Slideshow Image 2

ဝမရှိပဲ ဝိလုပ်တဲ့သူတွေ

ကာချုပ်ကိုယ်တိုင် စီမံနေတာတောင် စစ်သားတွေ  ထမင်းမဝတာ ဘာလုပ်ပေးရမှာလဲ။  ဘတ်ဂျက်လဲ သူတို့တင်သလောက်ရတာပဲ။ 
နိုင်ငံရေးလဲ သူတို့ဝင်ပါတာပဲ။ ဦးပိုင်လဲ သူတို့ပိုင်တာပဲ။ ပြည်သူတွေ ဘာလုပ်ပေးရဦးမလဲ။ ပြည်သူအများစုက  စစ်တပ်ကိုဘုန်းကြီးတွေလို ဆွမ်းပို့ပေးရဦးမှာလား။  စစ်ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက် ဆင်းရဲနေလဲ။ သူတို့လုပ်ဖော်ကိုင်ဖက် အောက်လက်ငယ်သားတောင်  သူတို့မသနားပဲ သူတို့ အခွင့်ထူးခံနေတာ ပြည်သူ့တာဝန်ပဲလား။

ကျနော်ထင်တာတော့ စစ်မှုမထမ်းမနေရထက်  လက်ရှိစစ်သားလျှော့သင့်တယ်။  အရည်တွက်ထက် အရည်ချင်း လိုတယ်။ မြန်မာထက်ကြီးတဲ့အော်စီတောင် စစ်သား ၈၀၀၀၀ ပဲ မြန်မာပြည်က လေးသိန်းငါးသိန်းတောင်။ လေးငါးသိန်း ရှိတာတောင် ဝတောင် နိုင်တာ မဟုတ်ဘူး။ နိုင်ငံရေးဝင်မလုပ်ပဲ ကိုယ့်နေရာကိုနေရင် ထမင်းဝလာပါမယ်။  ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာ ဒီလောက်လူအများကြီးကို ကျွေးထားတာ ဝန်ထုပ်ဝန်ပိုးပဲ။ ဘုန်းကြီးတွေလဲ ၅သိန်းလောက်ရှိတယ်။ ဘာသာရေးစော်ကားတာ မဟုတ်ပါ။ လုပ်စားတဲ့ ဘုန်းကြီးတွေအများကြီး  သာသနာ သန့်အောင်လုပ်သင့်တယ်။ ကျနော်မြင်ဖူးတဲ့ ရွာတွေမှာဆို  ဘုန်းကြီးတွေ ငွေတိုးတောင် ချသေးတယ်။ ကားဆိုလဲ  ခင်ညွန့်လက်ထက်ထဲက နယ်စပ်ကလာတဲ့ without ကားအကောင်းစားတွေ  4wheels driveတွေ ခုထိပဲ။ လူတွေမှာ ပိုက်ဆံပိုတာနဲ့ အလှူကြီးပေးတာနဲ့  အိမ်နီးချင်း နိုင်ငံကျွန်ခံရပြန်ရော။ တကယ်ပြောတာ။ စစ်တပ်ရော ဘာသာရေးကောနှိပ်စက်တော့ ပြည်သူတွေ မွဲကုန်တာ။  ကိုယ့်အလုပ်ကို လုပ်ရင် ဘာပြသနာမှ တက်မှာမဟုတ်ဘူး။ နိုင်ငံချမ်းသာနေရင် စစ်မှုမထမ်းမနေရ လုပ်တာ သဘာဝကျပါတယ်။ ဒီလောက်မွဲနေတာ စစ်မှုမထမ်းမနေရဆိုတော့ ရီစရာပဲ။  အဲလိုဖြစ်ချင်ရင် ချမ်းသာအောင် အရင်လုပ်ကြပါဦး။  ဝမရှိပဲ ဝိလုပ်တာ ငတ်ရုံပဲရှိမယ်။

ကောင်ဆိုးလေး

1 comments:

Unknown said...

ဗမာဖက်ဆစ်လက်နက်ကိုင် စစ်အုပ်စုအား လူစကားပြေားလျင်၊ဘယ်တော့မှ၊နားလည်မှာမဟုတ်ဘူး၊
နယ်ချဲ့ဗမာစစ်အုပ်စုအား၊လက်နက်ကိုင်တော်လှန်နေကြသော၊တိုင်ရင်သားတိုင်း၊မိမိနေမြေ၊မိမိလူမီူးအနာ
ဂတ်လှပဖို့တွက်၊စည်းလုံးညီညွတ်သော၊အမျော်အမြင်ရှိသော၊မိမိတို့တပ်မတော်၊အမြန်ဆုံး၊တည်ဆောက်
ကြပါ၊တိုင်ရင်းသားများလိုချင်သော၊စစ်မှန်သောငြိမ်းချမ်းရေး၊စုပေါင်းတိုက်ယူကြပါ။တခြားနည်းလမ်းလုံး
ဝမရှိ။

Post a Comment