်သ၍တိုင်းပြည်တိုးတက်မှာမဟုတ်ဘူး။KIA လည်းရထားလမ်းမိုင်းမခွဲသင့်ဘူး။လေယာဉ်/ရဟတ်ယာဉ်တွေကိုထိအောင် ပစ်။တိုင်းရင်းသားအခွင့်အ ရေးကိုစည်းလုံးစွာနဲ့တောင်းဆို။

Unknown said...

ပြန်လွှတ်တာကငရဲပို့သလိုဖြစ်နေမယ်။စစ်ခေါင်းဆောင် ပိုင်းက ကောင်းတဲ့လူနဲတယ်။က လေးစစ်သားအမှန်ဆိုရင် ILO က နေတရားစွဲလို့ရ အောင် ကူညီပေးလိုက်။နိုင် ငံတကာသိအောင်ကြေငြာလိုက်။သိန်းစိန်အစိုးရကယုံကြည် ရတာမဟုတ်ဘူး။အခုလဲလူလိမ် ရဲထွဋ် ကိုပြောရေးဆိုခွင့်ခန့်ထားတယ်။သမ္မတက ထိုးစစ် ရပ်ဆိုရင် ဦးစီးချုပ်ကဆက်တိုက်တယ်။ရဲထွဋ်က ထိုးစစ်မဟုတ်ဘူး ကိုယ့်တပ်ကိုကာကွယ်တာ။လေယာဉ်မသုံးဘူး ဝေဟင် က နေ နေရာကြည့်ပြီး၁၀၅/၁၂၀ မမ တွေနဲ့ဘဲပစ်တာ။လူလိမ်တွေအုပ်ချုပ်သ၍တိုင်းပြည်တိုးတက်မှာမဟုတ်ဘူး။KIA လည်းရထားလမ်းမိုင်းမခွဲသင့်ဘူး။လေယာဉ်/ရဟတ်ယာဉ်တွေကိုထိအောင် ပစ်။တိုင်းရင်းသားအခွင့်အ ရေးကိုစည်းလုံးစွာနဲ့တောင်းဆို။

Numega said...
This comment has been removed by the author.
christopher said...

Mau ai mau ai Tinang hpe sat wa ai satan hpe masant bai dum taw mu.a nya si mu. dai ram marai 30 hpe lu rim ai ngu loi ai nre.dai zawn re a majaw re KIA hpe n gun nkam jaw ai. dai majaw myen ga hku gaw LEE BELL ngu ai.

thanntawsint said...

rigth

Post a Comment