Slideshow Image 2

ဆွတ်ငိုင်ယန်ရွာသားများ၏ ပစ္စည်းများ ဗမာစစ်သားများခိုးယူ

ကိုလှဂျာနေအိမ်နှင့် မိသားစုဝင်များ
စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဗမာစစ်သားများ အချင်းချင်းမှားယွင်းပစ်ခတ်ရာမှ ရွာထဲသို့ ၀င်လာပြီး နေအိမ်အတွင်း ရှိနေသောအိမ်သားများအားလုံးကို ဆွတ်ငိုင်ယန်တောင်ကုန်းပေါ်သို့ ဓါးစာခံ အဖြစ်ခေါ်ဆောင်သွားပြီးနောက် ကျန်ရှိသော စစ်သားများက ရွာသားများ၏ ပစ္စည်းများကို စိတ်တိုင်းကျ ခိုးယူသွားခြင်းဖြစ်ကြောင်း ပြောကြားလာပါသည်။ အိမ်တိုင်းနီးပါး ၀င်ရောက်ရှာဖွေခြင်းခံရပြီး၊ ၎င်းစစ်သားများ လိုချင်သည့်အရာများကို ယူဆောင်သွားကြောင်း ဒေသခံများကပြောကြားလာပါသည်။ ကိုလှဂျာဆိုသူ၏ နေအိမ်မှ ကျောက်ကြည့်ဓါတ်မီး နှစ်လက်၊ ဖုန်း ၁ လုံး၊ ငွေသား ၇၀၀၀ ကျပ်ပါသွားကြောင်းနှင့် သေတ္တာ၊ ဗီဒိုများအားလုံး မွှေနှောက်ရှာဖွေခြင်းခံခဲ့ရသည်ဟု ၎င်းကိုယ်တိုင်ပြောပြလာပါသည်။

ဦးဒ၀မ်လှဝမ်နေအိမ်နှင့် မိသားစုဝင်များ
ဦးဒ၀မ်လှဝမ် နေအိမ်မှ ဖုန်း ၃လုံး၊ ကျောက်စိမ်း အပွင့်ထုတ်ပြီးသား ၈၀ ပွင့်၊ ထည်လုံးစိမ်း ၁ လုံး၊ ကျောက်ဖြတ်သား ၅ ခု၊ ငွေသား ၁ သိန်းခွဲခိုးယူခြင်းခံခဲ့ရပါသည်။ ဦးဒ၀မ်လှဝမ်အိမ်မှာ အခင်းဖြစ်ပွားသည့် အချိန်တွင် နေအိမ်အား သော့သေချာစွာ ခတ်ထားခဲ့သော်လည်း ဗမာစစ်သားများက သော့များအား သေနတ်ဖြင့် ပစ်ခတ်ပြီးဖွင့်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ အမျိုးသမီးက ပြောပြပါသည်။ ဗမာစစ်သားများသည် ရွာသားများ၏ ပစ္စည်းများကို ခိုးယူသွားသည်သာမက ၎င်းတို့နေအိမ်များကိုလည်း သေနတ်များဖြင့်ပစ်ခတ်ခဲ့ပြီး ပျက်စီးမှုများလည်းရှိကြောင်း ဒေသခံများကပြောကြားလာပါသည်။ “တစ်ရွာလုံးကို တောင်ကုန်းပေါ်ခေါ်ထားမှတော့ ဘာမလည်းမတတ်နိုင်ဘူး၊ ဘာမှလည်းမယူသွားနိုင်ဘူး၊ သူတို့က အိမ်ကို သေနတ်တွေနဲ့ချိန်ပြီး ရှိတဲ့လူအကုန်လုံးကိုခေါ်သွားတာကိုး၊ ည ၆ နာရီကျော်မှ အိမ်ပြန်ရောက်တော့ ပစ္စည်းတွေ မွှေနှောက်ထားတယ်ဆိုတာသိရတယ်၊ ပစ္စည်းလိုက်စစ်ကြည့်တော့မှ ခိုးခံရမှန်းသိတာကိုး” ဟုဒေသခံတစ်ဦးက ရှင်းပြပါသည်။ အချို့မှာ ရွှေငွေ၊ လက်ဝတ်ရတနာများလည်း ခိုးယူခြင်းခံခဲ့ရကြောင်း၊ အချို့မှာ တောင်ကုန်းပေါ် ရောက်မှ ဖုန်းသိမ်းခံခဲ့ရသည်ဟုသိရှိရပါသည်။ ဖုန်းသိမ်းခံခဲ့ရသည့် လူ ၈ ဦးရှိပြီး မည်သူမျှဖုန်းပြန်လည် မရရှိခဲ့ကြပေ။ “အခုဗမာစစ်သားတွေက ပြည်သူတွေဆီက ဓါးပြတိုက်တာဖြစ်သွားပြီ၊ အစိုးရလို့ ဘယ်လို ခေါ်ရတော့မလဲ” ဟု ၎င်းတို့၏ခံစားချက်ကိုပြောပြပါသည်။

6 comments:

Anonymous said...

moi2 kaw na lagu sha ai ni re myen she nga yang nlang hpa sha na law gwi htan pi grau sawng ai ni she re........................

Anonymous said...

Lagut lagut

shatapru masha said...

burma ဆိုတာ ခိုးဆိုးလုယှက်သူ လို့ အဓိပါယ်ဖွင့်ရင်မမှားဘူး ထင်တယ်။

padang yesu said...

La wan hkan ra ai rai nga,MARA lu ai wa gaw nshachyut tim hprawng na ma ai.anhte mung shawa ni mung myit yu ra sai.

Anonymous said...

RIP

Anonymous said...

dai myen n gi ni hpe hki makai kaba hte hkan kabai bun dat ra nga ai.Wi.-------ဘုတ်

Post a Comment