MATUT HTI NA »
TINANG HKUM TINANG TSAWRA MANU SHADAN GA
MATUT HTI NA »
Labels: Ramma Lamang
DAI NI NA RAMMA HTE LAILI LAIKA
MATUT HTI NA »
Labels: Ramma Lamang
AWNG DANG AI WA HTE HKRAT SUM AI WA
MATUT HTI NA »
Labels: Ramma Lamang
HANDBOOK 2009 *Personal*
-- KEEP LIFE IN PERSPECTIVE --
Health:
1. Drink plenty of water.
2. Eat breakfast like a king, lunch like a prince and dinner
like a beggar.
3. Eat more foods that grow on trees and plants and eat less
food that is manufactured in plants.
4. Live with the 3 E ' s -- Energy, Enthusiasm, and Empathy.
5. Make time to practice meditation, yoga, and prayer.
6. Play more games.
7. Read more books than you did in 2008.
8. Sit in silence for at least 10 minutes each day.
9. Sleep for 7 hours.
10. Take a 10-30 minutes walk every day. And while you walk, smile.
Personality:
11. Don ' t compare your life with others ' . You have no idea what
their journey is all about.
12. Don ' t have negative thoughts or things you cannot control.
Instead invest your energy in the positive present moment.
13. Don't over do. Keep your limits.
14. Don't take yourself so seriously. No one else does.
15. Don't waste your precious energy on gossip.
16. Dream more while you are awake.
17. Envy is a waste of time. You already have all you need.
18. Forget issues of the past. Don't remind your partner with
his/her mistakes of the past. That will ruin your present happiness.
19. Life is too short to waste time hating anyone. Don't hate others.
20. Make peace with your past so it won't spoil the present.
21. No one is in charge of your happiness except you.
22. Realize that life is a school and you are here to learn.
Problems are simply part of the curriculum that appear and fade away
like algebra class but the lessons you learn will last a lifetime.
23. Smile and laugh more.
24. You don't have to win every argument. Agree to disagree.
Society:
25. Call your family often.
26. Each day give something good to others.
27. Forgive everyone for everything.
28. Spend time with people over the age of 70 & under the age of 6.
29.. Try to make at least three people smile each day.
30. What other people think of you is none of your business.
31. Your job won ' t take care of you when you are sick. Your
friends will. Stay in touch.
Life:
32. Do the right thing!
33. Get rid of anything that isn ' t useful, beautiful or joyful.
34. GOD heals everything.
35. However good or bad a situation is, it will change.
36. No matter how you feel, get up, dress up and show up.
37. The best is yet to come.
38. When you awake alive in the morning, thank GOD for it.
39. Your Inner most is always happy. So, be happy.
Last but not the least:
40. Please Forward this to everyone!
MATUT HTI NA »
Labels: Ramma Lamang
ချစ်သူ နှင့် ရည်းစား......
ယောင်္ကျားတိုင်း....၊မိန်းမတိုင်
ရည်းစား......
ရည်းစားဆိုတာ တစ်ခဏတာ လက်တွဲရတဲ့သူလို့ ကျွန်တော်ဘာသာပြန်ချင်တယ်......
ချစ်သူ.........
လူတစ်ယောက်က ဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ......နောက်ဆံ
မိတ်ဆွေတို့ရော.......အွန်လိုင်
MATUT HTI NA »
Labels: Ramma Lamang
တစ်ကြိမ်အောင်မြင်ရင် ရပြီ
ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။
၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။
၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။
၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။
၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။
၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။
၂ဝ အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်း လုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။
၃ဝ အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူ လုပ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ ပတ်သက်ပြီး သူဌေးနဲ့ ရန်ဖြစ်စကားများပြီး အလုပ်မှ နုတ်ထွက်ခဲ့တယ်။
၃၁ အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။
၃၂ အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။
၃၅ အရွယ်မှာ ကံမကောင်းခြင်းက သူ့အပေါ်ကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ် သူဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောင်းထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံး ဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့ အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။
၎ဝ အရွယ်မှာ မြို့တစ်မြို့မှာ ဓာတ်ဆီဆိုင်တစ်ဆိုင် သူဖွင့်ခဲ့တယ်။ ဆိုင်းပုဒ်တင်ချိန်မှာ စီးပွါးဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွါးခဲ့ရတယ်။
၄၇ အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦးကျန်ခဲ့တယ်။
၆၁ အရွယ်မှာ အထက်လွတ်တော်အမတ် ဝင်ရွေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
၆၅ အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ သူ့ (fast food) စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိမဲ့စုမဲ့ ပစ္စည်းတွေကို အဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။
၆၆နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်နဲ့ အလုပ်ရှာခဲ့တယ်။
၇၅နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့ အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့ အမည်နဲ့အတတ်ကို လွဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ပ်ရှယ်ယာ တစ်သောင်းပေးပြီး ဝယ်ယူတဲ့ စရိတ်အချို့ လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ပ်တွေ ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။
၈၃နှစ်အရွယ်မှာ (fast food) နောက်စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီးအမှုဖြစ်ခဲ့ရတယ်။
၈၈နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည် ကမ္ဘာကျော်ခဲ့ပါတယ်။
သူကတော့ Kentucky Fried Chicken (KFC) ကို စတင်တည်ထောင်ခဲ့သူ Harland David Sanders Colonel Sanders (September 9, 1890 – December 16, 1980)ပဲ ဖြစ်ပါတယ်။
"လူတွေက ရာသီဥတုမကောင်းဘူးလို့ အမြဲပြစ်တင်ပြောဆိုကြတယ်။ တကယ်တော့ ရာသီဥတုမကောင်းတာ မဟုတ်ဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မယ်၊ အကောင်းဖက်ကို တွေးမြင်မယ်ဆိုရင် ရာသီဥတုက နေ့တိုင်းကောင်းနေမှာပါပဲ" လို့ Sanders က ပြောခဲ့ပါတယ်။
MATUT HTI NA »
Labels: Ramma Lamang
vlukdpDrHcefUcGJjcif;
vlukdpDrHcefUcGJjcif;
လူတွေရဲ့နေ့စဉ် ဘ၀တွေမှာ စီမံခန့်ခွဲမှုက အလွန်အရေးကြီးပါတယ်..။ တနေ့ချင်း စီမံမှုတွေကနေ တစ်လ၊ တစ်နှစ်နဲ့ တစ်ဘ၀လုံးအတွက်ပါ စီမံခန့်ခွဲနေရတာပါ…။ စီမံခန့်ခွဲမှုမှာ အမျိုးမျိုးရှိပါတယ်။ ရုပ်ဝထ္တုကို စီမံခန့်ခွဲခြင်း၊ ငွေကြေးကို စီမံခန့်ခွဲခြင်း၊ အချိန်ကို စီမံ ခန့်ခွဲခြားစတာတွေ ရှိပါတယ်။ ယနေ့မှာတော့ လူစွမ်းအား အရင်းမြစ်ရဲ့ အသုံးဝင်ပုံ ပညာလုပ်သားတွေရဲ့ အရေးပါမှုတွေ အပြင်လူဆိုတဲ့ အရင်းအနှီး တစ်ရပ်ဆိုတဲ့ အရေးပါမှုကို လက်ခံလာကြတဲ့အတွက် လူကိုစီမံခန့်ခွဲမှုက စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများရဲ့ အောင်မြင်ရေး သော့ချက်များ ဖြစ်လာပါတယ်။
စီမံခန့်ခွဲတော့မယ်ဆိုရင် ကျွန်တော်တို့ ပထမဆုံး စဉ်စားကြတာက ကက်ပီတယ် အရင်းအနှီးကိုပါ။ ပြီးတော့အချိန်၊ နည်းပညာ ၊ သတင်း၊ ပြင်ပ အချက်အလက်တွေ ကျွန်တော်တို့ ဆောင်ရွက်မယ့် အမှုကိစ္စအတွက် ဆက်စပ်တည်ရှိမယ့် အရာတွေအပေါ် သက်ရောက်မှု၊ တုံ့ပြန်နိုင်စွမ်း၊ အကျိုးရ လာဒ် စတာတွေ တွက်ချက်ပြီးတော့ ကျွန်တော်တို့ အများစုက စီမံကိန်းတွေ လုပ်ဆောင် ကြတာပါ။ ဒါပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ လူကို စီမံခန့်ခွဲဖို့တော့ မေ့လျော့တတ်ကြ ပါတယ် လုပ်ငန်းအတွက် လူ(သို့) လုပ်အား၊ ဥာဏ်အား လိုအပ်ချက်ကို စနစ်တကျ ထည့်သွင်းကြတာ မရှိသလောက်ပါပဲ။
လုပ်ငန်းခွင်ထဲ ရောက်လာတဲ့ ၀န်ထမ်းတွေကို သူတို့ စွမ်းဆောင်နိုင်လိမ့်မယ်၊ သူတို့ တာဝန် သူတို့ထမ်းဆောင်နိုင်ရင် သူတို့ အခန်းကဏ္ဏ ပြီးဆုံးပြီလို့ ထင်မှတ်လိုက်ကြတာဟာ လူ့စွမ်းအား အလေအလွင့်ကို ဖြစ်ပေါ်စေနိုင်ပါတယ် ကြိုတင် သဘောတူညီထားတဲ့ ကတိက၀တ် တွေ ပြည့်စုံရုံနဲ့ အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျော်လင့်တတ်ကြပါတယ်။
စီးပွားရေး လုပ်ငန်းတွေအတွက် လူအရင်းအမြစ်ကို နေရာချတတ်မှုက အောင်မြင်မှုရဲ့ သော့ချက် တွေ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကော်ပိုရိတ်တွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းကြီး တွေက အစ၊ အသေးစား လုပ်ငန်းတွေအထိ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အရေးကြီးတဲ့ စီမံခန့်ခွဲမှု တစ်ရပ် ဖြစ်လာပါတယ်။ စီးပွားရေး စနစ်သစ်မှာ HR မန်နေဂျာတွေ မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ တိုးတက်မှု နှေးကွေးတဲ့ ရလာဒ်တွေ ရင်ဆိုင်ကြ ရမှာအမှန်ပါ။
အဲဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ လူ့စွမ်းအား အရင်းအမြစ်ဘာသာရပ်ဟာ အရေးကြီးလာခဲ့တာ ပါပဲ။ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုလူတွေရှိလဲ အကြမ်းဖျင်းအားဖြင့် လူငါးမျိုး ရှိတယ်လို့ ဆိုနိုင် ပါတယ်။
လုပ်ငန်းခွင်ပေါ် အာရုံစူးစိုက်နိုင်ဆုံးလူပါ။ လုပ်ငန်းခွင်အတွက် အလုပ်စွမ်းရည် ၇၅ ရာခိုင်နှုန်းက အဲဒီလူတွေဆီက လာတာပါ။ သာမန် ၀န်ထမ်းတွေထက် လုပ်ငန်းခွင်ကို ပိုအလေးထားပြီး သာမာန်လူတွေထက် နှစ်ဆ၊ သုံးဆ ပိုအလုပ်လုပ်နိုင်ပါတယ်။ မိမိလုပ်ငန်းခွင်ကို ချစ်မြတ်နိုးပြီး အလုပ်ကို တန်ဖိုးထားတတ်တဲ့သူပါ။ ငွေကြေး စကားတစ်ခွန်းမှ မပြောပါဘူး။ ကုမ္ပဏီ အဖွဲ့အစည်း အကျိုးကိုသာ ကြည့်ပြီး ကိုယ်ကျိုး မငဲ့ကွက်တတ်သူပါ။ အဲဒီလိုလူမျိုးတွေ လုပ်ငန်းခွင်တိုင်းမှာ ရှိတတ်ပါတယ်။ သူတို့ဟာ အလုပ်နဲ့ ဘ၀တန်ဖိုးကို တည်ဆောက် ထားကြတဲ့သူတွေပါ။ လုပ်ငန်း အကျပ်အတည်း ကာလမှာလည်း စိတ်ရှည်သီးခံတတ်သလို၊ အခက်အခဲတွေကိုလည်း ထိုးဖောက် ကျော်လွှားနိုင်စွမ်းရှိတဲ့သူတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်ထဲကနေ မထင်မှတ်ဘဲ နုတ်ထွက်တတ်ပါတယ်။ သူတို့ဟာ အထက်လူကြီးနဲ့ အဆင်မပြေတတ်ပါဘူး။ သူတို့လောက် အလုပ်အကြောင်း မတတ်သိသူတွေရဲ့ တွန်းတိုက်မှုကို ခံရတတ်ပါတယ်။ အဲဒီအချက်ကတွေကို မန်နေဂျာတွေက သတိပြုရပါမယ်။ သူတို့ကို အသိအမှတ်ပြုရမှာ ဖြစ်သလို သူတို့ရဲ့လုပ်ဆောင် ချက်တွေ ကောင်းမွန်တဲ့ အခါတိုင်း အလျဉ်းသင့်သလို ဂုဏ်ပြုပေးရပါမယ်။ အဲဒါဟာ လုပ်ငန်းခွင် ထဲမှာ အသုံးဝင်သူတွေကို အသိအမှတ်ပြုတဲ့ အလေ့အထကို တခြားသူတွေဆီကိုပါ သိမြင်နိုင် စေပြီး၊ စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့ လှုံ့ဆော်မှုကို ရပါမယ်။ လုပ်သားကောင်းတွေလည်း ပြိုင်ဘက် ကုမ္ပဏီတွေဆီကို ရောက်ရှိမသွားအောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်…။
အလုပ်တစ်ခုလုပ်မယ်ဆိုရင် လူတချို့က လစာဘယ်လောက်ရမှာလဲ၊ အကြံအဖန်ရှိလား၊ ဘေးပေါက်က ဘယ်လောက်ဝင်မှာလည်း အဲဒီစကားလုံးတွေအရင်မေးတတ်ကြတယ်။ အဲဒီလူမျိုး တွေဟာ လုပ်ငန်းခွင်ကို ၀ါသနာအရ ပညာအရ စိတ်မ၀င်စားတတ်ကြပါဘူး။ အဖွဲ့အစည်းရဲ့ စီးပွားရေးအဆောက်အအုံအပေါ်မှာ ခိုင်မြဲအောင်မပံ့ပိုးတတ်ပါဘူး။ သူတို့အဓိကထားတာက သူတို့ရဲ့ လစာဝင်ငွေပါ။ သူတို့ ၀င်ငွေလျော့ကျတာနဲ့တင် ကုမ္ပဏီအဖွဲ့အစည်းကို ငြိုငြင်တတ ပါတယ်။ ကိုယ့်ကုပ္မဏီကနေပြီး အပြင်လုပ်ငန်းတွေကို သွားရည်ယိုတတ်ပါတယ်။ ဘယ်ကုမ္ပဏီမှာ ဘယ်လောက်ရတယ် ဘယ်အလုပ်မှာ ဘယ်လိုအခွင့်အရေးမျိုး ရတယ်ဆိုတဲ့ သတင်းမှားတွေကို မိမိအဖွဲ့အစည်းမှာ ပြောဆိုလှုံ့ဆော်တတ်ပါ တယ်။ အဲဒီလိုလူမျိုးတွေကို တာဝန်ပေးလိုက်ရင် အလေအလွင့်အဖိတ်အစင်များတယ်။ သူတို့လုပ်ဆောင်ချက်မှားလို့ ဆုံးရှုံးနစ်နာရင်လည်း တခြားသူအပေါ်မှာ အပြစ်လွှဲချ တတ်ပါတယ်။ လုပ်ငန်းခွင်က အခွင့်အရေးတွေကိုလည်း အပြည့်အ၀ ယူပါတယ်။ အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီအဖွဲ့အစည်းရဲ့ အရေးပါတဲ့နေရာကနေ ရွှေ့ပြောင်းထားဖို့လိုပါတယ်။ အဲဒီလူစားမျိုးတွေက အဖွဲ့အစည်းအတွင်းကို လိုလေသေးမရှိအောင် ပြည့်စုံတဲ့ထောက်ခံချက်တွေနဲ့ ၀င်ရောက်လာတတ်ပါတယ်။ အရာရာကို သိမြင်နှံ့စပ်သူ၊ အရေးပါတဲ့သူပုံစံမျိုးနဲ့ ရောက်လာတတ်ပါတယ်။ လစာနဲ့ဝင်ငွေအတွက်ဆို ကုမ္ပဏီအဖွဲ့အစည်း တွေရဲ့ လျှို့ဝှက်ချက်ကို ပြိုင်ဘက်တွေဆီ ရောင်းစားတတ်ပါတယ်။ အဲဒီ လူစားမျိုးကို ကုမ္ပဏီ ဦးဆောင်သူတွေက အယုံအကြည် မလွန်ကဲဖို့ လိုပါတယ်။
(၃) လစာရော အလုပ်အတွက်ပါ လုပ်တဲ့လူ
အလယ် အလတ်တန်းစားလူမျိုးပါ။ သူတို့ကို ပေးထားတဲ့လစာနဲ့ သူတို့ခိုင်းတဲ့အလုပ် မျှတမှုကို လိုလားတဲ့သူပါ။ အလုပ်ကိုလည်း ပုံမှန် တာဝန်ကျေလုပ်မယ်။ ကုမ္ပဏီအဖွဲ့အစည်း ကလည်း ကတိက၀တ်ကိုကျေအောင် ဆပ်ရပါမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်ထဲမှာ မကျေနပ်မှု တွေကို ဗြောင်ကျကျတိုက်ခိုက်တတ်ပါတယ်။ သူတို့က မိမိလုပ်ငန်းရဲ့ ပြင်ပ အခြင်းအရာတွေကို စိတ်မ၀င်စားသလို၊ ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ စီးပွားရေးရည်မှန်းချက်ဟာ သူတို့နဲ့လုံးလုံး မပတ်သက်သလို နေတတ်ပြီး၊သူတို့အလုပ်နဲ့ လစာအပေါ်မှာပဲ စိတ်ဝင်စားပါတယ်။ အဲဒီ လူမျိုးတွေဆီက သာမန်ထက်ပိုကဲတဲ့ အလုပ်စွမ်းရည်ထွက်လာအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် လုပ်အားကိုယုံကြည်စွာ သုံးစွဲလို့ရပါတယ်။ လုပ်ငန်းခွင်အပေါ်မှာ အကြွင်းမဲ့ သစ္စာမထားသလို ထောက်ထားငဲ့ညှာမှာလည်း မဟုတ်ပါဘူး။ သူတို့က ပေးတဲ့လစာအပေါ် မူတည်ပြီး အလုပ်လုပ်တဲ့လူ စက်ရုပ်ပါ။ သူတို့ကို လစာပေးချင်ယောင်ဆောင်ရင်တော့ သူတို့က အလုပ်လုပ်ချင်ယောင် ဆောင်ပြပါလိမ့်မယ်။ သူတို့က အလုပ်ရဲ့စိန်ခေါ်မှုကို မကြိုက်ပါဘူး။ သမားရိုးကျ လုပ်ရိုးလုပ်စဉ်တွေကိုပဲ လုပ်ချင်ကြတယ်။ လုပ်ငန်းခွင်က သူတို့ရဲ့ အားလပ်ချိန်ကို ဖဲ့ယူခဲ့မိရင်တောင် အပြင်းအထန် စိတ်ဆိုးတတ်သူတွေပါ။ အလုပ်ကို အလုပ်ချိန်ထဲမှာပဲ လုပ်ရမယ်လို့ အရိုးစွဲနေတတ်သူတွေပါ။ အဲဒီလူတွေကို အလုပ်ရဲ့အခက်အခဲတွေဖြေရှင်းရတဲ့ နေရာမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေချရတဲ့ နေရာမျိုးတွေမှာ ထားမိရင် အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်ထဲမှာ လုပ်သက်ကြာရှည်တတ်ပေမယ့် အရေးပါတဲ့ နေရာကို ရောက်မလာတတ်ပါဘူး။
(၄) ရည်မှန်းချက်ကြီးတဲ့လူ
ဒီလူစားမျိုးက အဖွဲ့အစည်းရဲ့အရေးပါတဲ့ နေရာတွေကို ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ သူတို့က အလုပ်ရဲ့ စိန်ခေါ်မှုကို ကြိုက်နှစ်သက်ပြီး တိုးတက်မှုကို လိုလားသူတွေပါ။ အပြောင်းအလဲတွေ ဖန်တီးဖို့ အမြဲကြိုးစားတတ်ပါတယ်။ အလုပ်ရဲ့ အရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြဲတမ်း ပြုပြင်နေတတ်ပါတယ်။ သူတို့က အကျိုးအမြတ်တွေကို ဖန်တီးလာတတ်သလို၊ အဲဒီအကျိုးအမြတ် တွေကနေ သူတို့အတွက် ခွဲဝေပေးမှ သဘောကျ တတ်သူပါ။ အဖွဲ့အစည်းအတွင်းမှာ သူတို့ပန်းတိုင်ထား ကြိုးစားသလို၊ အဖွဲ့အစည်းရဲ့ ကိုယ်စားပြုပန်းတိုင်ကိုလည်း အရေးပါ ချီတက် တတ်ပါတယ်။သူတို့လူစားတွေက ကုမ္ပဏီအဖွဲ့အစည်းရဲ့ မူဝါဒတွေကို အလေးထားပါတယ်။ ချို့ယွင်းချက်တွေကို ချက်ချင်းပြုပြင် ပြောင်းလဲပစ်ဖို့ လိုလားပါတယ်။ အချိန်ဆွဲနေတာကို မကြိုက်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းကို စိတ်တိုင်းကျ ဦးဆောင်ချင်တဲ့သူတွေပါ။ တခြား ၀န်ထမ်း တွေကြားမှာ သူတို့က ထင်ပေါ်နေတတ်သလို၊ အတွန်းအတိုက်လည်း အမြဲခံရတတ်ပါတယ်။ သူတို့ဆီက ကုမ္ပဏီ အဖွဲ့အစည်းအတွက် အနာဂတ် ရည်မှန်းချက်အတွက် ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြံဥာဏ်သစ်တွေ ရတတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်တစ်ခုလုံးကို ထဲထဲဝင်ဝင်လေ့လာပြီး အမှန်တကယ် သိစပ်မြင်နှံ့သူတွေပါ။ သူတို့ကို အရေးမပါတဲ့နေရာတွေ မှာထားမယ်၊ သူတို့အခွင့်အရေးတွေကို ပိတ်ဆို့ထားမယ်ဆိုရင်တော့ ပြိုင်ဘက်ကုမ္ပဏီအတွက် အရေးပါတဲ့လူတော်တွေ လေ့ကျင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။သူတို့ကို စည်းရုံးဖို့အတွက်ကတော့ လုပ်ငန်းခွင်ထဲမှာ သူတို့အတွက် ကုလားထိုင်တွေ အလုံအလောက်ရှိကြောင်း ပြရပါမယ်။ ရေတိုရေရှည်စီမံကိန်းတွေမှာ သူတို့ရဲ့နာမည်နဲ့ လုပ်ငန်းရဲ့ဂုဏ်သိက္ခာ ထပ်တူကျကြောင်း ပြသရပါမယ်။ သူတို့ရဲ့ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုကို အမြဲလှုံ့ဆော်နေရသလို သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ တန်ဖိုးကိုပါ အဖွဲ့အစည်းက အလေးထားကြောင်း ပြသရပါမယ်။
(၅) ရည်မှန်းချက်မရှိတဲ့လူ
လူဆိုတာ အလုပ်လုပ်တယ်၊ ထမင်းစားတယ်၊ သတင်းစာဖတ်တယ်လို့ ယူဆထားတဲ့ လူစားမျိုးပါ။ လုပ်ငန်းခွင်ထဲကို ရင်းနှီးမှု နယ်ပယ်ကနေ ရောက်လာတတ်ပါတယ်။ ဘာတာဝန်မှ မယူချင်သလို ဘာအလုပ်မှလည်း မလုပ်ချင်ပါဘူး။ လုပ်ငန်းခွင်ထဲ ရောက်လာတာနဲ့ ဟိုသတင်းဒီသတင်းပြောပြီး ထမင်းချိုင့် အရင်ဖွင့်တတ်ပါတယ်။ လစာဝင်ငွေအတွက် လုပ်တာ မဟုတ်သလို မိမိပညာ၊ ကိုယ်ရည်ကိုယ်သွေးအတွက် အတွေ့အကြုံ လာရှာတာလည်း မဟုတ် ပါဘူး။ လူဆိုတာ အလုပ် လုပ်ရတယ်ဆိုတဲ့ စကားအတွက် အလုပ်လုပ်နေတာပါ။ လုပ်ငန်းခွင်ကို အပျော်သက်သက်သာ သဘောထားပြီး အစည်းအဝေးတက်ဖို့ အမြဲပျက်ကွက်တတ်သူပါ။ အဲဒီ လူစားမျိုးတွေက စီမံခန့်ခွဲသူတွေဆွဲယူလို့မရနိုင်တဲ့ လူစားမျိုးပါ။ အလုပ်အကိုင် တည်မြဲလေ့မရှိဘဲ လုပ်ငန်းခွင် ကူးပြောင်းနေရတာကို ပျော်မွေ့တတ်သူပါ။ အလုပ်ပေါ် တန်ဖိုးထားမှုကတော့ နည်းပါးပါလိမ့်မယ်။
အထက်ပါ လူစားမျိုးတွေက အလုပ်ခွင်ထဲ ရောနှော ပါဝင်နေတတ်ပါတယ်။ ဦးဆောင်သူတွေ၊ စီမံခန့်ခွဲသူတွေ၊ HR မန်နေဂျာတွေက ဘယ်သူတွေက ဘယ်လို လူစားဆို တာကို ခွဲခြားထားနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း လုပ်ငန်းခွင်ထဲက နေရာချထားမှုက အံဝင်ခွင်ကျဖြစ်နိုင်မယ်။ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်မှာပါ။ လ်ုငန်းခွင်ရဲ့အတွင်းစည်း အင်အားညီညွတ်မျှတမှဈေးကွက်မှာဖော်ဆောင်နေတဲ့ စီမံချက်တွေပ ရလဒ်ကောင်းလာနိုင်မှာပါ။
မိမိဝန်ထမ်းတွေအကြောင်း သိမြင်ဖို့က လုပ်ငန်းခွင်ထဲမှာ ပုံမှန်အစည်းအဝေးတွေ ရှိရပါမယ်။ လုပ်ငန်းရည်မှန်းချက်တွေကို ၀န်ထမ်းတွေအတွက် ရှင်းလင်းစွာသိထားဖို့ လိုပါတယ်။ လုပ်သား တွေရဲ့ အလုပ်အပေါ် စိတ်ဝင်စားမှု၊ တခြားစိတ်ခံစားချက်များ၊ ဌာနအသီးသီးရဲ့ ပုံမှန် အစည်းအဝေး တွေကို အမှုဆောင်အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးရပါမယ်။ အုပ်ချုပ်မှု အဆင့်ဆင့် ကွင်းဆက်မပြတ်ရသလို၊ အောက်ခြေကနေ စီအီးအိုကြားမှာ ရံဖန်ရံခါ ရင်းနှီးမှု အတွက် ထိတွေ့ဆက်ဆံရပါမယ်။ ၀န်ထမ်းကို ကုမ္ပဏီအဖွဲ့အစည်းက ဂရုစိုက်မှု ပြသရင် ၀န်ထမ်း တွေ ကလည်း အဖွဲ့အစည်းအပေါ် ပြန်လည်ဂရုစိုက်လာမှာပါ။
အဲဒါကြောင့် ကော်ပိုရိတ် စီးပွားရေးမှာ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အသက် သွေးကြောတမျှ အရေးပါတာပဲ ဖြစ်ပါတယ်။ လူကို စီမံခန့်ခွဲမယ်ဆိုရင်….ယဉ်ကျေးမှု ကူးစက် ပါစေ။ ကုမ္ပဏီအဖွဲ့အစည်းထဲကို အထက်မှာ ဖော်ပြထားတဲ့လူတွေ ရောက်ရှိလာပါမယ်။ သူတို့ထဲက ဘယ်လိုလူမျိုးတွေပဲ ယူမယ်လို့ ကြိုတင်ဆုံးဖြတ်ထားလို့ မရပါဘူး။ ၀န်ထမ်းအားလုံး ဟာ အစမ်းခန့် သုံးလအတွင်းမှာတော့ ပြည့်စုံကောင်းမွန်နေတတ်ကြပါတယ်။ အဲဒီနောက်ပိုင်း မှာတော့ အမှုဆောင်အရာရှိတွေဟာ ၀န်ထမ်းဟောင်းဖြစ်သွားတဲ့ လူတွေအပေါ်မှာ အာရုံစူးစိုက်မှု မရှိတော့ ပါဘူး။ ၀န်ထမ်းတွေဘက်ကလည်း ကုမ္ပဏီရဲ့ အားနည်းချက်တွေကို ထိုးဖောက်သိမြင် သွားပါပြီ။ ကုမ္ပဏီဝန်ထမ်းဟောင်းတွေရဲ့ အမူအကျင့်တွေက ကူးစက်သွားပါပြီ။ ၀န်ထမ်းဟောင်း တွေက ၀န်ထမ်းသစ်တွေအပေါ် အလုပ်အကြောင်း သင်ပေးချင်မှ သင်ပေးပါလိမ့်မယ်။ ကုမ္ပဏီ အဖွဲ့အစည်းရဲ့ အားနည်းချက်ကို အခွင့်အရေးယူတတ်ဖို့ကိုတော့ မပျက်မကွက် သင်ပေးပါ လိမ့်မယ်။ အဲဒီ အလေ့အထကို ဦးဆောင်သူတွေအနေနဲ့ သိမြင်ထားဖို့ လိုပါတယ်။ ၀န်ထမ်း ဟောင်းတွေနဲ့ ၀န်ထမ်းသစ်တွေကြား ဘယ်လိုအလေ့အထ ကူးစက်သလဲဆိုတာ စနစ်တကျ စစ်တမ်း ကောက်ယူထားရမှာပါ။
အထက်ပါ လူငါးမျိုးထဲက မျိုးတူအုပ်စုတွေကို သီးခြား ခွဲထုတ်ပြီး သီးခြား စီမံခန့်ခွဲရမှာပါ။ နံပါတ်တစ် လုပ်ငန်းခွင်အတွက် အားထားရဆုံးဖြစ်တဲ့ နံပါတ် တစ်အုပ်စုကို နံပါတ်နှစ်၊ သုံး၊ လေးနဲ့ ပူးတွဲ မလုပ်ကိုင်စေသင့်ပါဘူး။ အဲဒီလိုမဟုတ်ရင် အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တဲ့လူတွေပါ အလုပ်အပေါ် စိတ်ဝင်စားမှု လျော့ကျ သွားပါလိမ့်မယ်။ နံပါတ်တစ်အုပ်စုက လူတွေကို လစာ တိုးပေးမယ်၊ ကြိုးစားပါလို့ သွားပြောမိရင် စီမံခန့်ခွဲသူအနေနဲ့ စော်ကားသလိုမျိုး ဖြစ်ပါလိမ့်မယ်။
သူတို့လို လူမျိုးတွေအတွက် လစာစရိတ်ထက် ကော်ပိုရိတ်ရဲ့ ကြင်နာမှုကို ပိုဂရုစိုက် တတ်သူပါ။ ဌာနခွဲ မန်နေဂျာတွေက သူတို့ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းမျိုးတွေ မေးသင့်ပါတယ်။ သူတို့ရဲ့ခံစားမှုကို တလေးတစား နားထောင်ဖို့ လိုသလို၊ သူတို့ရဲ့ မိသားစုဘ၀တွေကိုပါ စိတ်ဝင်စားမှုရှိကြောင်း ပြသရပါလိမ့်မယ်။ လိုအပ်ရင် အကူအညီပေးဖို့ကို တုန့်ဆိုင်း မနေသင့် ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းနဲ့ သူတို့ကြားက သံယောဇဉ်ကြိုးဟာ အလုပ်စွမ်းရည်ရဲ့ ဂရပ်မျဉ်းကို တိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်။
နံပါတ်နှစ်လူမျိုးက အန္တရာယ်ရှိပါတယ်။ အဲဒီလို လူစားမျိုးတွေများပြားလာရင် ကုမ္ပဏီ အဖွဲ့အစည်းဟာ တမဟုတ်ချင်း ပျက်စီးသွားနိုင်ပါတယ်။ ပထမဦးဆုံး အဲဒီလူမျိုးတွေ များလာရင် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားနဲ့ ဘာမှမကျက်ရင်လည်း အစိမ်းစားမယ့်သူတွေပါ ပေါ်လာပါလိမ့်မယ်။ သူတို့က လာဘ်ပေးလာဘ်ယူအတွက် ၀န်မလေးသလို ကုမ္ပဏီအဖွဲ့ အစည်း အတွက် အကျင့်ဆိုးတွေ သယ်ဆောင်လာတတ်ပါတယ်။ ငွေမုဆိုးတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာ အတွက် ထည့်မစဉ်းစားတတ်သူတွေပါ။ အနီရောင်အမှတ်အသားနဲ့ဖယ်ရှားဖို့ အချက် အလက် ရှာထားရပါမယ်။ အဲဒီလူမျိုးတွေဆီက ရစရာတစ်ချက်ရှိပါတယ်။ စည်းကမ်းထိန်းသိမ်းရေး အတွက် တခြားသူတွေရှေ့မှာ နမူနာအပြစ်ပေးမှုမျိုးကို အဲဒီလူတွေအပေါ် ပြုလုပ်လို့ရပါတယ်။
နံပါတ်သုံးလူတွေအတွက်ကတော့ ကုမ္ပဏီရဲ့တည်ငြိမ်တဲ့ပုံစံမျိုးကိုသာ ပေးရပါလိမ့်မယ်။ သူတို့ရဲ့ ပုံသေ၀င်ငွေတွေကို ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးရတဲ့ အနေအထားတစ်ခုပဲ လိုအပ်ပါတယ်။ သူတို့ဆီက ပုံမှန်အလုပ်စွမ်းရည်ကို ရရှိနေသရွေ့တော့ သူတို့ကို အရေးတကြီး ကိုင်တွယ်နေစရာ မလိုအပ်ပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အားနည်းသွားပြီဆိုရင်တော့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီအဖွဲ့အစည်းက အရေးတယူ စောင့်ကြည့် ပေးရပါမယ်။ ပုံမှန်အလုပ်စွမ်းရည်ရဖို့ သူတို့လူစုရဲ့အခက်အခဲကို ကြားဝင်ဖြေရှင်း ပေးရတာမျိုးက လွဲလို့ ရှုပ်ရှုပ်ထွေးထွေး သိပ်မရှိလှပါဘူး။နံပါတ်လေးလူတွေက မိသားစုပုံစံ စီးပွားရေးတွေနဲ့ အသေးစားကုမ္ပဏီတွေမှာ အတွေ့ရနည်းတတ်ပေမယ့်၊ ကော်ပိုရိတ်တွေ ထဲမှာတော့ အများအပြား ရှိတတ်ပါတယ်။ ထက်ထက်မြက်မြက်လူငယ်တွေ တွေ့ရတာနဲ့ ဂရုတစိုက် စောင့်ကြည့်ရမှာက ဌာနခွဲမန်နေဂျာတွေပါ။ သူတို့က လူငယ်တွေအပေါ် အစိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။ ကုမ္ပဏီ အဖွဲ့အစည်းမှာ အမှည့်တ၀င်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုရင်တော့ တစ်စုံတစ်ရာလွဲချော်နေပါပြီ။ ရည်မှန်းချက်ရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေအတွက် ကုမ္ပဏီအဖွဲ့အစည်းမှာ စွန့်စားဖို့ Branch တွေရှိဖို့ လိုတယ်။ လုပ်ငန်းကျွမ်းကျင်မှု အားနည်းမယ်ဆိုရင်တောင် သူတို့မှာ အသိအမြင် သစ်တွေရှိပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ဖြေရှင်းဖို့အင်အားဟာ အဲဒီလူစုမှာရှိပါတယ်။ သူတို့အုပ်စုက ကုမ္ပဏီအဖွဲ့အစည်းကို သွေးသစ်လောင်းပေးမယ်။ ခေတ်မီအောင် ပြုပြင်ပေးလိမ့် မယ်။ အဲဒီအတွက် ဦးဆောင်သူတွေက သဘောထားကြီးဖို့နဲ့ အပြောင်းအလဲတွေ အားပေး လက်ခံနိုင်စွမ်းရှိဖို့ လိုပါလိမ့်မယ်။ စီးပွားရေးသစ် မှာ ရေရှည်အောင်မြင်မှုရဖို့ဆိုတာ ကုမ္ပဏီ အဖွဲ့အစည်းမှာ အိုင်ဒီယာအသစ်တွေ ဘယ်လောက် မွေးမြူထားသလဲဆိုတဲ့ပေါ် မူတည်နေမှာပါ။ ခေတ်မမှီတော့တဲ့ ကျွမ်းကျင်မှုဟာ ပစ္စုပ္ပန်ရပ်တည် မှုအတွက်သာဖြစ်ပြီး အနာဂတ်ကို တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။
နံပါတ်ငါးလူတွေက လုပ်ငန်းခွင်ထဲက ပျော်တော်ဆက်တွေပါ။ တခြားသူတွေ အင်တိုက် အားတိုက်ကြိုးစားလို့ ပင်ပန်းနေတဲ့အချိန်မှာ သူတို့က အရွှန်းဖောက် ဖျော်ဖြေတတ်ပါတယ်။ သူတို့ရှိတဲ့အတွက် လုပ်ငန်းခွင်အတွင်းရင်းနှီးမှုတွေကို ဖောင်ဆောင်နိုင်ပါတယ်။ နှစ်ပတ်လည် ညစာစားပွဲတွေမှာ အဲဒီလူမျိုးတွေကြောင့် အဖွဲ့အစည်းတွင်းကလူတွေ ပျော်ရွှင်ရတတ်ပါတယ်။ ဒါဟာ ကုမ္ပဏီမှာ လစာစရိတ်တွေ ဘတ်ဂျက်ပြည့်စုံနေတဲ့အချိန်မျိုးဆိုရင် အဲဒီလူမျိုးတွေဟာ ၀န်ထုပ်ဝန်ပိုးမဖြစ်သေးပါဘူး။ မိုးထဲရေထဲ ကြိုးစားလုပ်ကိုင်နေချိန်မှာတော့ သူတို့ကို လက်တွဲဖြုတ် ထားခဲ့ပါ။ သူတို့ကလည်း လိုလိုချင်ချင် နေရစ်ခဲ့ပါလိမ့်မယ်။
ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ ဘယ်လိုလူမျိုးတွေကိုပဲ ယူမယ်ဆိုပြီး နာရီဝက်စာ အင်တာဗျူးတွေမှာ ချက်ချင်း ဆုံးဖြတ်လို့မရပါဘူး။ လုပ်ငန်းခွင်တိုင်းမှာ လူငါးမျိုးစလုံး ရှိနေမှာပါ။ မလိုအပ်တဲ့ လူစားမျိုးတွေ လုံးဝ မရှိအောင် လုပ်လို့ မရပေမယ့်၊ လူကောင်းတွေ များလာအောင် ဖန်တီးလို့ရပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းအတွင်းမှာ လစဉ်စည်းဝေးပါ။ တစ်နှစ်ကို နှစ်ကြိမ် ၀န်ထမ်းအားလုံးရဲ့ ဆန္ဒတွေကို စစ်တမ်းကောက်ယူပါ။ အထက် အောက်ဆက်ဆံမှု အပြန်အလှန် ပြေပြစ်မှုရှိအောင် လုပ်ဆောင်တတ်ပါစေ။ မိမိရရဲ့ အမှားအယွင်းကို မိမိကိုယ်တိုင် တာဝန် ယူခိုင်းပါ။ ရလဒ်ကောင်းတဲ့ လူတွေအတွက် အကျိုးခံစားခွင့် တိတိကျကျရရှိအောင် ပြုလုပ်ထားပါ။ ၀န်ထမ်းအချင်းချင်း ကောင်းမွန်တဲ့ ယဉ်ကျေးမှုတွေ ကူးစက်ပါစေ။ အရေးကြီးဆုံးအချက်က လူကို လူလို ဦးဆောင်သူတွေ မြင်တတ်ဖို့ပါပဲ။ လစာကောင်းကောင်း ပေးထားရုံနဲ့ ပြီးပြည့်စုံတဲ့ ၀န်ထမ်းတွေ ရရှိမယ်ဆိုပြီး တရားသေ ယူဆမထားဖို့တော့ လိုပါလိမ့်မယ်။
MATUT HTI NA »
Labels: Ramma Lamang
ခေါင်းဆောင်ကောင်းတစ်ဦး
ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့် ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ၀င်ရောက်ကြမည့် MBA ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ၀င်ရောက်လာသည်။
ဧည့်သည်တော် နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာစိမ်းလူငယ် တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ စီးပွားရေး နယ်ပယ်တွင် လူသိများသော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ် ဆရာနှင့် မတိမ်းမယိမ်း ၆၀ ခန့်ရှိမည်။ ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည် ယခင်နှစ်က ဤကျောင်းမှ ကျောင်းပြီး သွားသော အဆင့်တစ်ရ MBA ကျောင်းသား တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ ဆရာ၏အထက်တန်း ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်။ သူ၏ ပညာအရည်အချင်းမှာအထက်တန်းအောင်ရုံမျှသာဖြစ်သည်။ဆရာက ဤဧည့်သည်တော် နှစ်ဦးသည် “ခေါင်းဆောင်ကောင်းတစ်ဦး” ဟုသော ခေါင်းစဉ်ကို မိနစ်၂၀ကြာမျှ ဟောပြောကြမည်ဖြစ်ပြီး သူတို့ဟောပြောသော ခြားနားချက်ကို ကျောင်းသားများ က ရေးမှတ် ရမည်ဖြစ်သည်။ ပထမဦးစွာ အဆင့်တစ်ရ ကျောင်းသားက မိနစ်(၂၀) အချိန်တိုတို အတွင်းတွင် နာမည်ကြီး ခေါင်းဆောင် ငါးဦးတို့၏ အတွေ့အကြုံနှင့် ဦးဆောင်ပုံများကို ပြောခဲ့သည်။ ထိုသူငါးဦးမှာ GE(General Electric) မှ Jack Welch၊ Intel မှ Andrew S. Grove၊ စီမံခန့်ခွဲမှုး Peter F. Drucker နှင့် ထိုင်ဝမ်မှ နာမည်ကြီး နှစ်ဦးလည်းပါဝင်သည်။ ထိုသူငါးဦး၏ ဦးဆောင်နည်းမှာ ခေါင်းဆောင်ကောင်းတစ် ဦးတွင် ရှိသင့်သည်ဟု ပြောကြားခဲ့သည်။
လူငယ်မှာ ယုံကြည်မှုအပြည့်နှင့် ပြောဟောအပြီး မိုက်ခရိုဖုန်းကို နောက်လူအား ကမ်းလိုက်သည်။ ထိုသူမှာ တစ်ချက်ပြုံးပြီး စကားစလိုက်သည်။ “ ဒီ ခေါင်းဆောင်းကောင်း တစ်ဦး ဆိုတဲ့ခေါင်းစဉ်ကို ကျွန်တော် စကား တစ်ခွန်းထဲနဲ့ပဲ အပြီးသတ်လိုက်လို့ရတယ်။ ဒါပေမယ့် ကျွန်တော့်ကို အချောင်ခိုတယ် ထင်မှာဆိုလို့ ဒီစကား တစ်ခွန်းကို မိနစ်(၂၀)အသုံးပြုပြီး ကျွန်တော်ပြောရတော့ မယ်။ ဒီဦးဆောင်မှုကို ရှုပ်ထွေးအောင် လုပ်ခဲ့မိတဲ့ ကျွန်တော့်အဖြစ်လို့ နောင်တစ်ချိန်မှာ မကြုံကြစေဖို့မျှော်လင့်ပါတယ်”
“ကျွန်တော့်လုပ်သက် အနှစ်(၄၀)လုံးလုံးမှာ ကျွန်တော်သိချင်တဲ့ ကိစ္စတစ်ခုကို မပြတ် လေ့လာခဲ့မိတယ်။ အဲတာကတော့ ကျွန်တော့် ကုမ္ပဏီမှာ အလုပ်လာလုပ်တဲ့ လူတွေဟာ “ငွေ” ကြောင့်မဟုတ်ဘဲ “စိတ်”ကြောင့်လားဆိုတာပါပဲ။ အဲတာကို သိဖို့ အနှစ်(၄၀)လုံး ကျွန်တော် လေ့ကျင့်ခဲ့ရတယ်”
(ဤနေရာတွင် “စိတ်”ကြောင့်ဆိုသည်မှာ စိတ်ပါလက်ပါ ကိုဆိုလိုခြင်းဖြစ်ပြီး “ငွေ”ကြောင့် ဆိုသည်မှာလခဖြစ်သည်)
“ငွေ”ကြောင့်ဆိုတာက လုပ်ရတာ လွယ်ပါတယ်။ စီမံခန့်ခွဲတဲ့ ပညာရှိရင် လုံလောက်ပါပြီ။ ဒါပေမယ့် “စိတ်”ကြောင့်ဆိုတာက ခက်တယ်။ ၀န်ထမ်းတွေ ကိုယ့်ကို စိတ်ထဲကနေ လက်ခံလာဖို့လိုတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ခေါင်းဆောင်ကောင်း တစ်ဦးဆိုတာ အကျယ်တ၀င့် ပြောနေစရာ မလိုဘူး.. “ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်ဖို့ သင်ယူနေတာဟာ လူလုပ်တတ်ဖို့ သင်ယူနေတာနဲ့ အတူတူပဲ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ ခုနားခေါင်းစဉ်ကို ပြောချင်ပါတယ်”
“ဒီခေါင်းစဉ်ကို ဘာမှ နားမလည်တဲ့အဆင့်၊ ပ ရာထူး၊ ဒု ရာထူး၊ တ ရာထူးကနေ သူဌေးအထိ အဆင့်(၅)ခုခွဲပြီး ကျွန်တော်ပြောချင်ပါတယ်။ လူလုပ်တတ်ဖို့အတွက် အဆင့်တစ်ဆင့်ချင်းကို ကျွန်တော်လေ့လာခဲ့တယ်။ အဆင့်(၅)ဆင့်ထဲကို နှစ်(၄၀)လောက် ကျွန်တော် ဖြုန်းခဲ့ရတယ်။ ကျွန်တော်ကျောင်းပြီးစ ဘာမှမသိ နားမလည်တဲ့ အချိန်တုန်းက No ဆိုတာကို နည်းနည်းပဲ ပြောပြီး Yes ဆိုတာကို များများပြော တတ်အောင် ကျင့်ခဲ့တယ်။ အလုပ်ကပေးတဲ့ ကိစ္စတွေ ဘယ်လောက်ခက်ခဲပါစေ ကျွန်တော် Noလို့ မပြောဘူး။ အဲဒီကိစ္စကို ကိုယ်တိုင်ဘယ်လို ဖြေရှင်းမလဲ ဆိုတာပဲ ကျွန်တော်စဉ်းစားတယ်။ အဲဒီလို လေ့ကျင့်တာ ကြာလာတော့ ကိုယ့်ကို တဖြေးဖြေးကြီးပြင်းလာပြီလို့ခံစားမိတယ်”
“အဲဒီလိုနဲ့ ရာထူးတက်ပြီး ပထမအဆင့်ကို ရောက်တော့ နည်းနည်းပြောပြီး များများနား ထောင်တတ် အောင် ကျင့်ခဲ့တယ်။ နားထောင်နိုင်တဲ့ အချိန်မှာ ကျွန်တော် နုတ်မဟခဲ့ဘူး။ သူတို့ပြောတဲ့ စကားတွေထဲက ဘယ်အရာဟာ အရေးကြီးသလဲ ဆိုတဲ့အချက်ကို ခွဲတတ်အောင် ကျွန်တော်ကျင့်ခဲ့တယ်။ လေ့ကျင့်တာ ကြာလာတော့ စကားပြောတဲ့အချိန်မှာ အရေးကြီးတဲ့ အချက်ကိုပဲပြောတဲ့အသိကိုရလိုက်တယ်”
“ရာထူးနောက်တစ်ဆင့် တက်တော့ “ငါ”ဆိုတာကို နည်းနိုင်သမျှနည်း “သူ”ဆိုတာကို များနိုင်သမျှ များအောင် ကျင့်ခဲ့တယ်။ ဒါက သူတစ်ပါးအတွက် ပိုစဉ်းစားပေးပြီး ကိုယ့်အတွက် လျော့စဉ်းစား တာကို ပြောတာ..ဘာမဆို တစ်ဖက်လူရဲ့ ရှုထောင့်က ကြည့်ပေးတယ်။ လေ့ကျင့်တာ ကြာလာ တော့သဘောထားကြီးလာတယ်..ရက်ရောတတ်လာတယ်”
“နောက်တစ်ဆင့် ထပ်တက်တော့ အဟောင်းနည်းပြီး အသစ်ကို များများ လက်ခံတတ် အောင် ကျင့်ခဲ့တယ်။ သဘောက ကျွန်တော်လုပ်လို့ အောင်မြင်ခဲ့တဲ့ အရာတွေကို ထပ်သလဲလဲ မလုပ်တော့ဘူး။ လုပ်ရင် အသစ် အဆန်းကို မစမ်းသပ်မိမှာစိုးလို့... လေ့ကျင့်တာ ကြာလာတော့ အသစ်တွေကိုမပြတ်ထွင်နိုင်ခဲ့တယ်”
“နောက်ဆုံး ကုမ္ပဏီထောင်ပြီး ကိုယ်တိုင်သူဌေးလုပ်တော့ သိတာကို နည်းပြီး များများဖတ်တတ် အောင် ကျွန်တော်ကျင့်ခဲ့တယ်။ ဘာမှ မသိနားမလည်တဲ့ အဆင့်ကနေ တစ်ဖန်ပြန်စဖို့ ကိုယ့်ကိုလေ့ကျင့်ခဲ့တယ်။ အချိန်ပေးပြီး စာပိုဖတ်ခဲ့တယ်။ စာဖတ်များလာတော့ ကိုယ်မသိ နားမလည်တာများသေးကြောင်း ကိုယ့်ရဲ့ ဟာကွက်တွေကို ပြန်မြင်လာတယ်”
နောက်ဆုံးတွင် ဆရာက ကျောင်းသားများအား အတွေ့အကြုံ မရှိသူနှင့် ရှိသူကို ဟောပြောခိုင်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ရိုးရှင်းသော အဖြစ်တစ်ခုကို ကျောင်းသားများ ကိုယ်တိုင်ခံစားမိ စေရန်နှင့် ခေါင်းဆောင် ကောင်း တစ်ဦးဖြစ်ရန် ကြံစည်နေသူများ လူပီသဖို့ အရင်ကြိုးစားသင့်ကြောင်းပြောသွားခဲ့သည်။
မိမိကိုယ်တိုင်က လူမလုပ်တတ်ခဲ့ရင် လူတွေကို ဘယ်လို ဦးဆောင်မလဲ... အသိပညာဆိုတာ လူပီသတာနဲ့ဆက်နွယ်နေတယ်။
MATUT HTI NA »
Labels: Ramma Lamang