Slideshow Image 2

ဗမာစစ်တပ် ဆိုင်းတောင်အနီး ဆိုင်းအောင်ရွာအတွင်းသို့ ပရမ်းပတာပစ်ခတ်

စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၇ နာရီခွဲခန့်တွင် ဆိုင်းအောင်ရွာအနီးတောထဲတွင် ပုန်းအောင်းနေသော ဗမာစစ်သားများသည် KIA ပြည်သူ့စစ်တို့ထောင်ထားသော မိုင်းနင်းမိပြီး ၁၀ ဦး ကျော်ခန့် ဒဏ်ရာရရှိသွားပါသည်။ စိတ်ဆိုးဒေါသထွက်နေသော ဗမာစစ်သားများသည် လက်နက်ကြီးလက်နက်ငယ် များဖြင့် ဆိုင်းအောင်ရွာအတွင်းသို့ ပရမ်းပတာပစ်ခတ်ခဲ့ပါသည်။ ပစ်ခတ်မှုကြောင့် လူ ၄ ဦးထက်မနည်း ဒဏ်ရာရရှိပြီး၊ နေအိမ်တစ်လုံး ပျက်စီးသွားပါသည်။ လမ်းသွားလမ်းလာများကိုလည်း ဒူးထောက်၊ လက်မြှေက်ခိုင်းကာ ဆဲရေးတိုင်းထွာကာ ရိုက်နှက်ကြောင်း၊ အချို့ မှ   သေနတ်သံများ   ကြောင့်  ကြောက်လန့်ကာ ထွက်ပြေးလာသဖြင့် စစ်သားများ၏ အော်သံကို မကြားဘဲ ဆက်သွားမိသဖြင့် တရုတ်လူမျိုးတစ်ဦး သေနတ်ဖြင့် ပစ်ခံခဲ့ရပါသည်။ ၀မ်းဗိုက်တွင် ထိခိုက်သွားပြီး ဖားကန့် ဆေးရုံကြီးတွင် ဆေးကုသခံယူနေကြောင်း သတင်းရရှိပါသည်။ 

ထိုစစ်သားများသည် ကျောက်စိမ်းကုမ္မဏီဝင်း အနောက်ဖက်ရှိ တောင်ပေါ်မှ ဆိုင်းအောင်ရွာအတွင်းသို့   သေနတ်များဖောက်ကာဝင်ရောက်လာခြင် ဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုပါသည်။ 

ပဒိုင်းတောင်( ဖရီဘွမ်) တွင် ဗမာစစ်သား ၆ ဦးကျ ဆိုင်းတောင်နမ့်မှော်အနီး ပဒိုင်းတောင်တွင် စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၉ နာရီခန့်တွင် တောတွင်းတွင်ပုန်းအောင်းနေ တာမခန်မှ ဗမာစစ်တပ်သည် စစ်ကြောင်းချီလာရာ အသင့် စောင့်ဆိုင်းနေသော KIA တပ်ရင်း ၆ မှ မျိုးချစ်ပြည်သူ့စစ်များနှင့် တိုက်ပွဲဖြစ်ကာ ၆ ဦး ခန့် ကျဆုံးသွားကြောင်း အရာရှိတစ်ဦးက အတည်ပြုပြောကြားလာပါသည်။ ထိုစစ်တပ်မှာ တာမခန်သို့   ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ကျဆုံးသွားသော စစ်သားများ၏ လက်နက်များကို ကိုင်ဆောင်ကာ စစ်သားတစ်ဦးလျှင် လက်နက် ၂ လက်စီဖြင့် တာမခန်ဖက်သို့ ဆုတ်ခွာသွားသည် ဟု အရပ်သား မျက်မြင်တစ်ဦးက အတည်ပြုပြောကြားလာပါသည်။

1 comments:

အမရပူရ ကချင် said...

ချသာချ ကချင်မျိုးချစ်စစ်သားတွေ၊ မတရားတဲ့စစ်ကိုဖန်တီးပြီး ဒုတ်ခဆင်းရဲဖန်တီးပေးတဲ့နေတဲ့စစ်အစိုးရ လက်ကျန်အာဏာရှင်ရဲ့ စစ်သားတွေသေကုန်လဲ အေးတာဘဲ။ သူတို့ကို ကချင်လွှတ်မြောက်ရေးတပ်ဟာ ဗမာပိုင်တဲ့မြေကိုအလကားယူချင်လို့ လက်နက်ကိုင်သောင်းကျန်းကြတာလို့ - သမိုင်းဖျောက်ပြီးအယုံသွင်းထား ပေးခဲ့တာ ကြောင့် ဗိုလ်ချုပ်အောင်ဆန်းမသိဘူး။ ပင်လုံစာချုပ်မသိဘူး။ အောင်ဆန်းစုကြည်လဲမလိုချင်ဘူးဆိုတဲ့ ကောင်တွေဘဲ။ နလဘိန်းတုံး ကောင်တွေဘဲ။ -ငတ်ပြန်တော့လဲ စစ်သားဘဲလုပ်စရာ၇ှိတယ်။ မတတ်နိုင်ဘူး-စစ်ဖန်တီးတဲ့ လူတွေ မြန်မြန်သေပါစေဘဲဆုတောင်းတော့တယ်။ သူတို့အပေါ်မှာ ကြောက်မက်ဖွယ်ရာ ထာဝရဘုရားရဲ့အမျက်တော်ဆက်တိုက် ကျရောက်ပါစေ လို့ဘဲ အမြဲဆုတောင်းတယ်။ -အေး ဒါပေမဲ့ မတတ်သာလို့ တိုက်ရပါတယ်-ကချင်ကိုမုန်းလို့မဟုတ်ပါ ဆိုတဲ့စိတ်သဘောရှိတဲ့ ဗမာစစ်သားတွေကိုတော့ဘုရားသခင် အသက်ဘေးမှကာကွယ်ပေးပါစေ။-စစ်မတိုက်ရဘဲ မြေပြန့်အမြန် ပြန်ရောက်ပါစေ။-

Post a Comment