Slideshow Image 2

ခ.လ.ရ (၅၂) မှ ဗမာစစ်သားနှစ်ဦး KIA တပ်ရင်း ၆ သို့ အလင်းဝင်ရောက်

ခနီး္တအခြေစိုက် ခ.လ.ရ (၅၂) တပ်ရင်းမှူး ကျော်ကျော်ဟန်နှင့် ဒုတပ်ရင်းမှူး လှိုင်စိုးကျော် တို့ဦးစီးသော တပ်ရင်းမှ တပ်သား မင်းမင်းထွဏ်နှင့် ချစ်ကို တို့်နှစ်ဦးသည် ဇူလှိုင် ၁၉ ရက်နေ့တွင် MA သေနတ် ၂ လက်နှင့် ကျည်ဆန် ၆၀၀ ခန့်ဆောင်ယူလျှက် ဖားကန့်အခြေစိုက် KIA တပ်ရင်း ၆ သို့ အလင်းဝင်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။ 
ခ.လ.ရ (၅၂) တပ်ရင်းမှာ ခနီး္တမှ ဖားကန့်ဒေသသို့ လွန်ခဲ့သော ၃ လခန့်မှ လှုပ်ရှားတပ် အနေဖြင့် ရောက်ရှိ နေခဲ့ပြီး တနိုင်းသေဒသို့ ၁ လခန့် စစ်ကြောင်းထိုးခဲ့ပြီးနောက် မိုးကောင်း-ကားမိုင်းသို့ ၂ လခန့် စစ်ကြောင်း ထိုးခဲ့ပါသည်။ ထိုအလင်းဝင်လာသောတပ်သားနှစ်ဦးမှာ စစ်ကြောင်းအတွင်းတွင် အထက်အရာရှိများ၏ မတရားဖိနှိပ်၊ ညင်းဆဲမှု၊ ရက်စက်မှုများကို အမြဲခံခဲ့ရပါသည်။ ဇူလှိုင် ၁၅ ရက်နေ့တွင်  ခ.လ.ရ (၅၂) သည် KIA နှင့်တိုက်ခိုက်စဉ် အထိနာပြီး ဒဏ်ရာရ တပ်သား ၅ ဦးပါသည့် ခ.လ.ရ (၈၉)အား မအူပင်တွင် သွား ရောက် ကူညီပြီးပြန်လည်ခေါ်ဆောင်လာရန် တက်သွားခဲ့ရပါသည်။ ထိုစဉ် ည ၁၂ နာရီတွင် တပ်ကြပ်ကြီး ဖြစ်သူမှ အရက်မှူးပြီး ထိုတပ်သားနှစ်ဦးအား အကြောင်းမဲ့ ရိုက်နှက်၊ နှိပ်စက်သဖြင့် ထိုတပ်သားနှစ်ဦးမှာ သေနတ် ၃ ချက်ဖောက်ပြီး၊ စစ်ကြောင်းမှ ထွက်ပြေးသွားခဲ့ပါသည်။ ယခုအခါ ထိုတပ်သားမင်းမင်းထွဏ်နှင့် တပ်သားချစ်ကို တို့နှစ်ဦးမှာ KIA တပ်ရင်း ၆ သို့ရောက်ရှိနေပြီး လိုအပ်သော အင်္ကျီအ၀တ်အစားများနှင့် အခြားလိုအပ်ချက်များကို တပ်ရင်း ၆ မှ ဖြည့်ဆည်းပေးထားပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း သိရှိရပါသည်။

5 comments:

Anonymous said...

Hkra maga na wa gaw n-gan naw ring hte kaja bung re nga ai le gara hku ta? jinghku kun?

Anonymous said...

Tinang hpyendap kaw na na n woi da ai sha, shanhte hpe kanbau bungli madun nna shara jahkrat ya yang kaja na re ngu mu mada ai.

Anonymous said...

naw ring kaw myen kanau nnga ai da .

Anonymous said...

sadi na shanhte hpe tawn da u. Nmai dat da ai yaw. Hpyen ngu ai gaw spy mung chyebyin ai.

Anonymous said...

Ma ni sha naw re hpe mu ai majaw myit hta grai hkra ai. Ma ni yawng hpe makawp maga ya ga.

Post a Comment