ချစ်ခင်လေးစားအပ်ပါသောကရင်နီအမျိုးသားပြည်သူလူထုအပေါ
ယနေ့ ၂ဝဝ၉ ခုနှစ်ဇွန်လ(၂၁)ရက်နေ့တွင်ကျရောက်တဲ့ (၁၃၄)နှစ်မြောက်
ကရင်နီအမျိုးသားနေ့အခါသမယမှာကရင်နီ အမျိုးသားထုတစ်ရပ်လုံး
ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး၊မင်္ဂလာအပေါင်းနှင့် ပြည့်စုံခညောင်း
နိုင်ပါစေလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ပါတီဗဟိုဌာနချုပ်မှ
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။မိမိတို့ကရင်နီပြည်ဟာ ၁၉၄၈ ခုနှစ်
အထိတိုင် သီးခြားလွတ်လပ်တဲ့တိုင်းပြည်တစ်ပြည်ဖြစ်ခဲ့ကြောင်း
ကရင်နီအမျိုးသား ထုတစ်ရပ်လုံးသိရှိပြီးဖြစ်ပါတယ်။ ကရင်နီပြည်ဟာ
သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြညဖြစ်ကြောင်းကို ၁၈၇၅ ခုနှစ် ဇွန်လ
(၂၁) ရက်နေ့မှာ ဗမာဘုရင် ကင်းဝန် မင်းကြီးနှင့် ဗြိတိသျှဘုရင်ခံချုပ်
ဆာဒေါ့ကလပ်ဖေါ့ဆက်တို့ကနေ လက်မှတ်ထိုးအသိ အမှတ်ပြုခဲ့
ကြတာ ဖြစ်ပါတယ်။
အဲဒီအချိန်အခါတုံးက ဗမာပြည်ဟာ ဗြိတိသျှရဲ့ အအုပ်ချုပ်ခံကိုလိုနီ
တိုင်းပြည်တစ်ပြည် ဖြစ်ခဲ့ပေမဲ့ ကရင်နီဟာ ဗမာနဲ့ ဗြိတိသျှတို့
နှစ်နိုင်ငံစလုံးရဲ့ အအုပ်ချုပ်ခံ နယ်မြေ ထဲမှာမပါဝင်ခဲ့ပါဘူး။
အဲဒီလို ဗမာဘုရင်နဲ့ ဗြိတိလျှအစိုး နှစ်ဦးနှစ်ဖက်ကနေ ကရင်နီပြည်ဟာ
သီးခြားလွတ်လပ်တဲ့ ပြည်တစ်ပြည် ဖြစ်ကြောင်းအသိအမှတ်ပြုခဲ့တဲ့
နေ့ကိုပဲ ကရင်နီအမျိုးသားနေ့ အဖြစ် သတ်မှတ်ပြီး ယနေ့ထက်ထိ
တိုင် ကရင်နီပြည်တွင်းမှာ စုပေါင်းနေထိုင်ကြတဲ့ ကရင်နီ
လူမျိုးပေါင်းစုံတို့ဟာ ကရင်နီအမျိုးသားများအဖြစ်
မားမားမတ်မတ်ရပ်တည်ပြီး aနထိုင်လာခဲ့ကြတာ ယနေ့ထိ
တိုင်အောင် ပဲဖြစ်ပါတယ်။
ယနေ့ကျရောက်တဲ့ (၁၃၄) ကြိမ်မြောက် ကရင်နီအမျိုး သားနေ့
မှာ ကရင်နီအမျိုးသားထုတစ်ရပ် လုံးအနေနဲ့ မိမိတို့ အမျိုး သားများရဲ့
ဘဝဖြစ်စဉ်ကို အမြဲသတိရဖို့ လိုအပ်မယ်ဖြစ်ပြီး၊ အမျိုးသား
တစ်ရပ်ရဲ့ အမျိုးသားရေးစိတ် ဓါတ်တွေ ဆက်လက် ရှင်သန်နေဖို့
အရေးကြီးကြောင်း တိုက်တွန်း လိုပါတယ်။ အဲဒီလို အမျိုးသားရေး
စိတ်ဓါတ်တွေ ရှင်သန်နေခြင်းနဲ့အတူ အမျိုးသားချင်း သင့်မြတ်ပြီး
စည်းလုံးညီညွတ်ဖို့လည်းလိုအပ်ပါတယ်။
နယ်ချဲ့ဗမာစစ်အာဏာရှင်များဟာကရင်နီအမျိုးသားများ ရဲ့
စည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ ပြိုကွဲအောင် ဖန်တီးလုပ်ဆောင်နေ
ပြီး မိမိတို့ကရင်နီအမျိုးသားများ ပပျောက်အောင် အစွမ်းကုန်
လုပ်ဆောင်နေတာကို မိဘပြည် သူအပေါင်း သိရှိပြီးဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် ဗမာပြည်လွတ်လပ်ရေး ရပြီးအချိန်
ဗမာစစ်အာဏာရှင်များရဲ့ ဖိနှိပ်အနိုင် ကျင့်မှုကို ကရင်နီအမျိုးသားတိုင်း
ခါးသီးစွာ ခံစားလာကြရပြီးဖြစ်တယ်။
နယ်ချဲ့စစ်အာဏာရှင်တို့ဟာကရင်နီအမျိးသားချင်း စည်း
လုံးညီညွတ်မှုကိုဖြိုခွဲပြီး အမျိုးသားအချင်းချင်း မသင့်မြတ်အောင်
ဖန်တီးလုပ်ဆောင်နေတာဖြစ်တယ်။ ကျနုပ်တို့ကရင်နီ အမျိုးသားချင်း
မသင့်မမြတ်ဖြစ်ပြီး၊ စည်းလုံးညီညွှတ်မှုရှိမနေသရွေ့ကာ
သာယာဝပြောတဲ့ လူ့ဘောင်သစ်တစ်ရပ်ကို တည်ဆောက်နိုင်မှာ
မဟုတ်ပါဘူး၊ ကရင်နီအမျိုးသားများဟာ လူမျိုးတစ်မျိုးဖြစ်တာနဲ့အညီ
အမျိုးသားရေးစိတ်ဓါတ်တွေ မြှင့်တက်နေဖို့၊ရှင်သန်နေဖို့
လိုအပ်ပါတယ်။ ယနေ့ အချိန်ကာလဟာမိမိတို့ကရင်နီအမျိုးသားတွေ
အတွက် အရေးကြီးဆုံးကာလ တခုကို ဖြတ်သန်းရမဲ့အချိန်
ဖြစ်ပါတယ်။ ငါလွတ်မြောက်ရင်ပြီးရောဆိုတဲ့တကိုယ်ကောင်း
စိတ်ဓါတ်တွေပဲရှိအြများအကျိုးကိုလစ်လျူရှူတဲ့စိတ်ဓါတ်တွေသာ
များနေမယ်ဆိုရင် မကြာသောအချိန်ကာလတစ်ခုမှာ ကရင်နီလူမျိုး
ဆိုတာ ပပျောက်သွားမှာ ဖြစ်တယ်။
ဒါကြောင့်မိမိတို့ရောက်ရှိတဲ့နေရာ၊ ရာက်ရှိတဲ့
ဘဝမှာ ကရင်နီအမျိုးသားစိတ်ဓါတ်ကို ရှင်သန်နေအောင်မွေး
ပြီး၊ မိမိအမျိုးသားရေးကို တဖက်တလမ်းက အကျိုးပြုနိုင်အောင်
စွမ်းဆောင်ကြပါလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊
ပါတီဗဟိုဌာနချုပ်အနေနဲ့တိုက်တွန်းဆန္ဒ ပြုပါတယ်။
နောက်တစ်ချက်အနေနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ
အဖိနှိပ်ခံဘဝက လွတ်မြောက်ပြီး၊ငြိမ်းချမ်းတဲ့လူ့ဘောင်သစ်တစ်ရပ်ကို
ဖန်တီးနိုင်ဖို့အတွက် သမိုင်းကပးအပ် ထားတဲ့ အမျိုးသားရေးတာဝန်တွေကို ထမ်းဆောင်ဖို့
ကရင်နီအမျိုးသားတိုင်းမှာတာဝန်ရှိတယ်ဆိုတာ အမျိုးသား
ထုတစ် ရပ်လုံးကို တိုက်တွန်းနိုးဆော်လိုပါတယ်။
အမျိုးသားထုတစ်ရပ်လုံး စည်းလုံးညီညွတ်မှုနဲ့အတူ၊ အမျိုးသားရေး
တာဝန်တွေ ကို စုပေါင်းတာဝန်ယူကြမယ်ဆိုရင် မိမိတို့ရည်မှန်းထား
တဲ့ ပန်းတိုင်ကို အမြန်အရောက်လှမ်းနိုင်ကြမှာဘဲ ဖြစ်ကြောင်း
တိုက်တွန်းပြောကြားရင်း၊ ယနေ့(၁၃၄)နှစ်မြောက် ကရင်နီအမျိုး
သားနေ့မှာ ကရင်နီအမျိုးသားထုတစ်ရပ်လုံး မဆုတ်မနှစ် သော
ဇွဲလုံ့လများနဲ့အတူ နယ်ချဲ့ရန်သူကိုတွန်းလှန်ရင်း အမျိုးသားရေး
ဂုဏ်ရောင်ကိုမြှင့်တင်နိုင်ကြပါစေလို့ဆုမွန် ကောင်းတောင်းရင်း
နိဂုံးချုပ်အပ်ပါတယ်။
ရက်စွဲ။ ။ ၂ဝဝ၉ခုနှစ်၊ ဇွန်လ(၂၁)ရက်
(၁၃၄) နှစ်မြှောက်ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့
ပေးပို့သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ပါတီဥက္ကဌ၏
မိန့်ခွန်းသဝဏ်လွှာ
ကရင်နီအမျိုးသား ပြည်သူလူထုအပေါင်းတို့ -
ယနေ့ဟာ (၁၃၄) နှစ်မြှောက် ကရင်နီအမျိုးသားနေ့ဖြစ်ပါတယ်။ ဒီကရင်နီအမျိုးနေ့ ဖြစ်ပေါ်လာပိုံ အကျဉ်းချုပ်ရှင်းပြရမယ်ဆိုရင် - ၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ အင်္ဂလိပ်အစိုးရနှင့် ဗမာဘုရင်တို့ အနေနှင့် ကရင်နီပြည်ကို သီးခြားလွတ်လပ်တဲ့ တိုင်းပြည်တစ်ပြည်အဖြင့် အသိအမှတ်ပြုကြောင်း စာချုပ်ကို ချုပ်ဆိုကြပါတယ်။ ထိုနေ့မှစ၍ ကရင်နီပြည်အနေဖြင့် သီးခြားလွတ်လပ်သော တိုင်းပြည်ငယ်တစ်ပြည် ဖြစ်လာခဲ့ပါတယ်။ ထို့ကြောင့် ကရင်နီပြည်မှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံတို့ဟာ ကရင်နီပြည်ကို အစွဲပြုပြီး ကရင်နီအမျိုးသားဖြစ်လာကြရပါတယ်။ ဒီလို တိုင်းပြည်နာမည်ကို အစွဲပြုပြီး ထိုတိုင်းပြည်၏ အမျိုးသားဟု သတ်မှတ်ရသည်မှာ ကမBာက အသိအမှတ်ပြုတဲ့ အသုံးအနှုန်းတရပ်ဘဲ ဖြစ်ပါတယ်။ ဥပမာ ထိုင်းပြည်ရှိ လူမျိုးများ ဗမာပြည်ရောက်ရှိမယ် ဆိုရင် လူမျိုးများအပေါ် အသိအမှတ်မပြုဘဲ ထိုင်းအမျိုးသားများဟုသာ ခေါ်ဝေါ် ကြမည်ဖြစ်သည်။ ထိုနည်းသူ တရုတ်ပြည်ရှိ လူမျိုးများ ဗမာပြည်ရောက်ရှိလာရင် တရုတ်ပြည်ရှိ လူမျိုးများဟု မခေါ်ဘဲ တရုတ်ပြည်ကို အစွဲပြုပြီး တရုတ်အမျိုးသားများ ဟု ခေါ်ဝေါ်ကြမည်ဖြစ်သည်။ မြန်မာပည်ရှိ လူမျိုးများ နိုင်ငံခြားသို့ ရောက်ရှိတဲ့အခါ မြန်မာပြည်လူမျိုးများဟု မခေါ်ဘဲ မြန်မာပြည်ကို အစွဲပြုပြီး မြန်မာအမျိုးသားများ ဟု ခေါ်ဝေါ်ကြမည်ဖြစ်တယ်။
ယ္ခုအခါ နအဖ စစ်အုပ်စု၏ ဖိနှိပ်၊ ညင်းဆဲ၊ သတ်ဖြတ်မှုဒဏ်ကို မခံနိုင်ဘဲ ကရင်နီပြည်ရှိ လူမျိုးပေါင်းစုံ တို့သည် ကရင်နီပြည်မှ ထွက်ပြေးလာပြီး ထိုင်းပြည်ရှိ ဒုက္ခသည်စခန်းမှာလာရောက်ခိုလုံနေ ကြပါတယ်။ သူတို့ကို ထိုင်းပြည်မှ ခိုလုံတဲ့အတွက် ထိုင်းအမျိုးသားများဟု အသိအမှတ်ပြုလို့ မရပါ။ သူတို့ကို ကရင်နီ ပြည်မှ ထွက်ပြေးလာတဲ့ ကရင်နီအမျိုးသား ဒုက္ခသည်များဟုသာ အသိအမှတ်ပြုရမည်ဖြစ်သည်။ ဒီကရင်နီ အမျိုးသားဒုက္ခသည်တွေဟာ သူတို့တိုင်းပြည်ဟူ၍ ကရင်နီပြည်သာ ဖြစ်ပါတယ်။ ဒီကရင်နီအမျိုးသား ဒုက္ခသည်များဟာ ထိုင်းပြည်မှာ ခိုလုံနေစဉ်အတွင်း တိုင်းပြည်မဲ့ ဒုက္ခသည်များ ဖြစ်ကြပါတယ်။ မွေးလာတဲ့ သား/သမီးတွေလဲ တိုင်းပြည်မဲ့ ဒုက္ခသည် သား၊သမီးများ ဖြစ်ကြပါတယ်။ ဒါကြောင့် ကရင်နီအမျိုးသား ဒုက္ခသည်တွေဟာ ကရင်နီပြည် ပြန်နိုင်ဖို့အတွက် အထူးကြိုးစားဖို့ လိုအပ်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ကရင်နီပြည်ရှိ လူမျိုးပေါင်းစုံတို့အနေဖြင့် ဘယ်ကိုဘဲရောက်ရောက် ကရင်နီအမျိုးသားစိတ်ဓါတ်ကို မွေးပြီး ကရင်နီအမျိုသားစည်းလုံးညီညွတ်ေ
ဒုက္ခသည်စခန်းမှတဆင့် တတိယနိုင်ငံသို့ သွားရောက်ခြေချနေထိုင်ကြတဲ့ ကရင်နီအမျိုးသား ဒုက္ခသည်များဟာ ထိုတိုင်းပြည်ကို ရောက်လျှင်ရောက်ချင်း ထိုတိုင်းပြည်ရဲ့အမျိုးသားမဖြစ်
ယဉ်ကျေးမှုကိစ္စနဲ့ပါတ်သက်ပြီး အနည်းငယ်ပြောကြားလိုပါတယ်။ ကမBာပေါ်ရှိ လူမျိုးတိုင်းမှာ မိမိတို့ရဲ့ မူရင်း ဘာသာစကား၊ စာပေယဉ်ကျေးမှုကို ထိန်းသိမ်းထားလျက် ရှိကြပါတယ်။ ယနေ့ကမာမှာ မူရင်း အမျိုးသား၊ မူရင်းတိုင်းပြည်ကို အလေးထားပါတယ်။ ဥပမာ ယနေ့ အမေရိကန်ပြည်သမ္မတာအိုဘားမားဟာ မူရင်းအာဖရိကတိုက်ရှိ ကင်းယားပြည်၊ ကင်းယားအမျိုးသားဖြစ်တယ်ဟု အသိအမှတ်ပြုကြပါတယ်။ နိုင်ငံ တကာရောက် ကရင်နီအမျိုးသားတွေဟာ ငါဒီပြည်ရောက်လို့ ဒီပြည်ရဲ့အမျိုးသားဖြစ်တယ် ဟု သဘော မထားဘဲ မိမိတို့ရဲ့ မူရင်းကရင်နီအမျိုးသား၊ မူရင်း ကရင်နီပြည်ကို အလေးထားဘို့ လိုအပ်ပါတယ်။ ထို့ကြောင့် ကရင်နီအမျိုးသားတွေက ဘယ်တိုင်းပြည်ဘဲရောက်ရောက် မိမိတို့ရဲ့ မူရင်းကရင်နီအမျိုးသားရဲ့ ဘာသာစကား စာပေယဉ်ကျေးမှုကို ထိန်းသိမ်းဘို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။
ဒုက္ခသည်စခန်းများမှာ ကျန်ရှိနေကြတဲ့ ကရင်နီအမျိုသားဒုက္ခသည်များ ကရင်နီပြည်ကို ပြန်နိုင်ဘို့ ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနှင့် ပါတီခေါင်းဆောင်တွေက ကြိုးစားလျက်ရှိနေပါတယ်။ တာဝန်ရှိတဲ့ နအဖ စစ်အုပ်စု လူကြီးတွေနဲ့လည်း တွေ့ဆုံဆွေးနွေးလျက်ရှိပါတယ်။ ဒါပေမဲ့ ကမBာ့ကုလသမဂ မူဖြစ်တဲ့ ဒုက္ခသည်များ မိမိတို့တိုင်းပြည်ကို အိနြေ္ဒိရှိရှိ ပြန်လည်နေရာချထားရေးမူနဲ့ မကိုက်ညီသေးပါ။ ဘာဖြစ်လဲဆိုရင် ကရင်နီပြည်အပါအဝင် ဗမာပြည်တပြည်လုံးအနေနဲ့ ငြိမ်းချမ်းရေးမရှိသေးပါ။ လူမှုအခွင့်အရေး ချိုးဖောက်မှု အကြီးအကျယ်ရှိနေေးပါတယ်။ နအဖ စစ်အုပ်စုရဲ့ လူမှုအခွင့်အရေးချိုးဖောက်မှုဒဏ်
0 comments:
Post a Comment