Slideshow Image 2

ဗမာအစိုးရအား အလုပ်ကျွေးပြုနေသော တာမခံမှ မူးယစ်ဘုရင်လင်မယားအား KIA တပ်ရင်း ၆ မှ ဖမ်းဆီး

ဇူလှိုင်လ ၂၂ ရက်နေ့တွင် တာမခံမှ မူးယစ်ဆေးဝါးမျိုးစုံရောင်းဝယ်ဖောက်ကားသူ ဦးဒရှီဂမ်မွန်းနှင့် ဒေါ်သက်ရှည် တို့လင်မယားအား ဖားကန့်အခြစိုက် KIA တပ်ရင်း ၆မှ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ပါသည်။ ထိုလင်မယားအား KIA တပ်ရင်း ၆ မှ ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း လိုက်နာခြင်း မရှိဘဲ ဗမာအစိုးရ ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး လိုင်းကြေးဆောင်ကာ တာမခံတွင် မူးယစ်ဆေးဝါးများကို လွတ်လွတ်လပ်လပ်ရောင်းဝယ်ဖောက်ကားခဲ့ပါသည်။ ‘ဦးဒရှီဂမ်မွန်း လင်မယားက အတိုင်းအတာကို လွန်လွန်းနေပြီ၊ နောက်ပြီး ပြည်သူလူထုကလည်း အရမ်းထိလာတယ်၊ ဒါကြောင့် အခုလိုဖမ်းဆီးရတာပါ’ ဟု KIA အရာရှိတစ်ဦးက မှတ်ချက်ပေးပါသည်။ ဦးဒရှီဂမ်မွန်း၏ ထွက်ဆိုချက်အရ ၎င်းတို့သည် ဌာနဆိုင်ရာ များအား တစ်လလျှင် ကျပ်ငွေ ၄၅ သိန်းခန့်ပေးဆာင်ရကြောင်းသိရပါသည်။ ဆက်လက်၍ ၎င်းက မည်သည့် ဌာနဆိုင်ရာများကိုမည်မျှပေးရသည်၊ မည်သူကလာယူသည် စသဖြင့်လည်းထွက်ဆိုသွား ပါ သည်။
၁။ တာမခံရဲတပ်ဖွဲ့စခန်းအား ၅ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအားပေးရ။
၂။ တာမခံအထူးမူးယစ်တပ်ဖွဲ့အား ၁၀ သိန်းပေးဆောင်ရ၊ ကိုမောင်နိုင်ဆိုသူအားပေးရ။
၃။ စ.ရ.ဖ တပ်ဖွဲ့အား ၃ သိန်းပေးဆောင်ရ၊ လူစေလွှတ်ယူဆောင်ခိုင်း။
၎။ S.B အဖွဲ့အား ၃ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအား ပေးဆောင်ရ။
၅။ ခရိုင် (DN) အဖွဲ့အား ၅ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအားပေးဆောင်ရ။
၆။ ဖားကန့်နယ်ထိန်းအဖွဲ့အား ၅ သိန်းပေးဆောင်ရ၊ ကိုဖိုးသားဆိုသူအားပေးဆောင်ရ။
၇။ တာမခံ ရယက အဖွဲ့အား ၅ သိန်းပေးဆောင်ရ၊ ကိုလှရွှေဆိုသူ လာယူ။
၈။ ဖားကန့် မယက အဖွဲ့အား ၃ သိန်း ဆောင်ရ၊ ကိုထွန်းထွန်းဆိုသူလာယူ။
၉။ စ.စ.စ အဖွဲ့အား ၃ သိန်းပေးဆာင်ရ၊ ကိုထွန်းထွန်းဆိုသူလာယူ။
၁၀။ စစ်ကြောင်းများအား အနည်းဆုံး ၃ သိန်းပေးဆောင်ရ၊ တပ်ကြပ်တစ်ဦးဦးလာယူ။

5 comments:

မျိုးစော့ said...

တာမခံဒေသ တင်မဟုတ်ဘဲ ဖါးကန့် ၊ ဆိုင်းတောင်၊ ကားမိုင်း၊ တနိုင်း...လက်လှမ်းမှီ သလောက် ဖမ်းဆီး အရေးယူသွား သင့်ပါတယ်။
ကျွန်တော် တို့ ကချင်းမျိုးနွယ်စု အားလုံးကို ၇ည်ရွယ် တိုက်ခိုက်နေတဲ့ ဒီမူးယစ်ဆေးဝါး နဲ့  ရောင်းဝယ်ဖေါက်ကားနေသူအားလုံး၊ နောက်ကွယ်မှ ကြိုးကိုင်ချယ်လှယ်နေသူ အားလုံး ကို အမြစ်ပြတ်ချေမှုန်း သင့်ပါတယ်။

Myutsaw said...

No mercy for heroin traffickers!

Anonymous said...

မြစ်ကြီးနားမြို့ပေါ်က ဘိန်းရာကူဇာများကိုလည်း ဖမ်းဆီးစေချင်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ကတည်းကအပတ်တကုတ်ကြိုးစားပြီး သင်ယူခဲ့တဲ့ပညာနဲ့ ဒီကနေ့ဘ၀ရပ်တည်နေတဲ့လူတွေက တရုတ်နိုင်ငံထုတ် ဆိုင်ကယ်နဲ့ပဲ နေပူပူ၊ မိုးရွာရွာ ဘ၀ကို ရုန်းကန်နေရပေမယ့်၊ ဘာပညာမှ မတတ်ပါနဲ့ ဒီကနေ့ မြန်မာနိုင်ငံအစိုးရ ရဲ့ချီးရှုပြီး ဘိန်းမှောင်ခိုလုပ်နေတဲ့သူ တွေက ပါဂျဲရိုးပဲစီးမလား၊ ရွှေငါးပဲစီးမလား၊ ဟမ်းမားပဲစီးမလား ရွေးချယ်လို့မဆုံးဖြစ်နေပါတယ်။ ၀န်ကြီးချုပ်လည်း ဘိန်းစစ်စင်ရေးကို ဒီအတိုင်းလက်ပိုက်ကြည့်နေ နိုင်တာကိုတော့ ချီးကိုကျူးပါတယ်။ အေးလေ ခက်တော့ခက်သားပဲ၊ ကျွန်တော်တို့ရဲ့ အသက်သခင် ယေရှု့ခရစ်တော် ကိုနားမလည်တဲ့သူအတွက် တော့အာလကားပါပဲ။ ၀န်ကြီးချုပ်ရေ တရုတ်သူဌေးတွေ၊ ဘိန်းမှောင်ခိုတွေက လာပေးလတ်ထိုးထားတဲ့ ပိုက်ဆံတွေက ၀န်ကြီးချုပ်ကြီးသေသွားရင် ပါသွားမှာမဟုတ်ဘူးနော...

Myutsaw said...

နိုင်ငံရေး ဆိုတာ big business ဆိုတဲ့ စကားလည်းရှိထားတော့ ၀န်ကြီးချုပ် လည်း စီးပွားရေးဘဲ လုပ်နေမှာပေါ့။ တစ်နှစ်ကျော်အတွင်း ဘာမှလုပ် မပြနိုင်တော့ လည်း ဘာပြောပြော သိပ်ထူးမှာတော့ မဟုတ်ဘူးထင်ပါတယ်။

Anonymous said...

DAP 6, na DAP UP DUKABA HTE RAU KIO KIA. MAGAM gun yawng hpe na chying wa chyeju dum let shakawn dat ai.NDAI mung MYU TSAW MUNG TSAW ai magam bungli kaba re ,matut nna anhte a GINRA shara shagu hta mung tsepkawp ATSAI AWAI di kau ga ngu saw lajin dat ai law. W.P.BRANG.

Post a Comment