MATUT HTI NA »
ကန်ပိုင်တီ၌ ပါဂျဲရိုကားများ အစိုးရတပ်မှ အဓမ္မချောဆွဲ
ဒီတစ်ပတ်အတွင်း ၀ိုင်းမော်မြို့နယ်၊ ကန်ပိုင်တီမြို့မှာ ပါဂျဲရိုကားများ အလှည့်ကျ ချော လိုက်နေရကြောင်း သိရသည်။ မြစ်ကြီးနား- ကန်ပိုင်တီ လိုင်းပြေးနေသော ပါဂျဲရိုကား များကို ဗျူဟာမှူးမှ အဓမ္မချော ခေါ်ပြီး ဆီဖိုးပင် မပေးပဲ စစ်တပ်မှ အသုံးပြု ခိုင်းစေနေကြောင်း ကားဆရာ တစ်ဦးထံမှသိရသည်။
အရင်ကချောမရှိဘူး၊ ဂိတ်ကြေးပဲရှိတယ်၊ ကန်ပိုင်တီမြစ်ကြီးနား ကားခ ဈေးကြီးတယ်ဆိုတာ ဂိတ်ကြေးကြောင့်ပါ၊ တစ်ဂိတ်ကို (၃၀၀၀) ကနေ (၅၀၀၀) ထိပေးရတယ်၊ မြစ်ကြီးနား ကန်ပိုင်တီ (၂) နာရီကျော်ပဲ မောင်းတဲ့ခရီးကို ကားခ (၂၅၀၀၀) ကောက်တယ်ဆို ဂိတ်ကြေးကြောင့်ပါ။ ကျွန်တော်တို့ ခရီးသည်တွေကို ကားခတောင်းဖို့ တောင်အားနားတယ်၊ အဖက်ဖက်ကနေ ၀ိုင်းညစ်ခံနေရလို့ ကျွန်တော်တို့လည်း လုပ်ကိုင်စား သောက်တာ ဘာမှ မကျန်ဘူး ဟုကားဆရာတစ်ဦးက ဆိုသည်။
“ကျွန်တော် လွန်ခဲ့တဲ့ (၄) ရက်က ပဲချောလိုက်ခဲ့ရတယ်၊ ဂိတ်မှူးက ဒီမနက်ပြန်ခေါ်တယ်၊ ဒါကြောင့် ကျွန်တော်စိတ်ပေါက်ပေါက်နဲ့ အခု အစ်ကို (၃) ယောက်ထဲနဲ့ လှစ်ခဲ့ရတယ်၊ ဂိတ်မှူးလည်း စိတ်ညစ်နေပြီ” ဟု ပြောပါသည်။
ကန်ပိုင်တီမြို့စစ်တပ်နှင့် အာလကများ သည် ပြည်သူနှင့် ခရီးသည်များကို နည်းမျိုးစုံဖြင့် နှိပ်စက်နေ ကြကြောင်း၊ သစ်၊ ကျောက်စိမ်း မှောင်ခိုများ ထံမှလည်း မတန်တစ်ဆငွေများ တောင်းယူ နေကြကြောင်း သတင်းရရှိပါသည်။ (အားတီ)
MATUT HTI NA »
ကချင် လူမှုကူညီကယ်ဆယ်ရေး၊ လူ့အခွင့်အရေးနှင့် ဘာသာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ကြေငြာ
ချက်ချင်းထုတ်ပြန်ရန် : ကချင်ပြည်နယ်အတွင်း လူမှုကူညီစောင့်ရှောက်ရေး အခြေအနေ
နမ်လင်းပါကျေးရွာ အနီးတ၀ိုက်တွင် ထွက်ပြေးရှောင်တိမ်းသူဦးရေ တိုးပွားလာခြင်း
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သော်လည်း မြန်မာအစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိပါသည်။ နမ်လင်းပါကျေးရွာအနီး လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံရွာသားများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များမှာ လုံခြုံရေးအတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါသည်။ ဒေသခံပြည်သူများမှာ ရက်သတ္တပတ်(၃)ပတ်ခန့်ကြာအောင် ၀န်းရံပိတ်ဆို့ခြင်းကို ခံခဲ့ကြရပါသည်။ ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများမှ ခွင့်ပြုချက် အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်း ကန့်သတ်ချက်မဲ့ ကူညီထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ခွင့်ပြုချက် မရရှိခဲ့ပါ။
ကျောင်းသူကျောင်းသား (၇၀၀) ကျော်နှင့် ဆရာ၊ ဆရာမ (၃၄)ဦးရှိသည့် နမ်လင်းပါကျေးရွာ ဘော်ဒါကျောင်း ပတ်လည်တွင် မြန်မာအစိုးရစစ်တပ်မှ တပ်စခန်းများ ဆောက်လုပ်နေကြောင်း ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်၊ စနေနေ့ညနေပိုင်းအချိန်တွင် သတင်းရရှိခဲ့သည်။ ကျောင်းသူကျောင်းသားများနှင့် ဆရာ၊ ဆရာမများမှာ ကျောင်းဝင်းအတွင်း ၀ိုင်းရံပိတ်ဆို့ခြင်း ခံခဲ့ကြရဲ့ပြီး၊ ကာသိုလစ်အသင်းတော်၏ အကူအညီတောင်းခံမှုကြောင့် ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်ခဲ့ကြပါသည်။
နောက်ဆုံးဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နမ်လင်းပါကျေးရွာမှ ရွာသူရွာသားများ အပါအ၀င် ဒေသခံ စစ်ဘေးရှောင်ပြည်သူ (၂၃၀၀)ကျော် ထိခိုက်နစ်နာခဲ့ကြရပါသည်။ ယခင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည့် စစ်ဘေးရှောင်ပြည်သူများမှာ ယခုတဖန် ဒုတိယအကြိမ် ထပ်မံထွက်ပြေးတိမ်းရှောင်ကြရခြင်း ဖြစ်ပါသည်။ စစ်ဘေးရှောင်ပြည်သူများမှာ ဒုက္ခသည်စခန်းမှ ဝေးရာသို့ စွန့်ခွာထွက်ပြေးခဲ့ကြရပါသည်။ စစ်ဘေးရှောင်ပြည်သူအချို့မှာ ဗန်းမော်-မန်စီဒေသရှိ ဒုက္ခသည်စခန်းများနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေရှိ ကူညီကယ်ဆယ်ရေးစခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါသည်။ သို့သော်လည်း စင်ခန်းကြီးရွာသားများ အပါအ၀င် ဒေသခံပြည်သူအချို့မှာ သွားလာဆက်သွယ်ရန်ခက်ခဲသော စစ်ပွဲနယ်မြေအတွင်း ပိတ်မိနေကြဆဲ ဖြစ်သည်။
သက်ဆိုင်သည့် အဖွဲအစည်းများအား ထပ်မံသတိပေး နှိုးဆော်လိုသည်မှာ -
- မြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ အနာဂတ်အတွက် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဍိပက္ခများအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် အဖြေရှာ အဆုံးသတ်ရန် အလွန်အရေးကြီးကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ ဗွီဂျေနမ်ဘီးယား ပြောကြားခဲ့သည်ကို ထပ်လောင်းတင်ပြလိုပါသည်။ သို့ပါ၍ ပစ်ခတ်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန် တိုက်တွန်းပါသည်။
- “အသက်အန္တရယ်နှင့် လူပုဂ္ဂိုလ်အား တိုက်ခိုက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မတရားသဖြင့် ပြုမူခြင်း၊ လူ့ဂုဏ်သိက္ခာအား ညှိုးနွမ်းစေရန် ပြုမူဆောင်ရွက်ခြင်း အထူးအဖြင့် အရှက်ရစေရန် ပြုမူခြင်း၊ စိတ်ဒါဏ်ရာရရှိအောင် ပြုလုပ်ခြင်း” စသည်တို့ကို ပြည်သူများအား မပြုလုပ်ရန် တားမြစ်ထားသော နိုင်ငံတကာ လူမှုကူညီကယ်ဆယ်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများအား လေးစားလိုက်နာရန်
- တိုက်ပွဲနှင့် တိုက်ရိုက်ပတ်သက်သည့် အဖွဲ့အစည်းများ (မြန်မာအစိုးရ စစ်တပ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော်) အနေဖြင့် နိုင်ငံတကာ လူမှုကူညီကယ်ဆယ်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ အထူးသဖြင့် ပြည်သူလူထု၏ အခွင့်အရေးအား လေးစားလိုက်နာရန်၊ နှစ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ပြည်သူလူထုနှင့် တိုက်ပွဲဝင်စစ်သည်များအား ခွဲခြားသည့် စည်မျဉ်းစည်းကမ်းများအား စောင့်ထိန်းရန်နှင့် ပြည်သူများအား ပစ်ခတ်တိုက်ခိုက်မှုများ မရှိစေရန်အတွက် သတိထားရန်
- မည်သည့် နေရာဒေသဖြစ်စေကာမူ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးနိုင်ရန်အတွက် ကူညီထောက်ပံရေးအဖွဲ့အစည်း(NGO)များအား အတားအဆီး၊ အကန့်အသတ်မရှိ လွတ်လပ်သော ခွင့်ပြုချက်ပေးရန် နှစ်ဘက်အဖွဲ့အစည်းအား တိုက်တွန်းပါသည်။
- စစ်ဘေးရှောင်ပြည်သူများ၏ လုံခြုံရေးနှင့် အကာအကွယ်ရရှိရေးသည် အဆောတလျင် ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ လတ်တလော အဖြစ်အပျက်၊ အတွေ့အကြုံများကြောင့် ကလေးငယ်များနှင့် စစ်ပြေးဒုက္ခသည် ပြည်သူများမှာ စိတ်ဒါဏ်ရာများ ရရှိခဲ့ရပြီး ဖြစ်သည်။ စစ်ပြေးဒုက္ခသည် အများစုမှာ အနီးတ၀ိုက်ရှိ တောအတွင်းသို့ တိမ်းရှောင်ခိုလှုံနေကြပါသည်။
- ဒုက္ခဆင်းရဲခံစားခဲ့ကြရသော စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ပြည်သူများအားလုံးအတွက် အလွန်အမင်း စိုးရိမ်ပါသည်။ ဤဒုက္ခသည်အများစုမှ ယခုလအစောပိုင်းတွင် မုန်ဒိန်ပါကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသူများ ဖြစ်ကြသည်။
- နိုင်ငံတကာ၊ ပြည်တွင်း ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများနှင့် အလှူရှင်များအနေဖြင့် လတ်တလော လိုအပ်လျက်ရှိသော ထောက်ပံ့မှုများနှင့် အကူအညီများပေးနိုင်ရန် အကူအညီ တောင်းခံအပ်ပါသည်။
- စစ်ဘေးရှောင် ဒုက္ခသည်ပြည်သူများ လတ်တလော လိုအပ်နေသည့် လိုအပ်မှုများမှာ - အကာအကွယ်ရရှိရေးနှင့် စစ်ဘေးရှောင်စခန်းများသို့ လုံခြုံစွာ ရောက်ရှိရေး၊ အစားအသောက် ရရှိရေး၊ နေထိုင်ရန် အမိုးအကာနှင့် စောင်၊ အနွေးထည်ကဲ့သို့သော အသုံးအဆောင်များ ဖြစ်ပါသည်။ စစ်ဘေးရှောင်ပြည်သူများမှာ လုံခြုံသည့်နေရာကို ရှာဖွေနေဆဲဖြစ်ကာ မည်သည့် စားသောက်စရာ၊ အ၀တ်အထည်မျှ မရှိကြပါ။ ချမ်းအေးသည့် ဆောင်းရာသီဖြစ်သဖြင့် လုံခြုံသည့် အမိုးအကာ၊ နွေးထွေးစေမည့် အကာအကွယ်များ ရရှိရန် ပိုမိုခက်ခဲလျက် ရှိပါသည်။
- မိမိတို့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အနေဖြင့် ဒုက္ခသည်များအား လုံခြုံစွာ ရွှေ့ပြောင်းရေး အပါအ၀င် အခြားလိုအပ်ချက်များကို ကူညီဆောင်ရွက်လျက် ရှိပါသည်။
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်၊ ရန်ကုန်၊ မြန်မာ။
BRIDGE
Kachin Baptist Convention (KBC)
Kachin Relief and Development Committee (KRDC)
Kachin Women Association (KWA)
Kachin Development Group (KDG)
Karuna Myanmar Social Services (KMSS)
Metta Development Foundation
Shalom Foundation
WunpawngNinghtoi (WPN)
MATUT HTI NA »
Labels: N Dau Laika
နမ်လင်းပါကျေးရွာကို ဗမာစစ်တပ် မီးရှို့
နမ်လင်းပါကျေးရွာတွင် ယနေ့မနက် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက် (၇း၀၀) နာရီအချိန်ခန့်မှ စတင်ပြီး အစိုးရနှင့် ကေအိုင်အို တို့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ဒေသခံများသည် ရွာပြင်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ယခုအချိန် နမ်လင်းပါကျေးရွာရှိ အိမ်များ မီးလောင်ကျွမ်းလျှက်ရှိကြောင်းသတင်းရရှိသည်။
နမ်လင်းပါကျေးရွာတွင် (၁၃၀၀) ခန့်ရှိသည့် စစ်ဘေးဒုက္ခသည်စခန်းနှင့် ကျောင်သား (၈၀၀) ခန့်ရှိသည့် ကျောင်းဘော်ဒါဆောင်ရှိသည့် ကျေးရွာဖြစ်သည်။
“အစည်းဝေးတိုင်းလည်း အစိုးရတွေ ကိုပြောတယ် မုန်ဒိန်းပါ၊ ကောင်ဂျာ၊ နမ်လင်းပါ ကျေးရွာတွေကို မ၀င်ပေးဖို့။ ဖုန်းနဲ့လည်း ခနခနပြောတယ်။ မနေ့က လည်းပြောတယ်။ ဒါကို သူတို့က ၀င်လာလို့ ဒီလိုဖြစ်လာတာပါ။” ဟု ကေအိုင်အေ ဗိုလ်မှူးကြီး တစ်ဦးကဆိုသည်။
အစိုးရစစ်တပ်များသည် နိုဝင်ဘာ (၁၆) ရက်နေ့ က နမ်လင်းပါ စစ်ဘေးဒုက္ခသည်များအား ကူညီရန် သွားရောက်ခဲ့သည့် ဂရုဏအဖွဲ့၊ ဦးဖောင်လားဂမ်ရှောင်အဖွဲ့ နှင့် ရှမ်းတိုင်းရင်းသားများအဖွဲ့တို့၏ နောက်မှ လိုက်ပြီး လုံခြုံရေးယူပေးမည်ဟု ဆိုကာ နမ်လင်းပါကျေးရွာကို ညနေ (၄း၀၀) နာရီခန့်က သေနတ်ကြီးများ ပစ်ခတ်ပြီး သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထို့သို့ မ၀င်ခင် ကေအိုင်အေမှလည်း လုံခြုံရေးလိုက်ပေးစရာမလိုကြောာင်း ဂရုဏမှ ဘုန်းတော်ကြီးများပါရင် အဆင်ပြေပြီဖြစ်ကြောင်း ကြိုတင်ပြောထားပြီးသားဖြစ်ကြောင်းကိုလည်း သိရသည်။
အောက်တိုဘာ ဆွေးနွေးပွဲအပြီး လကုန်ပိုင်းတွင် အစိုးရတပ်မတော်မှ မုန်းဒိန်ပါကျေးရွာကို သေနတ်ကြီးများဖြင့် ပစ်ကာ ရွာထဲသို့ ၀င်ရောက်ခဲ့သည့် နောက်ပိုင်း တင်းမားမှုများဖြစ်လာကာ အခုလိုတိုက်ပွဲများပြန်လည် ဖြစ်ပွားလာခြင်းဖြစ်သည်။
Kachinwaves
MATUT HTI NA »
ဗိုလ်ချုပ်ဂွမ်မော် သတင်းစားရှင်းလင်းပွဲ (ရန်ကုန်)
ရန်ကုန်မြို့တွင် ခေတ္တရောက်ရှိနေသော ကချင်လူမျိုးများ၏ ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်မှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ပါ၍ အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
နေရာ။ ။Business Alliance Hotel, ဓမ္မစေတီလမ်း၊ ဦးဝိစာရနှင့် အင်းလျားလမ်းကြား။ ဗဟန်းမြို့နယ်။
အချိန်။ ။ ညနေ ၃း၀၀ နာရီ၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၃
အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်။ ။
ဦးဒေါင်ခါး။ Technical Advisory Team၊ ၀၉၄၉၂၅၉၅၂၃
ဒေါ်ခွန်ဂျာ၊ ကချင်ငြိမ်းချမ်းရေးကွန်ယက်၊ ၀၉၄၂၅၂၈၈၈၉၉
Our respective leader General Gun Maw of the Kachin Independent Organisation and team are available for Press Conference at the following venue and time.
Place: : Business Alliance Hotel, Dama Sedi Road, Between U Wizara Road and Inya Road, Bahan, Yangon.
Time and date: : 3:00 PM on the 18th November 2013
For more information: Please contact
Mr Dau Hka: Spokesperson: Technical Advisory Team၊ 0949259523
Ms Khon Ja: Kachin Peace Network: 09425288899
MATUT HTI NA »
နမ်လင်းပါကျေးရွာ၏ နောက်ဆုံးအခြေအနေ
ယနေ့နံနက် ၇ နာရီမှ နမ့်လင်းပါကျေးရွာတွင် အကြီးအကျယ် ၀င်ရောက် ပစ်ခတ်နေသည်။ ကျေးရွာသားများနှင့် IDP များ အားလုံး ၂၃၀၀ ကျော် ရွာပြင်သို့ ထွက်ပြေးနေသည်။ ရွာတွင်း ထိခိုက်မှု ပိတ်မိမှု သေဆုံးမှု မသိရသေး။ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၃ ခုနှစ် ညနေ ၄ နာရီ ၃၀ မိနစ် ခန့်တွင် နမ့်လင်းပါကျေးရွာသို့ မြန်မာ့တပ်မတော်မှ ပစ်ခတ် ၀င်ရောက် သိမ်းပိုက်သဖြင့် မူလ စစ်ဘေးဒုက္ခသည် ၁၀၀၀ ကျော်၊ ဘော်ဒါဆောင်နေ ကျောင်းသား ၃၀၀ ကျော်၊ ကောင်လွေ (Gawng Run) နှင့် ဆဂနမ်ခွမ် (Saga Nam Hkum) ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူများနှင့် နမ့်လင်းပါ ရွာခံ များ စုစုပေါင်း ၂၃၀၀ ကျော်ခန့် တညလုံး ကစဉ့် ကလျား ထွက်ပြေး တိမ်းရှောင်နေရပါသည်။ ဗန်းမော်မြို့ ဆိပ်ကမ်းသို့လည်း မြန်မာ့တပ်မတော်မှ တပ်သားများ သဘောင်္ ၃ စီးအပြည့်ဖြင့် မနေ့ည ၁၆ နိုဝင်ဘာလ ၂၀၁၃ တွင် ဆိုက်ကပ်ပြီဖြစ်သည်။ နမ့်လင်းပါကျေးရွာသည် မန်စီမြို့နယ် အရှေ့တောင်ပိုင်း အစွန်းတွင် တည်ရှိ၍ အောက်တိုဘာလ ၂၂ ရက် ၂၀၁၃ ခုနှစ်မှ စတင်၍ ပြင်ပမှ အစားအသောက်ရိက္ခာများ ပို့ပေးခွင့် မရှိအောင် မြန်မာ့တပ်မတော်မှ ပိတ်ဆို့ထားသော ကျေးရွာဖြစ်သည်။ မနေ့က နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကက်သလစ်အသင်းတော်၏ ရိက္ခာပို့သော အဖွဲ့များ ပထမဦးဆုံးအကြိမ် ရောက်ရှိပြီး နောက် ၂ နာရီအကြာတွင် တပ်မတော်မှ လိုက်လံ ပစ်ခတ်ခြင်းဖြစ်သည်။ Wunpawng Ninghtoi နှင့် ကက်သလစ်အသင်းတော်မှ ၀န်ထမ်းများလည်း ပိတ်မိနေသည်။ မြန်မာ့တပ်မတော်သားများသည် ညနေစာ စားနေကြသော ဘော်ဒါဆောင်ကျောင်းသားများကို ဦးစွာ ၀ိုင်းထားပြီး ကျောင်းဆောင်အတွင်း ပိတ်ထားပြီးမှ သေနတ်ဖြင့် စတင်ပစ်ခတ်ခြင်းဖြစ်သည်။ အသင်းတော်မှ ဘုန်းတော်ကြီးများနှင့် ဆရာများ တောင်းပန်မှုကြောင့် ကျောင်းသားများကို ပြန်လွှတ်ပေးသော်လည်း ရွာခံနှင့် အခြားရွာမှ ရောက်လာသူများနှင့် ကျောင်းသားများအားလုံးကိုပါ ရွာတွင်းမနေစေဘဲ ဒုက္ခသည်စခန်းသို့ မောင်းထည့်ကြသည်။ စခန်းတွင် မူလဒုက္ခသည်များအတွက်သာ နေရာထိုင်ခင်းရှိ၍ အသစ်ရောက်လာသူများအတွက် အိပ်စရာမရှိသည့်အပြင် တညလုံး ပစ်ခတ်နေသောကြောင့် ရွာပြင်သို့ ထွက်ပြေးသူများစွာ ရှိသည်။ ယနေ့နံနက် ၇း၃၀ နာရီမှ နောက်တကြိမ် ပြင်းထန်စွာ ပစ်ခတ်သဖြင့် ရွာသားများနှင့် ဒုက္ခသည်များ ကစဉ့်ကလျား ထွက်ပြေးကြသည်။ အချို့မှ တရုတ်ပြည်နယ်စပ် မန်ဝိန်းကြီးဒေသသို့ ဦးတည်နေပြီး အချို့မှာ မိုင်ဂျာယန်ဒေသသို့ ဦးတည်ထွက်ပြေးနေပြီဖြစ်သည်။ အောက်တိုဘာလဆန်းမှ စတင်သော စစ်ပွဲများကြောင့် စုစုပေါင်း ၁၀ ရွာကျော် ဖြစ်ပွားမှုကြောင့် စုစုပေါင်း လူဦးရေ ၁၃၀၀၀ ခန့် မိမိတို့ ကျေးရွာများ စွန့်ပစ်ပြီး ထွက်ပြေးနေရသည်။ စစ်ဘေးဒုက္ခသည်စခန်းအသစ် ၃ ခု (မန်စီမြို့နယ် ဟန်ထက်ကျေးရွာ၊ မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ၊ ဗန်းမော်မြို့နယ် ဖန်ခါးကုန်းကျေးရွာ) တို့ ထွက်ပေါ်လာပြီးဖြစ်သည်။
မန်စီမြို့နယ်၊ နမ့်လင်းပါကျေးရွာတွင် ၃ ပတ်ကျော် ပိတ်မိနေပြီဖြစ်သော စစ်ဘေးဒုက္ခသည်များထံသို့ ရိက္ခာပို့ရန်အတွက် ဗန်းမော်မြို့မှ ဗျူဟာမှူးနှင့် သက်ဆိုင်ရာ အရာရှိများထံမှ အဆင့်ဆင့် ခွင့်ပြုချက်ဖြင့် ယနေ့ ထရပ်ကား ၄ စီးဖြင့် NGO နှင့် INGO များ၊ ဒေသခံ အဖွဲ့အစည်းများ ဗန်းမော်မြို့မှ ထွက်ခွာလာကြပါသည်။ ၁၄ မိုင်အကွာ မန်ဝိန်းလေး ကျေးရွာသို့ ရောက်သောအခါ မန်စီမြို့နယ် ဟန်ထက်ကျေးရွာတွင် ထိုင်နေသော ရှေ့တန်းမှူးမှ တားဆီးထားပါသည်။ မန်ဝိန်းလေးကျေးရွာမှာ နမ့်လင်းပါ ကျေးရွာသို့ သွားနိုင်သော လမ်းကြောင်း နှစ်ကြောင်း ရှိပါသည်။ တလမ်းမှာ မိုင်းခေါင်ကျေးရွာမှ တဆင့် သွားသောလမ်းနှင့် အောက်ချောင်းလမ်းမှ သွားသောတို့ ဖြစ်သည်။ ထို နှစ်လမ်း စလုံး မန်ဝိန်းလေး ကျေးရွာတွင် လမ်းခွဲပါသည်။ ဟန်ထက်ကျေးရွာ စစ်ကြောင်းမှူးမှ မိုင်းခေါင်လမ်းကြောင်းသွားမည်ဆိုပါက တပ်မတော်၏ ရိက္ခာကို သယ်ဆောင် ပေးမှသာ ဖြတ်သန်းသွာလာခွင့်ပြုမည်။ အောက်ချောင်းလမ်းမှ သွားမည် ဆိုပါက တပ်မတော်၏ ရိက္ခာတင် ယာဉ်တန်းနှင့်အတူ သွားမှသာ ခွင့်ပြုပေးနိုင်မည်ဟု တားဆီးထားပါသည်။
ခေါန်ဂျာ
MATUT HTI NA »
Labels: Jinghpaw Kasa
ခမရ (၂၈၆) တပ်များ ဖားကန့်လမ်းတွင် အတင်းအဓမ္မငွေတောင်း
ကချင်ပြည်နည် မိုးကောင်း ဖားကန့်လမ်းပေါ်ရှိ နန့်ဟိုင်ရွာတွင် စခန်းချနေသော အစိုးရစစ်တပ် ခမရ (၂၈၆) တပ်ရင်းတို့သည် ဖားကန့်မှအပြန် ဆိုင်ကယ်၊ မော်တော်ကားများကို စစ်ဆေးပြီး အဓမ္မငွေတောင်းယူ နေကြကြောင်း၊ ငွေမပေးနိုင်ပါက ဥပဒေအရ အရေးယူခြင်း၊ ရဲလက်ထဲအပ်နှံခြင်းလည်း မပြုလုပ်ပဲ ဖမ်းဆီးထားပြီး ငွေနှင့်လာရွေးစေခြင်းများ ပြုလုပ်နေကြောင်း သိရသည်။
ကျောက်စိမ်း သယ်ဆောင်၍ ဖမ်းမိသောသူများမှာ ငွေအရင်းအနှီးမရှိ၍ အောက်ကျောက် ဟုခေါ်သော တန်ဖိုးနည်းကျောက်များဖြင့် စားဝတ်နေရေး ဖြေရှင်းသူများသာ ဖြစ်ကြောင်း၊ အနည်းအကျဉ်း ဟင်းဖိုးငွေလောက် တောင်းခံလျင်ပေး နိုင်ပေမဲ့ သယ်ဆောင်လာသော ကျောက်တန်ဖိုးထက်ပင် ကြီးသော ငွေပမာဏကို တောင်းခံ နေကြကြောင်း၊ မပေးလျှင်မိမိသာ ဒုက္ခရောက်မည်စိုး၍ ချေးဌား၍ ပေးခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖိုးချစ်ကုန်း ရပ်ကွက်မှ ဆိုင်ကယ်ကယ်ရီသမား ကိုထင်အောင်၏ ပြောပြချက်အရ သိရှိရပါသည်။
MATUT HTI NA »
နမ်ခန်ကျေးရွာတွင် တိုက်ပွဲပြင်းထန်
MATUT HTI NA »
ဗိုလ်ချုပ်မြင့်စိုးစကားပြန်ပြင်ပြောပါ
နိုဝင်ဘာလ (5) ၇က်နေ့ VOAနဲ့ မေးမြန်းခန်းမှာ ပြောသွားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး၊ မပြင်ရေးဟာ တိုင်းရင်းသားများနဲ့ ဘာမှမဆိုင်ဘူးလို့ပြောသွားခြင်း၏ အဓိပါယ်သည် 2008 ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါ၊ တိုင်းရင်းသားများ လိုက်နားစရာလည်းမလိုပါဟု အဓိပါယ်ထွက်နေပါသည်။ အမှန်တကယ်လည်း တိုင်းရင်းသားများရဲ့အရေး ဘာမှအားမခံချက်မပါတဲ့စာအုပ်ဖြစ်တဲ့အတွက် တိုင်းရင်းသား များနဲ့ ဘာမှမဆိုင်တာအမှန်ပါ။ တဆက်ထဲမှာ အခြေခံဥပဒေဟာ လွှတ်တော်နဲ့ပဲဆိုင်တယ်လို့ ပြောသွားပါ တယ်၊ ဒါဟာလည်း လွှတ်တော်ဟာ တိုင်းရင်းသားများနဲ့ လုံးဝမဆိုင်ပါဟု အဓိပါယ်ထွက်နေပါသည်။
ဒီလို မဆင်မခြင်ပြောနေခြင်းသည် သူတို့ပြောပြောနေတဲ့ ဒို့တာဝန်အရေး… သုံးပါးထဲက တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေး ဆိုသည့်အချက်နှင့် ဖြောင့်ဖြောင့်ကြီးကို ဆန့်ကျင်နေပါသဖြင့် တိုင်းပြည်အတွက် အင်မတန် မှစိုးရိမ်စရာဖြစ်နေပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်မြင့်စိုးစကားပြန်ပြင်ပြောပါ။ ဒါမှမဟုတ် ဒို့တာဝန်အရေးသုံးပါးဆို သည့် ကြွေးကြော်သံဆောင်ပုဒ်ဟာ လူကြားကောင်းအောင် သမင်တကာရေးသားထားပြီး ပြောဆိုနေခြင်းလား ဟုသံသယ၀င်စရာဖြစ်နေပါသည်။ လက်ရှိအခြေအနေမှာလည်း ထူနည်း၎င်းပါပဲ။ ဖယ်ဒရယ်ပြည်ထောင်စုတပ် မတော်ဆိုသည့်စကားလုံးဟာ အခြေအနေကို ပိုပြီးရှုပ်ထွေးစေနိုင်သည်ဟုလဲပြောသွားပါသည်။ ဒီတိုင်းပြည်ဟာ ဗမာလူမျိုးတစ်မျိုးတည်း တည်ထောင်ထားသည့်တိုင်းပြည်မဟုတ်ပါ။ ဗမာတိုင်းရင်းသားမဟုတ်သည့် ကျန်တိုင်း ရင်းသားများအားလုံး ပါဝင်တည်ဆောက်ထားခဲ့သည့်နိုင်ငံဖြစ်သည်။ ဒီတိုင်းပြည်ကိုအမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်မှန်တဲ့ဖယ်ဒရယ်ပြည်ထောင်စုကိုဖွဲ့စည်းပြီး ဖယ်ဒရယ် ပြည်ထောင်စုတပ်မတော်ဆိုတာ ရှိကိုရှိရမှာဖြစ်တယ်။ ဒါကိုဆန့်ကျင်ပြောဆိုခြင်းသည် စစ်မှန်သည့် ငြိမ်းချမ်းရေးကို မလိုလားကြောင်း ပြသနေခြင်းသာဖြစ်သည်။
အခုကြိုးပမ်းလုပ်ဆောင်နေသည့် ငြိမ်းချမ်းရေးလမ်းစဉ်လုပ်ငန်းကြီးသည် ဗမာတပ်မတော် တစ်ခုထဲ၏ ကောင်းစားရေးအတွက်ပဲ ကာကွယ်လုပ်နေခြင်းမဟုတ်ပါ။ တိုင်းပြည်နဲ့ ပြည်သူလူထုတစ်ရပ်လုံး၏ ကောင်းစားရေးကို ဦးတည်ရှေ့ရှုပြီး လုပ်ဆောင်နေခြင်းသာဖြစ်သောကြောင့် ဗိုလ်ချုပ်မြင့်စိုး စကားပြန်ပြင်ပြောပါ။ နောက်ဒီလိုစကားမျိုး မပြောမိပါစေနေလို့စေတနာနဲ့သတိပေးလိုပါတယ်။
ပြည်သူ့တမာန်။
MATUT HTI NA »
ကေအိုင်အေတပ်ရင်း (၁၂) ဂေါင်လွေအရပ်တွင် တိုက်ပွဲဖြစ်ပွားနေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အရှေ့ပိုင်းတိုင်း ကေအိုင်အေ တပ်မဟာ (၃) လက်အောက်၊ ကေအိုင်အေ တပ်ရင်း (၁၂) နယ်မြေဖြစ်သော ဗန်းမော်ခရိုင် နမ့်လင်းပါ အနောက်ဘက် (၆) မိုင်အကွာ ရှိ ဂေါင်လွေအရပ်တွင် ကေအိုင်အေ မျိုးချစ်ရဲဘော်များနှင့် ဗမာအစိုးရ စစ်တပ်များ နိုင်ဝင်ဘာ (၆) ရက်မနက် (၉း၀၀) နာရီအချိန်မှစပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အေတပ်ရင်း (၁၂) မှ ဗိုလ်ကြီးအင်ခွန်တန် (Black Jade) ဦးဆောင်သော တပ်များနှင့် ဗမာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရမှ ဤဒေသသို့ သစ်မှောင်ခို နှိပ်နှင်းရေး အကြောင်းပြကာ ဗမာစစ်တပ်အင်အား အများအပြား ပို့ထားသောကြောင့် တိုက်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိကြောင်း ရှေ့တန်းသတင်းအရ သိရှိရပါသည်။MATUT HTI NA »
မဆွမ်းလွတ်ရွယ်ဂျားအား ဗိုလ်ကြီးသက်ဖြိုးဇော်နှင့် အဖွဲ့ အုပ်စုလိုက် မုဒိန်းကျင့်
ကချင်ပြည်နယ် ဆဒုံးမြို့နယ်ခွဲနှင့် မော်ဂရမ်ကျေးရွာကြားရှိ လုထောင်ကျေးရွာမှ အသက် ၁၅ နှစ် အရွယ် မဆွမ်လွတ်ရွယ်ဂျားအား ဗိုလ်ကြီးသက်ဖြိုးဇော် (ခ) ဇော်ထက်အောင် နှင့် အခြား တပ်မတော်သား (၂) ဦးတို့မှ အောက်တိုဘာလ (၃၀) ရက် နံနက် (၉း၀၀) နာရီတွင်အုပ်စုလိုက် မုဒိန်းကျင့်ခဲ့ကြောင်း သတင်းရရှိပါသည်။
Sumlut Roi Ja, a 15 year-old girl, was gang raped by Capt. Thet Hpyo Aung, also known as Capt. Zaw Htet Aung and two other Burmese army soldiers from 116th Light Infantry Regiment (LIR) at Lu Htawng village, located between Sadung and Mau Gyam village, on Oct 30 at 9 am. She was handed back to her parents in Lu Htawng village yesterday evening, reported a local source.
The battalion commander of 116th LIR is Lt. Col. Min Kyin San. 116th LIR is a mobile battalion under Sagaing-based 33rd Light Infantry Division led by Col. Myit Maw.
MATUT HTI NA »
Subscribe to:
Posts (Atom)



.jpg)
.jpg)




.jpg)
.jpg)
.jpg)
.jpg)
.jpg)

.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)



.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)