Slideshow Image 2

ကေအိုင်အေတပ်ရင်း (၁၂) ဂေါင်လွေအရပ်တွင် တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၁၂) နယ်မြေဖြစ်သော ဗန်းမော်ခရိုင် နမ့်လင်းပါ အနောက်ဘက် (၆) မိုင်အကွာ ရှိ ဂေါင်လွေအရပ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ နိုင်ဝင်ဘာ (၆) ရက်မနက် (၉း၀၀) နာရီအချိန်မှစပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေတပ်ရင်း (၁၂) မှ ဗိုလ်ကြီးအင်ခွန်တန် (Black Jade) ဦးဆောင်သော တပ်များနှင့် ဗမာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရမှ ဤဒေသသို့ သစ်မှောင်ခို နှိပ်နှင်းရေး အကြောင်းပြကာ ဗမာစစ်တပ်အင်အား အများအပြား ပို့ထားသောကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ရှေ့တန်းသတင်းအရ သိရှိရပါသည်။

1 comments:

Aims: said...

ဗမာတိုင်းရင်းသားကြီးစိုးတဲ့ ဗမာ့တပ်မတော်၊ ဗမာအစိုးရ ကို သက်ဆိုးရှည်အောင် လုပ်နေသော သူများတွင် ဗမာတိုင်းရင်းသားများ မပါဝင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဗမာတိုင်းရင်းသားများလည်း ဗမာအစိုးရ ၏ လုပ်ရပ်တွေကြောင့် ဒုက္ခပင်လယ် ထဲမှာနစ်နေတာပါ။

တကယ် ဗမာအစိုးရ နှင့် ဗမာအစိုးရ စစ်တပ် ကို သက်ဆိုးရှည်အောင် လုပ်နေသူတွေသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သာလျှင်ဖြစ်ပါသည်။ ဘာကြောင့်လည်းဆိုတော့ အကယ်၍သာ ဗမာအစိုးရ တပ်ကို တကယ် ဖြုတ်ချလိုရင် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအားလုံး စည်းစည်းလုံးလုံး နဲ့တိုက်ကြမယ်ဆိုရင် မြန်မာနိုင်ငံသားများ အဓိကလိုလား တောင့်တနေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံတော် ကြီးကို တည်ဆောက် နိုင်တာ ကြာလှ ပြီ။

အခုတော့ တဖွဲ့နှင့်တဖွဲ့ လည်း ညီညွတ်မှု မရှိပဲ တယောက်တပေါက် လုပ်ချင်ရာလုပ်နေကြတယ်။ ဥပမာ - သစ်ခုတ်ရောင်း၊ ရွှေမော်၊ ကျောက်စိမ်းမော် က အခွန်တွေကောက်စား၊ ကိုယ့်အိတ်ထောင်ထဲထည့် ပြီး ကြီးပွားချမ်းသာနေကြတာ။ နောက်ဆုံးတော့လည်း ဘာမှ တိတ်မထူးခြားကြပါဘူး။ ခေါင်းဆောင်တွေက ကြီးပွားတယ်၊ တပည့်တွေက နာကြတယ်။

ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး သည် အမှန်တယ်မိမိလူမျိုး၊ မိမိတိုင်းပြည်အတွက် အလုပ်လုပ်နေ ကြောင်းကို လက်တွေ့ ပြသ လိုလျှင် အားလုံးစည်းစည်းလုံးလုံး ရှိကြပြီး ဗမာအစိုးရ စစ်ကိုတိုက်ခိုက်ကြပါ။

နိုင်ငံရေးဆွေးနွေးပွဲ ကနေပြီး လိုလားတောင့်တနေတဲ့ အခွင့်အရေးတွေကို တောင်းဆိုမယ် ဆိုရင်လည်း စစ်ရေး၊ နိုင်ငံရေး အသာစီး ရ မှ ပြောအား ရှိမှာဖြစ်တယ်။

အားလုံးက မစည်းလုံးနိုင်ကြဘူး ဆိုရင် လည်း လက်နက်ချ ပြီး အညံ့ခံကြပါ။ လက်နက်သူပုန် မရှိတော့ရင် ဗမာအစိုးရ အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေစရာ အကြောင်းနည်းလာလိမ့်မယ်။ ဒီမိုကရေစီ အမြန်ထွန်းကားလာမှာ ဖြစ်ပါတယ်။

သို့မဟုတ်ရင် လက်နက်ကိုင် သူပုန်ခေါင်းဆောင်များ၊ အစိုးရ ခေါင်းဆောင်များ နှင့် သူတို့၏ဆွေမျိုးများ သာ အများပိုင်ဖြစ်တဲ့ နိုင်ငံ တော်၏ မြေပေါ်၊ မြေအောက် တံယံစာတ များကို ထုတ်ယူ စားသုံးခြင်းဖြင့် ဆက်လက်၍ ကြီးပွားနေကြ အုန်းမှာပါ။ အများပြည်တွေက တော့ ဒုက္ခ ဆင်းရဲ ပင်လယ်နက်ကြီးထဲမှာ ဆက်လက်ပြီး နစ်မွန်းနေကြမှာ မုချပါ။

အများပြည်သူ၏အကျိုးကိုမျှော်၍ ----

ကိုချွန်

Post a Comment