Slideshow Image 2

မြစ်ကြီးနားမြို့ပေါ်တွင် ဗမာစစ်သားများမှ အပြစ်မဲ့ပြည်သူကိုပစ်သတ်

ကချင်ပြည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်တွင် ဇွန် (၂၀) ရက်နေ့ ည (၉း၄၅) နာရီခန့်၌ ဗမာစစ်တပ်မှ တပ်သားနှစ်ဦးက အပြစ်မဲ့ဒေသခံ တစ်ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ပစ်သတ်ခံရသူမှာ မြစ်ကြီးနား ကျွန်းပင်သာရပ်ကွက်နေ အဖ ဦးဒေးဝါး၏သား မောင်ဂွမ်ဆိုင်းအောင် (၁၉) နှစ် ဆိုသူဖြစ်ပြီး ကွန်ပြူတာတက္ကသိုလ်တွင် ပထမနှစ်ပညာသင်ကြားနေသော ကျောင်းသားဖြစ်ကြောင်း သိရှိရပါသည်။ 
မောင်ဂွမ်ဆိုင်းအောင်ကို ပစ်သတ်ခဲ့သူမှာ ဗမာစစ်တပ် အမှတ် (၇၂၇) ထောက်ပို့တပ်မှ တပ်သားမောင်မောင် (ကိုယ်ပိုင်အမှတ်- ၂၉၂၃၁၂) နှင့် ဒု-တပ်ကြပ် နန်ဟင်ထန် (ကိုယ်ပိုင်အမှတ် - ဒုတက- ၂၉၂၃၁၂) ဆိုသူတို့ဖြစ်ပြီး မြစ်ကြီးနား ဧရာဝတီမြစ်ကူတံတား ဗလမင်းထင်တွင် တံတားစောင့်တာဝန်ထမ်းဆောင်နေသူတွေဖြစ်ကြောင်း သိရှိရပါသည်။ တရားခံ တပ်ဗမာ စစ်သားများကို ဖမ်းဆီးထားနိုင်ပြီဖြစ်ကြောင်းလည်း သိရှိရပါသည်။ ယခုကဲ့သို့ မြို့ပေါ်တွင် လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများကို ပေါ်ပေါ်တင်တင် ပစ်သတ်ခြင်းသည် တိုင်းရင်းသားများ၏ လုံခြုံရေးကို ခြိမ်းခြောက်လိုက်ခြင်းပင်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားတွေအပေါ် ဗမာစစ်တပ်မှ လုပ်ချင်သလိုလုပ်နေကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်ပါသည်။ မြို့ပေါ်တွင်ပင် ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများကို ပေါ်ပေါ်တင်တင် ပစ်သတ်ပြခြင်းသည် တိုက်ပွဲဖြစ်ပွားရား ဒေသများရှိ ပြည်သူများကို ဗမာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုမှာ ပြောစရာပင်မရှိတော့ကြောင်း ဒေသခံပြည်သူများမှ ရင်ဖွင့်ပြောကြားလာပါသည်။ ဖမ်းဆီးထားသော တရားခံများကို မည်သို့မည်ပုံ အပြစ်ပေး အရေးယူမည်ကို ဒေသခံပြည်သူများ စောင့်မျှော်လျက်ရှိကြောင်း သိရှိရပါသည်။

2 comments:

Unknown said...
This comment has been removed by the author.
Unknown said...

RIP

Post a Comment