Slideshow Image 2

ခေါင်းကိုက်လို့ အော်နေရပါသလား .....

လူအများစုဟာ လုပ်ငန်းခွင်မှာ တစ်နေ့လုံး စိတ်ဖိစီးမှုတွေရှိခဲ့ရင် (ဒါမှမဟုတ် အရက်သောက်တာ များသွားခဲ့ရင်) ခေါင်းကိုက်ဝေဒနာခံစားရလေ့ရှိတယ်။ သို့သော် ဘ၀ရဲ့အစိတ်အပိုင်းအဖြစ် တစ်ခါတစ်ရံ ခေါင်းကိုက်တာကို လက်ခံနိုင်ပေမဲ့ အကြိမ်ကြိမ် ခေါင်းကိုက်တာလည်း ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ရတဲ့ အကြောင်းရင်းတွေကတော့ သွေးကြောများ ညှစ်ခြင်း၊ရောင်ရမ်းခြင်း၊ကြွက်သားများ ဖျတ်ခနဲ ရုန်းပြီး ကျုံ့ခြင်း (သို့မဟုတ်) တစ်နေရာမှာ ရောဂါဖြစ်လို့ (ခေါင်းကိုက်ခဲခြင်း)တို့ကြောင့် ဖြစ်နိုင်တယ်။

လူအများစုကတော့ ခေါင်းကိုက်ရင် ခေါင်းကိုက်ပျောက်ဆေးတွေကို ကိုယ့်ဘာသာကိုယ် ၀ယ်သောက်လေ့ရှိတယ်။ သို့သော် ခေါင်းကိုက်တာ မကြာခဏဖြစ်နေရင်တော့ ကိုယ့်ကိုယ်ကိုယ် (သို့မဟုတ်) သင့်ဆရာဝန်ကို အောက်ပါမေးခွန်းများ မေးကြည့်ပါ။

ခေါင်းကိုက်တာ လူနေမှုအကျင့်စရိုက်ကြောင့်လား။
"စိတ်ဖိစီးမှုများတာကြောင့် ခေါင်းကိုက်တာနဲ့ တွဲဖြစ်တတ်တယ်။ စိတ်ဖိစီးမှုများရတဲ့အထဲ အရက်နဲ့ဆေးလိပ်ပါ တွဲလိုက်တော့ ပိုဆိုးရွားသွားစေတယ်" လို့ မက်ကွာရီ ယူနီဗာစီတီရဲ့ စိတ်ကျန်းမာရေးစင်တာမှ စိတ်ပညာရှင် ဂျိုနသန်တက်စ်တန်က ရှင်းပြပါတယ်။ ကြွက်သားတောင့်တင်းနေခြင်း၊ ကသိကအောင့်ဖြစ်ရခြင်း၊(အသေးအဖွဲကိစ္စတွေကြောင့်) စိတ်မကြည်မလင် (အနှောင့်အယှက်)ဖြစ်ခြင်းတို့ကြောင့်နဲ့ စိတ်ပြေလက်ပျောက် စိတ်အပန်းပြေရန် အခက်အခဲဖြစ်နေခြင်းတို့က သင့်ကို ခေါင်းပိုကိုက်စေအောင် ၀န်ထုတ်ဝန်ပိုးဖြစ်စေပါသတဲ့။

ကျန်းမာရေးပညာရှင် ဒေါက်တာချောင်ရင်းချန်ရဲ့ ပြောပြချက်အရ 'သောကကြောင့် ခေါင်းကိုက်တာဟာ အဖြစ်အများဆုံး အမျိုးအစားဖြစ်တယ်၊ ဦးခေါင်းရိုးပေါ် အုပ်ထားတဲ့ကြွက်သားတွေ ကျုံ့တဲ့အတွက်ကြောင့်ဖြစ်တယ်၊ ကိုယ်စိတ်နှစ်ပါးဖိစီးမှုကြောင့် ဖြစ်လေ့ရှိတယ်' လို့ဆိုပါတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
"သင်ခေါင်းကိုက်တာဟာ စိတ်ဖိစီးမှုကြောင့်လားဆိုတာ သေချာရန် သင့်ဆရာဝန်နှင့်ပြပါ။ ဘာကြောင့်ဖြစ်ရသလဲဆိုတာ စိစစ်ဝေဖန်ပါ" လို့ ဂက်စ်တန်က အကြံပေးပါတယ်။ ယောဂ၊လေ့ကျင့်ခန်း၊အိပ်ရေး၀၀အိပ်ခြင်း၊ ကောင်းစွာအစာစားခြင်းနဲ့ တရားထိုင်ခြင်းများက စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းများကို သက်သာစေနိုင်ပါတယ်။

ခေါင်းကိုက်ရတာ အစားအစာတွေကြောင့်လား
အစာမစားဘဲ နပ်ကျော်သွားရင် သွေးတွင်း အချိုဓာတ် ကျဆင်းသွားတယ်။ အဲဒီ့အခါ သင့်ခန္ဓာကိုယ်ထဲမှာ အက်ဒီနလင် ခေါ် ဟော်မုန်းကို ပိုထွက်စေပါတယ်။ သည်ဟော်မုန်းက သွေးကြောတွေပေါ် သက်ရောက်မှုဖြစ်စေတော့ ခေါင်းကိုက် လာရခြင်းဖြစ်တယ်။ သင်စားတဲ့ အစားအစာတွေကြောင့် သင်ခေါင်းကိုက်တယ်လို့ထင်ရင် အစာမှန်မှန်စားခြင်းနဲ့ အချို ဓာတ်နည်းတဲ့ အဆာပြေစားစရာများက ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ ကဖင်းဓာတ်၊ MSG ကဲ့သို့ အနံ့ အရသာမြှင့်ထားတဲ့ အစားအစာများ၊ ချောကလက်များနှင့် ချိစ်တို့ကလည်း ခေါင်းကိုက်စေနိုင်ပါသတဲ့။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
ကဖင်းသောက်ခြင်းကို ဖြတ်ရန်ကြိုးစားပါ။ သို့သော် ကဖင်းကို တဖြည်းဖြည်းချင်းဖြတ်ပါ။ နို့မဟုတ်လျှင် ကဖင်းချက်ချင်းဖြတ်တဲ့အတွက် ခေါင်းပိုကိုက်စေနိုင်ပါတယ်။

ဟော်မုန်းတွေကြောင့်ခေါင်းကိုက်တာလား
အချို့သော ခေါင်းကိုက်ခြင်းများဟာ အမျိုးသမီး၏ ရာသီသွေးစက်ဝန်းနှင့် သက်ဆိုင်နှီးနွယ်နေတတ်ပါတယ်။ ရာသီမဆင်း ခင်၊ ဆင်းနေစဉ်အတွင်း သို့မဟုတ် ရာသီလာပြီးနောက် ချက်ချင်းကိုက်တတ်တယ်လို့ ဒေါက်တာချောင်က ရှင်းပြပါတယ်။ ဒါဟာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီဘုန်းဟော်မုန်းတို့ ပြောင်းလဲမှုနှင့် နှီးနွယ်နိုင်ပါတယ်။ အချို့အမျိုးသမီးတွေမှာတော့ ရာသီမလာခင် ခံစားရတဲ့ ရောဂါစုအပြင် အခြားဝေဒနာတွေ နဲ့တွဲပြီး ခေါင်းကိုက်တတ်ပါသေးတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
လစဉ် သည်အချိန်မျိုးမှာပဲ ခေါင်းကိုက်တတ်တယ်ဆိုရင် ဆရာဝန်နှင့်ပြပါက ခေါင်းကိုက်ပျောက်ဆေး သို့မဟုတ် သန္ဓေ တားဆေးပြားပေးခြင်းဖြင့် ဟော်မုန်းတွေ မှန်ကန်လာအောင် ကူညီပါလိမ့်မယ်။ နဂိုကတည်းက သင်ဟာ သန္ဓေတားဆေး ပြားသောက်နေသူဆိုရင် အခြားအမျိုးအစားမတူတဲ့ ဆေးပြား သို့မဟုတ် ဆေးညွှန်းပြောင်းပေးပါလိမ့်မယ်။ အချို့သော အမျိုးသမီးတွေက ဟိုနီယိုပက်သစ် ကုထုံးနှင့် သက်သာနိုင်ပါတယ်။

မျက်လုံးတွေကြောင့် ခေါင်းကိုက်တာလား
မျက်မှန်ကျွမ်းကျင်သူ ပေါ်လာမိုနာကိုရဲ့ ရှင်းပြချက်အရာ မျက်မှန်ကြောင့်လည်း ခေါင်းကိုက်တတ်ပါသတဲ့။ အထူးသဖြင့် ဒီဂရီမမှန်တဲ့မျက်မှန်၊ ကိုယ်နဲ့ ဒီဂရီမကိုက်တဲ့ မျက်မှန်မျိုး တပ်ဆင်မိလျှင် မျက်စိကြည့်ရတာ အားနည်းပြီး ခေါင်းကိုက်ပါ တယ်။ မျက်စိရောဂါတွေဖြစ်တဲ့ ထောင့်ကျဉ်း၊ ရေတိမ်နဲ့ နားထင်အဆစ်အမြစ် ရောင်ရမ်းပါကလည်း ခေါင်းကိုက်တတ် ပါတယ်။

ကျွမ်းကျင်သူ၏အကြံပေးစကား
မျက်စိမှန်မှန် စစ်ဆေးစမ်းသပ်ပါ။ ကွန်ပျူတာရှေ့ အချိန်အကြာကြီး အချိန်ဖြုန်းလျှင် မိနစ်၃၀ခန့်တိုင်းမှ မျက်စိကိုအနား ပေး၊ အဝေးက သစ်ပင်စိမ်းစိမ်းတွေ စိုက်ကြည့်ပါ။

ကိုယ်ဟန်အနေအထားကြောင့် ခေါင်းကိုက်ရတာလား
စားပွဲကုလားထိုင်မှာ နာရီပေါင်းများစွာကြာအောင် ထိုင်အလုပ်လုပ်ပြီးနောက် သင်ခေါင်းကိုက်လာတယ်ဆိုရင် ဒီပြဿနာ ကတော့ သင့်ရဲ့ ကိုယ်ဟန်အနေအထားကြောင့် ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စားပွဲပေါ် လက်နှစ်ဖက်ထောက် လိုက်ရင် သင့်ရှပ်အင်္ကျီ ပခုံးချုပ်ရိုးကြောင်းအပေါ်မှာ နားရွက်နှစ်ဖက်က ချိန်လုနီးပါးဖြစ်နေခြင်း သို့မဟုတ် သင်ထိုင်တဲ့ ကုလားထိုင်က သိပ်မြင့်လွန်း(သို့) နိမ့်လွန်းတဲ့အတွက် ခန္ဓာကိုယ်က တောင့်တောင့်ကြီး အလုပ်လုပ်ရတဲ့အတွက် ကိုယ် အနေအထားမမှန်တော့ ကြာရှည်လာတဲ့အခါခေါင်းကိုက်လာရခြင်းဖြစ်တယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
အခြားကိုယ်ဟန်အနေအထားတွေကလည်း ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသေးတယ်။ ဥပမာ ၀မ်းဗိုက်ကိုခေါက်ပြီး အိပ်ပျော်သွားမိတာ စားပွဲပေါ်မှာ ခေါင်းအုံးမအုံးဘဲ အိပ်ပျော်သွားတာတွေကလည်း ခေါင်းကိုက်နိုင်သေးတာပဲ။ လည်ပင်းကို ထောက်ကူပြီး သက်သောင့်သက်သာဖြစ်စေတဲ့ ခေါင်းအုံးတစ်လုံး ထားပြီး အိပ်ရပါမယ်။ ဒါမှမဟုတ်ရင် လည်ပင်းကြီးခေါက်ပြီး ခေါင်းကိုက်နိုင်တယ်။

သွားတွေကြောင့် ခေါင်းကိုက်တာလား
သွားတွေနဲ့ အစာကိုကြိတ်ဝါးခြင်း သို့မဟုတ် အံကြိတ်ခြင်းကလည်း ခေါင်းကိုက်စေပါသတဲ့။ ခံတွင်းနဲ့ မေးရိုးရောဂါ အထူးကုဆရာဝန် ဒေါက်တာ တောဘတ်ဖော်စ်ရဲ့ ရှင်းပြချက်အရ ခံတွင်းနှင့် မေးရိုးရောဂါတွေကြောင့် ဦးခေါင်းတစ်ဖက်တစ်ချက် မျက်လုံးအထက်နားဆီမှာ ခေါင်းကိုက်ဝေဒနာ ခံစားနိုင်ပါတယ်တဲ့။ မေးရိုးအဆစ်အမြစ်များ ချက်ကနဲမြည်ပြီး နားကိုက်နိုင်ပါသတဲ့။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
သင်ဟာ သွားခေါနေသူဖြစ်လျှင် အစာဝါးတဲ့အခါ ရှေ့ကိုပိုကိုက်မိတာ သို့မဟုတ် အောက်က သွားတွေနဲ့ပေါင်းပြီး ၀ါးလို့ မရတာတွေ ရှိနိုင်တယ်။ အဲဒီအခါ မေးရိုးဆိုင်ရာရောဂါတွေ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့်သွားဆရာဝန်နှင့် တိုင်ပင်ပြသပါ။

ဦးနှောက်ကြောင့် ခေါင်းကိုက်တာလား
ဦးနှောက်ဟာ ခေါင်းကိုက်တဲ့ဝေဒနာ မခံစားရပါ။ သို့သော ဦးနှောက်အနီးပတ်ဝန်းကျင်ရှိ အရာများဖြစ်တဲ့ ဦးနှောက်အမြှေး ပါး၊ ဦးနှောက်သွေးကြောနဲ့ ဦးခေါင်းခွံအတွင်း လေလမ်းကြောင်းတွေကြောင့် ခေါင်းကိုက်နိုင်ရတယ်လို့ ဦးနှောက်နှင့် အာရုံ ကြောအထူးကုဆရာဝန် ဒေါက်တာ ဟန်ရစ်ကရန့်ဇ်က ရှင်းပြပါတယ်။ သွေးကြောတွေ ကျယ်လာ(သို့) ကျဉ်းလာတဲ့အခါ နာကျင်ကိုက်ခဲတတ်တယ်။ အမြင်ပြောင်းလဲလာတယ်။ မအီမသာဖြစ်လာတယ်။ ခြေလက်ထုံကျင်တတ်တယ်။ တစ်ခါတစ်ရံသွေးကြော ဖောင်းလာပြီး သွေးကြောတွေ ပေါက်ထွက်သွားကာ ဦးနှောက်သွေးကြောပြတ်တတ်ပါသေးတယ်။ သတိထားသင့်တဲ့ တစ်ချက်ကတော့ ရုတ်တရက် ခေါင်းကွဲမတတ် ထိုးပြီး ခေါင်းကိုက်ရင် ဒါဟာ အရေးပေါ်ဆေးကုသဖို့ လိုတယ်။

ကျွမ်းကျင်သူရဲ့ အကြံပေးစကား
ရုတ်တရက် ချက်ခြင်း ပုံမှန်မဟုတ်ဘဲ ခေါင်းကိုက်ပါက အရေးပေါ် ဆေးကုသမှု လိုအပ်တယ်။ မျက်စိပြာ/၀ါးသွားခြင်း မျိုးရှိခဲ့လျှင် (သို့မဟုတ်) အဖျားရှိလျှင် (သို့မဟုတ်) အပြုအမူဆိုင်ရာပြောင်းလဲမှုရှိရင် အရေးပေါ်ချက်ခြင်း ကုသရန်လို သည်။ မကြာခဏ ခေါင်းကိုက်လာရင် ခေါင်းတစ်ခြမ်းကိုက်တဲ့ မိုင်ဂရိန်း ဖြစ်နိုင်ပါတယ်။

ခေါင်းကိုက်ပျောက်ဆေးကို ကိုယ့်ဘာသာကိုယ်သောက်တာထက် တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် ကုသမှုခံယူပါ။ အချို့သော ခေါင်းကိုက်ပျောက်ဆေး တွေဟာ လူကိုပိုပြီးဆိုးစေတတ်ပါတယ်။

ဒေါက်တာဖြူပြာနွယ်


MATUT HTI NA »

KSPP pati gaw Jinghpaw mungdaw e jau ralata poi zinlum nga


Ndai laman, Jinghpaw mungdaw kata jau ralata poi zinlum ai lam hpe, Myitkyina-daju Jinghpaw Mungdaw Rawt Jat Pati (KSPP), galaw nga ai lam, chye lu ai.

Madung, mungdaw a me ginra kaba dik rai nga ai, Myitkyina hte Manmaw ginwang hta Kachin State Progressive Party (KSPP) salang ni sa zinlum nga ai re lam, dai ginra lahkawng na buga masha ni tsun wa ai.

Lai wa sai bat kawn Myitkyina, buga shara shagu de J.W mungshawa ni hpe htaning Myen hpyen asuya woi galaw na ralata poi hta KSPP pati shang shingjawng lawm na lam n'tsa, zinlum ai re lam, buga salang langai KNG de tsun wa ai.

090509-dr_tuja_kio

Dr. Manam Tu Ja, KIO tingnyang-up malai 2 dingsa hte Jinghpaw Mungdaw Rawt Jat Pati (KSPP) ningbaw

Bai nna, Manmaw Ginwang de mung ralata poi hte seng nna KSPP hpung langai sa du zinlum nga ai gaw, ndai Oct. 22, lai wa sai bat hpang mali ya shani kawn ya ten du hkra re lam, buga masha ni kawn chye lu ai.

Oct. 22 kawn 24 ya laman, Manmaw mare e zinlum ai hta, buga salang ni hku nna KSPP salang ni hpe ninghkap ga san ni law law bai htang san mat wa sai lam, chye lu ai.

Ga san ni hta, 2010 ralata poi gaw Myen hpyen asuya shi myit ra ka ai Mungdan Gawda ai Tara Kanu n'nan hta ningpawt nna galaw na re majaw, dai kaw "KSPP shang shingjawng lawm tim, pati a mungmasa bandung gaw lu na n re lam" san mat wa sai lam, Manmaw buga salang ni hpe lakap let chye lu ai.

Ndai hpyen asuya woi galaw na ralata poi shang na yaw shada let, Jinghpaw mungmasa pati KSPP ngu ai hpe Jinghpaw Mungdaw Pran Wan Komiti (Kachin State Interim Committee) kaw na dai ning shaning n'nan ten hpaw ninghtan dat ai re.

Ndai Pran Wan Komiti hpe madung, KIO, NDA-K hte Myitkyina e daju ai Wunpawng Amyusha Mungbawng Rapdaw (WMR) ni jawm madi shadaw ya ai n-gun hte maning 2008, June shata 20 ya hta Myitkyina e hpaw dat ai, rai nga ai.

KSPP gaw tara shang pati gaw n byin shi tim, hpyen asuya ahkang jaw ai hte tara shang pati byin lu hkra shawk shawn na re lam, chye lu ai. KSPP hpe Pran Wan Komiti ningbaw hte KIO a Tingnyang-up Malai II dingsa, Dr. Manam Tu Ja woi ningbaw ai re.

Ya ten, J.W laknak hpai simsa lam hpung ni hta Myen a Jarit Sin Dap de n gale ai sha, shingtai ngam nga ai KIO/A gaw, shi a jahtum tang madun laika hpe hpyen asuya chyam tari dukaba Than Shwe hpang de ndai shata praw e tang dat sai re.

Dai laika hta, "hpyen asuya hku nna, Myen ningbaw Dukaba Awng San hte bum nga Sam, Hkang, Jinghpaw ningbaw ni, Mung Hpawm Myen Mungdan hpe jawm gaw de ai ningpawt Panglong Ga Shaka hte de a myit jasat hpe hkapla, hkan sa na rai yang, KIO/A gaw Jarit Sin Dap n gale ra ai, laknak yawng ap kau na lam," tang madun tawn ai, rai nga ai.

Raitim, dai lam ntsa Dukaba Than Shwe a htang shana ai lam, ya ten du hkra n nga ai lam, KIO salang ni kawn chye lu ai.

Dai re majaw, ndai Jarit Sin Dap manghkang kawn Myen hte KIO/A lapran majan bai byin wa chye ai hpe Jinghpaw Mungdaw hte Lahta Sam mung na buga masha ni myit tsang let, maja let nga nga ai re.
KNG


MATUT HTI NA »

Mali Zup madim n byin hkra, Hkalup, Hkahtawlik ramma ni arau akyu hpyi


Lai wa sai bat kru ya, Oct. 24 hta, Jinghpaw Mungdaw, Mali Zup madim n byin na matu, Myitkyina, Jaw Rap na Hkahtawlik hte Hkalup ramma ni shawng n'nan lang arau jawm akyu hpyi wa sai re.

Ndai akyu hpyi lamang hpe, Hkahtawlik nawku hpung a Nhkai Bum lagaw Udang Bum e galaw ai hta, madung Lamung Zup mare hte Chyinghkrang mare, nawku hpung lahkawng na ramma n-gun 150 jan sa du sai lam, madu nan shanglawm sai ramma ni tsun wa ai.

Lamang hta Karai Kasang Mungga hpe Hkahtawlik nawku hpung na Wa Jau lahkawng garan gachyan nhtawm, kaga hka madim hte seng ai lakjet ni hpe mungdan kata NGO, Shalom Foundation na mu gun nkau jaw sai lam, ramma ni hpe lakap let chye lu ai.

0304-myitsone-dam2

Hka Mazup makau e tap gap nga ai Asia World Company.

Buga ten jahpawt hkying 9 a.m. kawn hkying 4 p.m. du hkra galaw ai lamang hta, ya Mali Hka hte N'Mai Hka zup e galaw na hka madim kaba masing ntsa, shada bawngban lu sai zawn, dai masing n byin na matu mung Karai Kasang kaw aja awa jawm akyu hpyi sai lam, lamang de sa du ai ramma ni tsun wa ai.

Bai nna, mying kaba ai Blast Yungwi hpung a "Mali Hka" ngu ai, Mali-N'Mai Zup e madim dim na n ra sharawng ai Jinghpaw mahkawn hpe mung, mungdaw mahkawn zawn, n-gun mi alu yawng jawm mahkawn hkam sha wa sai lam, ramma ni KNG de tsun wa ai.

Mali-N'Mai Zup e hka wanjak kaba shachyaw na madim dim na masing hpe Myen mung na Asia World Company hte Miwa asuya a China Power Investment Corporation (CPI) yan, jawm hkrang shapraw nga ai re.

Lai wa sai 2006 ning kawn hka mazup e jep chyam ai lam galaw hpang wa sai raitim, ta tut hkrang shapraw na myit hkrum ga shaka hpe gaw Myen hte Miwa asuya lahkawng lapran, Beijing e dai ning June 21 ya shani galaw wa sai, rai nga ai.

Mali Zup hka madim masing hpe Myitkyina-daju Wunpawng Amyusha Mungbawng Rapdaw (WMR) gaw J.W amyusha ni a gawng malai hku, lai wa sai 2007 ning May 21 ya hta, Myen hpyen asuya ningbaw dukaba Than Shwe hpang de laika hte tang madun sai re.

Ndai WMR laika n'tsa, ya ten du hkra, hpyen asuya hku nna bai htang shana ai lam tsepkawp n nga ai, rai nga ai.

Maga mi de, Jinghpaw mungdaw na J.W laknak hpai simsa lam hpung ni rai nga ai--- KIO/A, NDA-K hte Lasang Awng Wa Simsa Lam Hpung ni mung, Mali-N'Mai Zup hka wanjak masing n'tsa, hpyen asuya de tara shang ninghkap ai lam ni n galaw ai re.
KNG


MATUT HTI NA »

ကချင်ရေကာတာ စီမံကိန်း ရပ်တန့်ပေးရန် တောင်းဆို

အေးလဲ့

ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ ရေကာတာ ဆောက်လုပ်ရေး စီမံကိန်းကို ရပ်တန့်ရန် ကချင် လူမှုရေး အဖွဲ့ တခုက တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကို ယမန်နေ့က တောင်းဆိုလိုက်သည်။


စီမံကိန်းသည် ကချင်ဒေသအတွက် ဆိုးကျိုး များစွာ ဖြစ်ပေါ်စေကြောင်း အစီရင်ခံစာတစောင် ရေးသားပြီး စီမံကိန်း ရပ်တန့်ရန် CPI ကော်ပိုရေးရှင်းကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု ကချင် လူမှု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (KDNG) က ပြောသည်။ အစီရင်ခံစာကို “ရေဖုံးလွှမ်းမှုကို ခုခံ တွန်းလှန်ခြင်း” ဟု အမည်ပေးထားသည်။

“အဓိက ရင်းနှီးမြှုပ်နှံတဲ့ CPI ကို ဒေသခံတွေ ဘယ်လိုမျိုး ဆုံးရှုံး နစ်နာမှုတွေ ဖြစ်တယ်၊ CPI အနေနဲ့ စစ်အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံမှုတွေကို ရပ်တန့်ပေးဖို့ ကျမတို့က တောင်းဆိုထားတာပါ” ဟု KDNG မှ ပြောရေးဆိုခွင့် ရှိသူ အာနန်က ရှင်းပြသည်။

မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံ စီးဆင်းရာ ဧရာဝတီမြစ်ဖျားပိုင်း ရေကာတာ စီမံကိန်းကြောင့် ဒေသခံ ၁၅၀၀၀ ခန့် နေထိုင်သော ရွာပေါင်း ၆၀ ကို အတင်းအကျပ် ပြောင်းရွှေ့မည့် အခြေအနေ ဖြစ်ပေါ်နေကြောင်း ယမန်နေ့က ထုတ်ဝေသည့် KDNG ၏ “ရေဖုံးလွှမ်းမှုကို ခုခံ တွန်းလှန်ခြင်း” အမည်ရ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဤအတောအတွင်း အာဏာပိုင်များ နှင့် စီမံကိန်းတွင် ပါဝင်နေသည့် အေးရှားဝေါ ကုမ္ပဏီက ဒေသခံများကို နစ်နာကြေး ပေးမည်ဟု ကြေညာထားသည်။ စီမံကိန်း စတင်နေပြီ ဖြစ်သော်လည်း မည်သည့် နေ့ရက်တွင် နစ်နာကြေး ပေးမည်၊ မည်သည့် နေရာသို့ ရွှေ့ပြောင်းရမည်ဟု ကြေညာခြင်း မရှိပေ။

ဒေသခံ ရွာသူရွာသားများ၏ မြေဧရိယာ အကျယ်အဝန်းနှင့် ပိုင်ဆိုင်မှု ပစ္စည်း တန်ဖိုးများ တွက်ချက်ခြင်း ၊ တိုင်းတာခြင်း၊ ပိုင်ဆိုင်ကြောင်း လက်မှတ် အတင်းအကျပ် ထိုးခိုင်းခြင်းတို့ကို ပြုလုပ်နေကြောင်း သိရသည်။

မြေ တိုင်းတာခြင်းကို စတင် လုပ်ဆောင်နေသည့် ရွာများမှာ တန်ဖဲ၊ ကျိန်ခရန်၊ အင်ဂျစ်၊ အင်ဆွန်၊ လဖ၊ လရန်၊ နောင်ခြိမ်း၊ အင်ဂန် တို့ ဖြစ်သည်ဟု ဆိုသည်။

“အိမ်တွေ လိုက်တိုင်းတယ်၊ လျော်ကြေးပေးမယ် ဆိုပေမယ့်လည်း တချို့ဆိုရင် ဘိုးဘွားပိုင် အိမ်တွေ ပိုင်ဆိုင်မှု စာရွက်စာတန်းတွေ မရှိရင် မရဘူး၊ တချို့နေရာမှာ ဆိုရင်လည်း အိမ်တန်ဖိုးပဲ ပေးမယ်၊ မြေတန်ဖိုး မပေးဘူး” ဟု လည်း အာနန်က ပြောသည်။

ဒေသခံ တဦးက “ရွာသားတွေကို ကျိန်ခရန်ချောင်း ဘေးနားမှာ နေရာ ချထားပေးတယ် ကျိန်ခရန်ချောင်းရဲ့ တဖက်ကမ်းမှာ၊ လောပန်း ဦးယွပ်ဇော်ခေါင်ရဲ့ ခြံတောင် တ၀က် ပါသွားတယ်” ဟု ပြောသည်။

၂၀၀၇ခုနှစ် မေလက မြန်မာ့အလင်းသတင်းစာတွင် မြစ်ဆုံ ရေကာတာ စီမံကိန်း ပြီးစီးပါ က လျှပ်စစ် ဓာတ်အား ၃၆၀၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည်ဖြစ်သော ရေအားလျှပ်စစ် စီမံကိန်း အကောင် အထည် ဖော်နိုင်မည်ဖြစ်ကြောင်း၊ မဂ္ဂါဝပ် ၁၃၃၆၀ ထွက်ရှိမည့် ရေအား လျှပ်စစ်စီမံကိန်း ၇ ခုတွင် တခုအပါ အဝင် ဖြစ်လာမည်ဟု ရေးသားထားသည်။

၎င်း ရေအားလျှပ်စစ် စီမံကိန်း ၇ ခု အတွက် ၂၀၀၆ နှစ်ကုန်ပိုင်းက မြန်မာအစိုးရနှင့် CPI တို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသည်။

စီမံကိန်းအရ မေခမြစ်တွင် ရေကာတာ ၅ ခု၊ မလိခမြစ်တွင် ရေကာတာ ၂ ခုကို အကောင်အထည် ဖော်မည်ဖြစ်သည်။ ယခုအခါ မေခမြစ်တွင် ချီဖွေ ရေကာတာ စတင် တည်ဆောက်နေပြီဟု သိရသည်။

အစိုးရ၏ သံလွင်မြစ်ရှိ ရေကာတာ စီမံကိန်းများသည်လည်း ကန့်ကွက်ခံနေရသည်။ သံလွင်ရှိ ရေကာတာ စီမံကိန်းကြောင့် စစ်ပွဲများ၊ မတည်ငြိမ်မှုများ ပိုမို များပြားလာနိုင်သဖြင့် စီမံကိန်း ရပ်သင့်ကြောင်း ထိုင်း-မြန်မာ နယ်စပ်ဒေသမှ မြန်မာ့အရေး လှုပ်ရှားနေသည့် အဖွဲ့ ၅၁ ဖွဲ့က ပြီးခဲ့သည့် အပတ်တွင် ကြေညာခဲ့သည်။

ဧရာဝတီ


MATUT HTI NA »

NDA-K, Jarit Sin Dap masha jahpring na Kummyunit hpyenla dingsa lahkawn


Jinghpaw Mungdaw a sinpraw maga, Pangwah-daju New Democratic Army-Kachin (NDA-K) gaw Jarit Sin Dap masha jahpring na matu Kummyunit hpyenla ni hpe hkan mahkawng nga ai lam, chye lu ai.

Madung NDA-K uphkang ginra, Pangwah, Kambaiti, Hpimaw hte Kangfang ginra ni hta shawng de Myen Mung Kummyunit Pati (CPB) hta hpyenla galaw yu sai ni hpe shaga gahkyin nga ai re lam, NDA-K shiga lawk kawn chye lu ai. CPB gaw lai wa sai 1989 ning hta ga ayai mat sai re.

Ya na zawn, Kummyunit hpyenla dingsa ni shaga ra ai masa gaw, NDA-K dapdung 3 hpe Myen npu taw ai Jarit Sin Dap (Border Guard Force) gale ai hta NDA-K hpyen n-gun n hpring ai majaw re lam, uhpung shiga lawk kawn matut chye lu ai.

NDA-K Ginjaw Pangwah

NDA-K Ginjaw Pangwah

Myen a BGF hkrang hte maren, dapdung mi hta hpyen n-gun 326 shanglawm na re hta, hpyen n-gun 27 gaw Myen hpyendap na ading tawk shanglawm na lam re.

Dai re majaw, NDA-K hpe BGF dapdung 3 hku gale ai hta, hpyen n-gun yawng 978 shanglawm na rai nna, dai hta NDA-K n-gun marai 897 hte Myen hpyenla marai 81 shanglawm hpaw ninghtan na matu, rai nga ai.

Raitim, ya ten kaja wa NDA-K hta nga ai hpyen n-gun gaw marai 400 ram sha re lam, uhpung hte ni kahtep ai shiga lawk kawn chye lu ai.

Maga mi de, ya ten, NDA-K na laksan lata la ai hpyenla nkau gaw, Myitkyina makau, Pyindawng e daju ai, Myen hpyendap a Masat 7 Lahta Tsang Hpyen Wunkat Jawng e du nga sai re.

Shawng de Communist Party of Burma (CPB) a dap nawng masat 101 rai nga ai NDA-K gaw, Myen hpyen asuya a BGF hpe lai wa sai June shata hta hkapla kau sai re.

Ndai zawn NDA-K ningbaw kaba Zahkung Ting Ying hku nna BGF hpe hkapla kau ai lam ntsa NDA-K lawu tsang du salang nkau hte mungmasha ni n ra sharawng ai raitim, ningbaw kaba a aming hpe kadai n tawt lai lu ai lam, KNG sagawn chye lu ai.

Ya ten, NDA-K ningbaw kaba Zahkung Ting Ying mung KIO tingyang-up malai 2 dingsa Dr. Manam Tu Ja woi awn ai Jinghpaw Mungdaw Rawt Jat Pati (KSPP) hku nna hpyen asuya a 2010 ralata poi shang na hkyen lajang nga ai lam, Pangwah shiga lawk kawn chye lu ai. Ya ten du hkra KSPP gaw tara shang pati gaw n byin shi ai re.

Myen mungdan kata, NDA-K gaw J.W laknak hpai hpung ni hta, Wunpawng Mungdan Shanglawt Hpung (KIO) ngut ai hpang, kaba dik uhpung re.

Raitim, J.W mungmasha ni lapran, NDA-K hpe "mungmasa hpung hta sut hpaga hpung langai hku mahtang" grau mu mada tawn ai re.
KNG


MATUT HTI NA »

အမေရိကန် နိုင်ငံခြားရေးဌာန ဘာသာရေး လွတ်လပ်ခွင့် အဆိုးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်

ကမ္ဘာပေါ်မှာ ဘာသာရေး လွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံတွေထဲမှာ မြန်မာ၊ တရုတ်နဲ့ ကျူးဘားနိုင်ငံတို့ ပါဝင်ကြတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

၂၀၀၈ ခုနှစ် ဇူလိုင်လကနေ ၂၀၀၉ ခုနှစ် ဇွန်လအတွင်း ကမ္ဘာတ၀န်း နိုင်ငံအသီးသီးရဲ့ ဘာသာရေး လွတ်လပ်ခွင့် အခြေအနေကို သုံးသပ်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်ပတ်လည် အစီရင်ခံစာကို တနင်္လာနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရက အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘာသာရေး လွတ်လပ်ခွင့် ရှိတယ်လို့ ဆိုပေမဲ့ ဘာသာရေး အဖွဲ့အစည်းတွေ အပါအ၀င် အသင်းအပင်းတွေ လွတ်လပ်စွာ မဖွဲ့စည်းနိုင်သလို စုရုံး စည်းဝေးခွင့်လည်း ကန့်သတ်ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

နိုင်ငံရေး လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး မြှင့်တင်ကြတဲ့ ရွှေဝါရောင် တော်လှန်ရေး ဦးဆောင်သံဃာတော် အရှင်ဂမ္ဘီရ အပါအ၀င် ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေကိုလည်း ထောင်သွင်း အကျဉ်းချထားတဲ့အကြောင်း၊ ထေရ၀ါဒ သာသနာ ပြန့်ပွားရေး လုပ်ဆောင်နေတယ်လို့ ပြောပြီး ကျောင်းသားတွေ၊ ဆင်းရဲတဲ့ လူငယ်တွေကို ဗုဒ္ဓဘာသာထဲ အတင်းအဓမ္မ သိမ်းသွင်းနေကြောင်း၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အစိုးရ ၀န်ထမ်းတွေကို ရာထူးတိုးမပေးဘဲ ထားတဲ့အကြောင်း၊ မွတ်ဆလင်တွေနဲ့ ခရစ်ယာန်တွေ၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ တခြားဘာသာ ကိုးကွယ်သူတွေကို ကန့်သတ်ချုပ်ချယ်တာတွေ ရှိနေဆဲ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်ခွင့် အချိုးဖောက်ဆုံး နိုင်ငံစာရင်းထဲမှာ ထည့်သွင်းထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၊ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံ တို့ကလည်း ဘာသာရေး လွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်နေတယ်လို့ ထောက်ပြထားပါတယ်။

ဘာရိန်း၊ အိန္ဒိယနဲ့ ဆားဘီးယား နိုင်ငံတို့ကတော့ ဘာသာရေး လွတ်လပ်ခွင့် အထိုက်အလျောက် တိုးတက်လာကြောင်း၊ တရုတ်နဲ့ ဆော်ဒီအာရေဗီးယား နိုင်ငံတို့ကလည်း ဘာသာရေး ကန့်သတ်မှု တင်းကျပ်နေဆဲ ဖြစ်ပေမဲ့ နောက်ဆုံး အစီရင်ခံစာနဲ့စာရင် မသိမသာ တိုးတက်လာတာ တွေ့ရတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

VOA


MATUT HTI NA »

ကချင်ပြည်နယ် မချမ်းဘောတွင် စပါးဖျက်ပိုးနှင့် ကြွက်များ မရှိတော့

ဖနိဒါ
ကချင်ပြည်နယ် မြောက်ပိုင်း၌ စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖြတ်မှု မရှိတော့ကြောင်း အဆိုပါ ဒေသအတွင်းသို့ သွားရောက်လေ့လာခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ - KIO မှ ဒေသဖွံ့ဖြိုးရေးဌာန တာဝန်ခံ အပြောအရ သိရသည်။

ကချင်ပြည်နယ် မြောက်ပိုင်း ပူတာအိုခရိုင် မချမ်းဘောမြို့နယ် အနောက်ဘက် “မလိခရန်ဝလောင်” နှင့် “လော့ကောင်” ဒေသများရှိ ကျေးရွာပေါင်း ၆၀ ကျော်မှ တောင်ယာစပါးများကို ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းမှစ၍ စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖြတ်နေခဲ့ရာမှ ယခုအခါ မရှိတော့ကြောင်း သိရခြင်း ဖြစ်သည်။

“အခုအချိန်တော့ ပိုးတွေ မကိုက်တော့ဘူး။ ကြွက်လည်း မဖျက်တော့ဘူး။ သူက မိုးရာသီမှာ ဖျက်တာ များတယ်။ ရာသီချိန်မှ ထွက်တာ။ အခု ရှာလို့တောင် မတွေ့တော့ဘူး။ ကြွက်တွေက မြေကြီးမှာ အောင်းနေတာလား။ ပိုးတွေကတော့ မြေမှာပဲ ၅၊ ၆ ကောင်လောက်ဘဲ ရှာတွေ့တယ်” ဟု KIO ဒေသဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဦးဆင်ဝါးက မဇ္ဈိမကို ပြောသည်။

စပါးဖျက်ပိုးနှင့် ကြွက်များ ကိုက်ဖြတ်ဖျက်ဆီးမှုကြောင့် ဒေသခံ ၄ ထောင်ခန့် ရိက္ခာလိုအပ်မှု ဖြစ်နေသည်ဟု သိရသည်။

လုံးပတ် ၂ စင်တီမီတာ (၀.၇၅ လက်မကျော်)၊ အရှည် တလက်မခန့်ရှိ အဖြူရောင် စပါးဖျက်ပိုးကို ကချင်ဘာသာဖြင့် “နွန်” ဟု ခေါ်ပြီး မြန်မာလို “ဖိုးလမင်းကျိုင်း” ဟု ခေါ်ဆိုကြောင်း သိရသည်။

ကြွက်နှင့် စပါးဖျက်ပိုးများကြောင့် ပြီးခဲ့သည့် ဧပြီ-မေလအတွင်း၌ စိုက်ပျိုးပြီး စက်တင်ဘာအတွင်း ရိတ်သိမ်းသည့် ကောက်စော စပါးခင်းများ လုံးဝ ပျက်စီးခဲ့သည်။ ဇူလိုင်လအတွင်း စိုက်ပျိုးထားသည့် ကောက်လတ်၊ ကောက်နှောင်း စပါးများမှာမူ အကိုက်ခံရသော်လည်း မပျက်စီးခဲ့ပေ။

စပါးပျက်စီးသွားသော ကချင်တောင်သူများကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ လှူဒါန်းသည့် ဆန်အိတ် ၈၀၀ ကို KIO တပ်ရင်း ၇ မှတဆင့် လာမည့်လအတွင်း စတင် ခွဲဝေပေးသွားမည် ဖြစ်သည်။ သို့သော် လာမည့်နှစ် ဧပြီလမှစ၍ ရိက္ခာအခက်အခဲ ဖြစ်လာနိုင်ကြောင်း ဦးဆင်ဝါးက သုံးသပ်သည်။

စပါးဖျက်ပိုးနှင့် ကြွက်များ သောင်းကျန်းနေသော ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ရှိ ဒေသများသို့ အရေးပေါ် အကူအညီပေးရန် KIO ခေါင်းဆောင်များနှင့် စစ်အစိုးရ အရာရှိများသည် ယခုလ ၁၄ ရက်နေ့မှ စတင်၍ သွားရောက် ကြည့်ရှုခဲ့ပြီး ၂၂ ရက်နေ့တွင် ပြန်ရောက်ခဲ့ကြသည်။

မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း အပါအဝင် ဌာနဆိုင်ရာ တာဝန်ခံများနှင့် KIO ဌာနဆိုင်ရာ တာဝန်ခံများ အကြား စပါးပျက်စီးမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီးနောက် အကူအညီပေးရေး အစီအစဉ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

လတ်တလောတွင် ကာကွယ်ရေးလုပ်ငန်းများ မလုပ်သေးသော်လည်း လာမည့်နှစ် စပါးစိုက်ပျိုးချိန်တွင် စစ်အစိုးရနှင့် KIO က ပူးပေါင်း၍ ပိုးသတ်ဆေးများ ပက်ဖြန်းရန် စီစဉ်မည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကြွက်ကြောင့် မည်သည့် ကူးစက်ရောဂါမျှ မတွေ့ရှိရကြောင်း အဆိုပါ ဒေသသို့ လိုက်ပါသွားသူ KIO မှ ဆရာဝန်တဦးက မဇ္ဈိမကို ပြောသည်။
မဇ္ဈိမ


MATUT HTI NA »

ခိုလှုံစရာမရှိသော မြန်မာဒုက္ခသည်များ ဓာတ်ပုံပြပွဲ ကျင်းပ

ဘစောတင်
မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် စင်ထရယ် မားကတ်တွင် “ခိုလှုံစရာမရှိသော မလေးရှားရောက် မြန်မာ ဒုက္ခသည်များ” အမည်ရှိ ဓာတ်ပုံပြပွဲတခုကို မလေးရှားလူ့ အခွင့်အရေး အဖွဲ့ (Suaram) က ကြီးမှူးကာ အောက်တိုဘာ ၁၅ ရက်မှ ၂၅ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း ကြားသိရသည်၊


မလေးရှားနိုင်ငံတွင် ဗမာ၊ ရှမ်း၊ ကရင်၊ မွန်၊ ရခိုင်၊ ချင်း၊ ကချင်၊ ကရင်နီနှင့် ထားဝယ် စသည်ဖြင့် မြန်မာ နိုင်ငံသား ဒုက္ခသည်အဖွဲ့ မျိုးစုံရှိကြပြီး ဒုက္ခသည်အဖြစ်လျှောက်ထားသူ မြန်မာနိုင်ငံသား ၇၅၀၀၀ ခန့် ရှိကြောင်း သိရသည်။

ယခု ပြပွဲကို ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မလေးရှားတွင်ရှိနေသော မြန်မာ ဒုက္ခသည်များ၏ ပကတိ အခြေအနေကို မလေးရှားအစိုးရ၊ မလေးရှားပြည်သူများ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ သိရှိစေရန် ဖြစ်သည်ဟု ပြပွဲကို ဦးဆောင် ကျင်းပသည့် Suram အဖွဲ့ မှ Ms. Tamme က ဆိုသည်။

အဆိုပါပြပွဲသို့ သွားရောက်ခဲ့သော မလေးရှားအခြေစိုက် ပြည်ထောင်စုသတင်းစာ ထုတ်ဝေသူ ကိုအောင်ထွန်းဦး ကလည်း “မြန်မာဒုက္ခသည်တွေဟာ မလေးရှား ရဲတွေရဲ့ အန္တရာယ်ကို ကြောက်ရသလို ထိန်းသိမ်းရေးစခန်း (Camp) တွေကို အပို့ခံရရင် အင်မတန် ဆိုးရွားတဲ့ ငရဲကိုခံစားရတယ်ဆိုတာ ဒီပြပွဲက ဓာတ်ပုံတွေက သက်သေပြနေပါတယ်” ဟု ဧရာဝတီ သို့ပြောသည်၊

အဆိုပါပြပွဲတွင် တိုင်းရင်းသား ဒုက္ခသည်အဖွဲ့ အစည်းများမှ ဓာတ်ပုံများနှင့် ထိန်းသိမ်းရေး စခန်းများမှ ဓာတ်ပုံများကို ပြသထားသည်။ Camp ထဲသို့ ၀င်လျှင်ဝင်ခြင်း ပြစ်ဒဏ်ပေးသည့် အနေဖြင့် တင်ပါးကို ကြိမ်ဒဏ်ပေးလေ့ရှိရာ အမျိုးသားတဦး၏ တင်ပါးမှ ဒဏ်ရာ ဓာတ်ပုံကို ပရိသတ်များက အထူး စိတ်ဝင်စားကြသည်ဟု ကိုအောင်ထွန်းဦးက ပြောပြသည်။

ထို့အပြင် မြန်မာဒုက္ခသည်များသည် မလေး ရှားနိုင်ငံ ဒေသအသီးသီးတွင် ပုံစံမျိုးစုံဖြင့် လုပ်ကိုင်စားသောက် ကြရပုံများ၊ ထိန်းသိမ်းရေးစခန်းများအတွင်းမှ ပုံများ၊ မြန်မာသံရုံးရှေ့တွင် မြန်မာအတိုက်အခံ နိုင်ငံရေး ဒုက္ခသည်များတို့ ဆန္ဒပြနေသည့်ပုံများ၊ ကြိမ်ဒဏ်အပေးခံရသောပုံများ၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘ၀ လုံခြုံရေးဆိုင်ရာ ဓာတ်ပုံများကို အခန်း၂ ခန်းခွဲကာ ပြသာထားသည်၊

ယခုအခါ မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မြန်မာ ဒုက္ခသည် အများအပြားကို လက်ခံမည်ဟု ကြေညာထားသော်လည်း မြန်မာတိုင်းရင်းသားများ ကြားတွင်ပင် ခွဲခြား ဆက်ဆံခြင်း ခံနေရသည်ဟုလည်း ရခိုင်ဒုက္ခသည်တဦးဖြစ်သူ ကိုထွန်းလှိုင်က ဆိုသည်။

“ဒုက္ခသည်အချင်းချင်း လူမျိုးခွဲခြားမှုလုပ်တာမျိုးတော့ တရားနည်းလမ်း မကျဘူးထင်တယ်။ ဒုက္ခသည် အားလုံးကို လူမျိုးရေး၊ ဘာသာရေး. မခွဲခြားဘဲ အားလုံးကို တန်းတူအခွင့်အရေးပေးရင် အားလုံး ဒုက္ခသည် ဘ၀က အမြန် ဆုံး လွတ်မြောက်နိုင်မယ်လို့ယုံကြည်ပါတယ်” ဟု ရှင်းပြသည်။ ကိုထွန်းလှိုင်သည် ၂၀၀၈ ခုနှစ်က ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့ (ARRC) ၏ ဥက္ကဋ္ဌ တာဝန်ကို ယူခဲ့ဖူးသူဖြစ်သည်။

ယခုပြသထားသည့် ဓာတ်ပုံများသည် ၂၀၀၇ ခုနှစ်က ပြင်သစ် သတင်းထောက် တဦး၊ စင်္ကာပူ သတင်းထောက်တဦးနှင့် အင်္ဂလိပ် သတင်းထောက်တဦး ရိုက်ကူးထားသည့် ဓာတ်ပုံများဖြစ်သည်ဟု ချင်းဒုက္ခသည် (ARC) ဥက္ကဌ ကိုဂျွန်က ဆိုသည်။

မလေးရှားရှိ ထိန်းသိမ်းရေးစခန်းများ၊ ထောင်များတွင် မြန်မာပြည်သား ဒုက္ခသည် ၁၅၀၀ ခန့် ရှိနေသည်ဟု သိရသည်။ ထိုနေရာများသို့ အပို့ခံရသူအများစုသည် ကြိမ်ဒဏ် အပေးခံကြရ သော်လည်း ဒုက္ခသည် လက်မှတ် ကိုင်ဆောင် ထားသူများကိုမူ ခြွင်းချက် အနေဖြင့် ကြိမ်ဒဏ်မပေးဟု ကိုဂျွန်က ဆက်လက် ပြောဆိုသည်။
ပြပွဲမှဓာတ်ပုံတချို့ကို ရန်ပုံငွေရရှိစေရန်အတွက် ရောင်းချခဲ့ပြီး ရရှိသောရန်ပုံငွေများဖြင့် ဒုက္ခသည်များအား ကူညီပေးမည်ဟုသိရသည်။ ထို့အပြင် ဒုက္ခသည်များ အကြောင်း ရိုက်ကူးထားသော ရုပ်ရှင် ဗီဒီယို များကိုလည်း ပြသခဲ့သည်။

ပြပွဲသို့ လာရောက်ခဲ့သူများထဲမှ ပရိသတ် ၈၀၀ ခန့်သည်လည်း မလေးရှားအစိုးရထံသို့ ဒုက္ခသည်အရေးကို လျစ်လျူ မရှုဘဲ ကူညီဆောင်ရွက်ပေးရန် တောင်းဆိုသည့် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။ ယင်းလက်မှတ်များကို မလေးရှား အစိုးရထံသို့ ပေးပို့သွားမည်ဖြစ်သည်။ မလေးရှားနိုင်ငံသည် ဒုက္ခသည်များနှင့် ဆိုင်သော စာချုပ် (ဂျီနီဗာ ကွန်ဗင်းရှင်း) ကို လက်မှတ်ထိုးထားခြင်းမရှိပေ။
ဧရာဝတီ


MATUT HTI NA »

Communities stand up against Chinese dams on Burma’s Irrawaddy

Open defiance against Chinese dams in military-ruled Burma surfaced this month as dam construction and a forced relocation process began in the country’s northern Kachin State. Affected people directly confronted leading military personnel and held mass prayers, while a community network has written to the Chinese dam builders.
On October 9th, residents of Tanghpre village at the planned Myitsone dam site on the confluence at the source of the Irrawaddy handed an open letter directly to Burma’s Northern military commander, objecting to the dam.
The dam will flood the confluence and displace 15,000 people. In August military authorities informed residents that they had less than two months to begin moving out.
“We cannot bring our farms with us when we move” said a representative of the Tanghpre Village Housewives Group in a meeting with the commander on October 10th. “We do not want to move and we appeal to you to bring our concerns to Naypyidaw for consideration.”
On the same day, three hundred residents assembled at the confluence for a public prayer ceremony to protect the rivers. Several historical churches will be submerged by the Myitsone Dam, which will also flood forests in one of the world’s “hottest hotspots” of biodiversity.
The Kachin Development Networking Group, which has been monitoring the dam developments, are today sending an open letter to China Power Investment calling on them to immediately stop construction of the Myitsone Dam and other dams in Kachin State “to avoid being complicit in multiple serious human rights abuses associated with the project.”
China Power Investment is planning a series of seven dams on the Irrawaddy and its two main tributaries. Construction of the 2,000-megawatt Chibwe Dam on the N’mai River has already begun. The majority of the electricity from all the dams will be transmitted to China.
KDNG


MATUT HTI NA »

လူမှုအဖွဲ့ ကိုယ်စားလှယ်များ အာဆီယံခေါင်းဆောင်များနှင့် တွေ့ခွင့်မရ

ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့တွင် ကျင်းပလျက်ရှိသော အာဆီယံ ခေါင်းဆောင်များ အစည်း အဝေးတွင် မြန်မာအပါအ၀င် ၅ နိုင်ငံမှ လူထု အခြေပြုလူမှုအဖွဲ့အစည်း(CSO)များမှ ကိုယ်စားလှယ်များကို အစည်းအဝေးသို့ တက်ရောက်ခွင့် မပြုရန် အာဆီယံက ဆုံးဖြတ်လိုက်သည်။

ယင်းဆုံးဖြတ်ချက်တွင် မြန်မာ့အရေးလှုပ်ရှားသူ မခင်ဥမ္မာ အပါအ၀င်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင် နှင့် စင်ကာပူနိုင်ငံ ကိုယ်စားလှယ်များ ပါဝင်သည်။

စင်ပြိုင်အာဆီယံအဖွဲ့မှ မစ္စ ဒက်ဘီ စတူးဟတ်က“မနေ့ညက ထိုင်းနိုင်ငံခြားရေးဌာနက ဒီ ၅ နိုင်ငံက ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့ အာဆီယံခေါင်းဆောင်တွေနဲ့ အာဆီယံ CSO အဖွဲ့ အစည်း အဝေးတွေကို တက်ဖို့ခွင့်မပြုတော့ဘူးဆိုပြီးပြောပါတယ်၊ ဒါဟာအာဆီယံ ပဋိညာဉ်နဲ့ အာဆီယံလူ့အခွင့်အရေး လုပ်ငန်းစဉ်ကို နောက် ပြန်ဆွဲတာပါ”ဟု ဧရာဝတီသို့ ပြောသည်။

အာဆီယံ ထိပ်သီးညီလာခံမှ ဆန္ဒပြထွက်ခွာနေသော ငြင်းပယ်ခံ လူထုအခြေပြု လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ (ဓာတ်ပုံ - Simon Roughneen)

ယနေ့မှ စတင်ပြီး လာမည့် အောက်တိုဘာ၂၅ ရက်နေ့ အထိ ကျင်းပသည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲ ၏ တစိတ်တဒေသအဖြစ် အာဆီယံ နိုင်ငံခေါင်းဆောင်များနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်ရန် ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် အဖွဲ့ ၏ ဥက္ကဌ မခင်ဥမ္မာ ကိုမြန်မာကိုယ်စားလှယ်အဖြစ် အာဆီယံ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ ညီလာခံ (APF) တွင် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မခင်ဥမ္မာနှင့်အတူ ကမ္ဘောဒီးယား လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ Nay Vanda၊ လာအို ရှေ့နေအဖွဲ့မှ Manichunh Philaphanh၊ ဖိလစ်ပိုင် Task Force Detainees အဖွဲ့မှ အမှုဆောင် ဒါရိုက်တာ Sr.Cres Lucero နှင့် စင်ကာပူအခြေစိုက် Task Force on Asean Migrant Workers အဖွဲ့မှ Sinapan Samydorai တို့လည်း အစည်းအဝေးသို့ တက်ရောက်ခွင့် ပိတ်ပင်ခံရကြောင်း သိရသည်။

“အာဆီယံ CSOနဲ့ပတ်သက်ပြီးတော့ အာဆီယံ ခေါင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်ကို အရမ်း စိတ်ပျက်မိတယ်၊ ဒါဟာ အာဆီယံက ရှေ့တလှမ်းတိုးပြီးတော့ နောက် ၂ လှမ်းဆုတ်လိုက်တာပါ၊ အရင်တကြိမ်ကလည်း ၂နိုင်ငံ တက်ရောက်ဖို့ ပိတ်ပင်ခံရတယ်၊ အခု ၅ နိုင်ငံဆိုတော့ အာဆီယံ အပေါ်ထားတဲ့ ယုံကြည်မှုကတော့ ပိုဆိုး သွားစေပါတယ်”ဟု မခင်ဥမ္မာက ပြောသည်။

အာဆီယံ ပဋိညာဉ်အရ နိုင်ငံခေါင်းဆောင်များနှင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများ တွေ့ဆုံသည့် အစီအစဉ် ကို ယမန်နှစ်က စတင်ခဲ့ရာ မြန်မာနိုင်ငံ ကိုယ်စား ရွေးချယ်ခံခဲ့ရသည့် မခင်ဥမ္မာကိုဆွေးနွေးသည့်နေရာ သို့ ၀င်ခွင့် မပြုရန် မြန်မာအစိုးရ က ကန့်ကွက်ခဲ့သည်။

ထို APF ညီလာခံသို့ ယခုနှစ် ပြည်တွင်းက တက်ရောက်လာသော အဖွဲ့အစည်းများမှာ အမျိုးသမီးရေးရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့များ တက်ရောက် ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် လက်ရှိ အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူစဉ်အချိန်အတွင်း အာဆီယံအဖွဲ့ကို ပိုမိုကျယ်ပြန့် လာစေရန် ဒေသတွင်းရှိ CSO များကို ၂ကြိမ်တိုင်တိုင် အစည်းအဝေးသို့ တက်ရောက်ခွင့်ရရေးကြိုးပမ်းခဲ့သည်။

အာဆီယံခေါင်းဆောင်များရှေ့တွင် အမျိုးသမီးနှင့် ကလေးများအခွင့်အရေးကို ပြောဆိုရန်စီစဉ်လာသော လာအို နိုင်ငံမှ ရှေ့နေဖြစ်သူ Manichunh Philaphanhက“အစည်းအဝေးက ကျမတို့ကို ငြင်းပယ်တော့ ကျမတို့ အရမ်း စိတ်ပျက်မိပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

“ဒီနေ့ အစည်းအဝေးကို တက်လာတဲ့ ကိုယ်စားလှယ်တွေက အစိုးရ အထောက်အပံ့ကို ခံယူနေတဲ့သူတွေပါ၊ လွတ်လပ်တဲ့သူ တယောက်မှ မပါပါဘူး၊ CSO များကို ငြင်းပယ်လိုက်တာ အရမ်းစိတ်မကောင်း ဖြစ်မိတယ်” ဟု Nay Vanda ကလည်း ပြောသည်။

CSO ကိုယ်စားလှယ်များကို ငြင်းပယ်လိုက်ပြီးနောက် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံရသည်မှာ လွတ်လပ် မှု မရှိဟု ယူဆသဖြင့် အင်ဒိုနီးရှား၊ မလေးရှားနှင့်ထိုင်း ကိုယ်စားလှယ်များက လည်း အစည်း အဝေးခန်းမထဲမှ ထွက်ခွာသွားကြောင်းသိရသည်။

“လွတ်လပ်တဲ့ CSO တွေကိုငြင်းလိုက်တာက ဒေသတွင်း ဒီမိုကရေစီရေးကို ငြင်းပယ်လိုက်တာပါပဲ၊ ကျနော်တို့ CSOတွေက ခေါင်းဆောင်တွေနဲ့စေ့စပ်ဆွေးနွေးဖို့ လိုလားပေမယ့် သူတို့က အခွင့်အရေး မပေးဘူး”ဟု Sr. Cres Lucero က ပြောသည်။

အာဆီယံ ပဋိညာဉ်စာတမ်းအရ အာဆီယံ လူ့အခွင့်အရေးအဖွဲ့ကို ဖွဲ့စည်းရန်ပါရှိပြီး အဆိုပါ အာဆီယံ လူ့အခွင့် အရေးအဖွဲ့သည် ဒေသတွင်းရှိ လူဦးရေ သန်းပေါင်း ၅၇၇ ၏ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်နိုင်ရန် ဖြစ် ကြောင်း အာဆီယံ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

“လွတ်လပ်တဲ့ CSO အဖွဲ့တွေကို ငြင်းပယ်လိုက်တာက အာဆီယံ ပဋိညာဉ်နဲ့ လူ့အခွင့်အရေး အဖွဲ့အပေါ်ထားတဲ့ ယုံကြည်မှုကို လျော့ပါးစေပါတယ်”ဟု စင်ကာပူမှ Sinapan Samysorai ကဆိုသည်။

ယင်း ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးပွဲသို့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်နေ ကြောင်း သိရသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ဝေမိုးက အာဆီထိပ်သီး ညီလာခံကျင်းပနေသော ထိုင်းနိုင်ငံ ချာ့အမ်းမြို့မှ ပေးပို့သည်။


MATUT HTI NA »

မလေးရှားရှိ မြန်မာသတင်းဂျာနယ်များ သံရုံးဖိအားကို ရင်ဆိုင်နေရ

ကိုထွေး

မလေးရှားနိုင်ငံတွင် မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသောဂျာနယ်များအနက် သူရိယနှင့် ပြည်ထောင်စု ဂျာနယ်များအား လက်ခံ မရောင်းချရန် မြန်မာဆိုင်များကို ဖိအားပေးမှုရှိကြောင်း သတင်းရသည်။


အဆိုပါ ဂျာနယ်များကို လက်ခံ မရောင်းချရန် နီးစပ်သူများမှတဆင့် မလေးရှားရှိ မြန်မာသံရုံး က မှာကြား ထားခြင်းဖြစ်သည်ဟု မြန်မာဆိုင်များနှင့် နီးစပ်သူ တဦးက ပြောသည်။

၎င်းက“ဒီက မြန်မာဆိုင်တွေက ပြည်ဝင်ခွင့်လက်မှတ် ကိုင်ဆောင်ထားတဲ့သူတွေက လာရောက် လုပ်ကိုင် နေ တာ များတော့ မြန်မာ သံရုံးရဲ့ ငြိုငြင်ခံရမှာရယ်၊ နောက် အခု ဂျာနယ်တွေက နိုင်ငံရေးနဲ့ ဆက်စပ်နေတော့ နိုင်ငံကူးလက်မှတ် အပိတ်ခံရမှာကိုလည်း စိုးရိမ်တယ်လေ၊ သံရုံးနဲ့နီးစပ်တဲ့ ဆိုင်တွေကို အဲဒီဂျာနယ်မရောင်းဖို့ တိုးတိုးတိတ်တိတ် အသိပေးထားတယ်” ဟု ပြောသည်။

သူရိယ၊ ပြည်ထောင်စု ဂျာနယ်များသည် ဧရာဝတီ၊ မဇ္စျိမ၊ ခေတ်ပြိုင်၊ VOA ၊ RFA အစရှိသော သတင်းဌာနများ မှ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော သတင်းများကို ကောက်နုတ်၍ တလလျှင် ၁၊ ၂ ကြိမ်ကျ ထုတ်ဝေခြင်း ဖြစ်သည်။

ပြည်ထောင်စုဂျာနယ်သည် ၂၀၀၉ ခုနှစ် ဇွန်လမှ စတင်၍ ထုတ်ဝေခဲ့သည်။ တလလျှင်စောင်ရေ ၁၅၀၀နှင့် ၁၈၀၀ ကြား ဖြန့်ဝေလျက်ရှိပြီး တန်ဖိုးမှာ မလေးရှားငွေ ၂ ရင်းဂစ်ဖြင့် ရောင်းချကြောင်းသိရသည်။

ပြည်ထောင်စု ဂျာနယ်မှ မန်နေဂျာ ကိုအောင်ထွန်းဦးက“ကျနော်တို့ ဂျာနယ်ဆိုင်တွေမှာ မတင်နဲ့ ဆိုတဲ့ သတင်း တော့ အခုထိ မကြားသေးဘူး၊ ဒါပေမယ့် မလေးရှားက မြန်မာဆိုင် အတော်များများက ကျနော်တို့ ဂျာနယ်ကို တင်ဖို့လက်မခံကြဘူး”ဟု ပြောသည်။

နိုဝင်ဘာလ ၃၀ရက်က စတင်ထုတ်ဝေခဲ့သော သူရိယဂျာနယ်သည် စောင်ရေ ၁၀၀၀ ခန့်ဖြန့်ဝေပြီး တန်ဖိုးမှာ မလေးရှားငွေဖြင့် ၂.၅ ရင်းဂစ်ဖြင့်ရောင်းချ ကြောင်းသိရသည်။

သူရိယဂျာနယ်နှင့် နီးစပ်သူ ကိုမိုးဝေက“သူရိယ ဂျာနယ်ကို မြန်မာဆိုင်တွေမှာမတင်ဖို့ မြန်မာသံရုံးက လိုက် ပိတ်ပင်နေတယ်၊ ဂျာနယ်ဆိုင်ပေါ်သွားတင်ရင် ဆိုင်ရှင်တွေကပြောတယ် နိုင်ငံရေးဂျာနယ်ဆို သံရုံးက ပြဿနာ လာရှာမယ်လို့၊ အခု ဆိုင် ၁၂ ဆိုင်မှာ ၆ ဆိုင်ပဲလက်ခံတော့တယ်၊ တကယ်တော့ လက်ရှိ မြန်မာနိုင်ငံသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်ဆိုတာကို ဒီဘက်က လူတွေ သိဖို့လိုတယ်” ဟုဆိုသည်။

မလေးရှား ရဲများက သူရိယဂျာနယ် ထုတ်ဝေသူကို ခေါ်ယူစစ်ဆေးနေသည်မှာ၂ ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(မလေးရှားဌာနခွဲ) ဥက္ကဋ္ဌ ကိုကျော်ကျော်က“သူရိယ၊ ပြည်ထောင်စုနဲ့ တခြား ဂျာနယ် တခုကို မြန်မာဆိုင်တွေမှာ တင်ခွင့်မပေးအောင်ဆိုပြီးတော့ မြန်မာသံရုံးနဲ့သက်ဆိုင်သူတွေက လိုက်ပိတ် နေတယ်လို့ ကျနော်တို့ကြားတယ်၊ အခုလက်ရှိ မြန်မာဆိုင်တွေက အဲဒီဂျာနယ်တွေကို မတင်ရဲတော့ဘူး”ဟု ပြောသည်။

အားကစားနှင့်ပတ်သက်ပါက ဟဲလိုမြန်မာဂျာနယ်ကို ဖတ်ရှုကြပြီး နိုင်ငံရေးပိုင်းနှင့် ပတ်သက်ပါက စမတ်တိုင်းမ် ကို ဖတ်ရှုကြကြောင်း၊ စမတ်တိုင်းမ်တွင် အစိုးရအာဘော်များလည်း ပါသကဲ့သို့ ပြင်ပမီဒီယာ အာဘော်များလည်း ပါကြောင်း၊ ဟဲလိုမြန်မာဂျာနယ်သည် စီးပွားရေးသမား တဦးက သီးသန့် ရပ်တည် ထုတ်ဝေ လျက်ရှိသော်လည်း စမတ်တိုင်းမ်ကမူ မြန်မာသံရုံးနှင့် အဆက်အသွယ်ရှိသူများက ထူထောင်ထားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လမ်းသစ်၊ စမတ်တိုင်မ်း၊ ဟဲလိုမြန်မာ၊ သူရိယ၊ ပြည်ထောင်စု ဂျာနယ်များသည် မလေးရှားနိုင်ငံရောက် မြန်မာများ အကြား လူသိများကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ မြန်မာဘာသာဖြင့် ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဘောလုံးသတင်းကို အဓိကထား ဖော်ပြလေ့ရှိသော ဂျာနယ်များကို မလေးရှားရောက် မြန်မာနိုင်ငံသား အများစုက ၀ယ်ယူဖတ်ရှုကြကြောင်းလည်း စာဖတ် ပရိသတ်များက ပြောသည်။

စာဖတ်ပရိသတ်တဦးဖြစ်သူ ကိုမျိုးလွင်က“ကျနော်တို့ အလုပ်ရှုပ်တဲ့အခါ အင်တာနက်ကိုသွား မဖတ်နိုင်ဘူး၊ ဂျာနယ်တွေကိုပဲ အားကိုးရတာပေါ့၊ ဒါပေမယ့် ဂျာနယ်တွေရေးသားထားတာက မပွင့်လင်းဘူးဗျ၊ ဂျာနယ်တွေက မြန်မာနဲ့ လုပ်စားနေတော့ မြန်မာလူမျိုးတွေ ဘယ်လို ဒုက္ခရောက်တယ်ဆိုတာတွေကို ရေးစေချင်တယ်”ဟု ဆို သည်။

လက်ရှိဖတ်ရှုလျက်ရှိသော ဖေးဘရိတ်သတင်း ဂျာနယ်သည် မလေးရှားနိုင်ငံတွင် ထုတ်ဝေသော်လည်း နိုင်ငံရေး ဦးတည်ချက်၊ စီးပွားရေးဦးတည်ချက်များထည့်သွင်းထားသည့် အပြင် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြလေ့ ရှိသော “လောက်ကိုင်မှာ သာတဲ့လ” ဆောင်းပါးကို ထည့်သွင်းထားကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်ပြီး မှန်ကန်စွာ သိချင်ကြောင်း၎င်းက ဆက်ပြောသည်။

“အားကစားဂျာနယ်တွေက ဘောလုံးအကြောင်းအဓိကထားရေးတယ်၊ တချို့က အလောင်းအစားကို အဓိကထား ရေးကြတယ်၊ ပြီးတော့ ရှိစုမဲ့စုနဲ့ အလောင်းအစားလုပ်တော့ ရှာထားတဲ့ပိုက်ဆံကုန်သွားတာလည်း တွေ့ရတယ်၊ ဂျာနယ်တွေမှာပါတဲ့ သတင်းတွေက သံရုံးကို ဖားပြီးရေးထားတာတွေလည်းတွေ့ရတယ်၊ သတင်းအမှန်ကို သိပ် မသိရဘူး”ဟု ကိုမျိုးလွင်ကပြောသည်။

မလေးရှားနိုင်ငံတွင် သိန်းနှင့်ချီသော မြန်မာနိုင်ငံသားများ လာရောက် လုပ်ကိုင်လျက်ရှိပြီး အလုပ်သမားများ အတွက် လူ့အခွင့်အရေး စံချိန်မှာ နိမ့်ကျနေကြောင်း၊ ဒေသခံများက ရွှေ့ပြောင်း အလုပ်သမားများအပေါ် ငြိုငြင် မှုကိုလည်း ရင်ဆိုင်ကြရ၍ လူမှုဆက်ဆံရေး ပြဿနာများစွာ ဖြစ်ပေါ်နေကြောင်းလည်း ကြားသိရသည်။

မလေးရှားတွင် တရားဝင် စာရွက်စာတမ်း မရှိဘဲ နေထိုင်၊ အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီးခံထား ရသော နိုင်ငံခြား သား ၇၀၀၀ ခန့်တွင် မြန်မာပြည်သား ၂၈၀၀ ခန့် ရှိသည်ဟု AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာသံရုံး၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းသောကြောင့် အဆိုပါ ထိန်းသိမ်းခံနေရသော မြန်မာပြည်သား များကို နေရပ်ရင်းသို့ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်မှာ ကြန့်ကြာနေရခြင်း ဖြစ်သည်ဟု သိရသည်။

ဧရာဝတီ


MATUT HTI NA »

စစ်အစိုးရက အပစ်ရပ်အဖွဲ့တို့အား ဖဲ့ထုတ်ဖြိုခွဲနေကြောင်း လေ့လာသူများ ပြောကြား

ဝီရ
မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး ငြင်းဆန်နေသည့် အင်အားကြီး အပစ်ရပ်တိုင်းရင်းသားအဖွဲ့တို့အား စစ်ရေးဖိအားပေး တိုက်ခိုက်ခြင်းထက် အဖွဲ့အတွင်း အင်အားပြိုကွဲစေရန် ဖဲ့ထုတ်စည်းရုံးသည့်နည်းကို မြန်မာစစ်အစိုးရက ကျင့်သုံးနေကြောင်း စစ်ရေးလေ့လာသူများက ပြောကြားသည်။

“အခု ကေအိုင်အို ကချင်အဖွဲ့က နောက်ဆုံး တောင်းဆိုချက်အနေနဲ့ သူတို့တောင်းထားတဲ့ အခွင့်အရေးတွေအတိုင်း နအဖဘက်က လိုက်လျောပေးမယ်ဆိုရင် နယ်ခြားစောင့်တပ်တောင်မကဘူး၊ လက်နက်ဖြုတ်သိမ်းရရင်လည်း သူတို့ဘက်က လိုက်လျောပေးမယ်လို့ အောက်တိုဘာ လဆန်းပိုင်းကတည်းက အကြောင်းပြန်ထားတယ်။ အဲဒါကို နအဖဘက်က ပြန်ငြိမ်သွားပြီး ကေအိုင်အိုက ခေါင်းဆောင်တချို့ကို ခိုးတွေ့ပြီး စည်းရုံးတာတွေ လုပ်နေတယ်” ဟု ကချင်သတင်းအေဂျင်စီ အယ်ဒီတာ ကိုနော်ဒင်က ပြောသည်။

ကေအိုင်အိုဌာနချုပ်နှင့် အလှမ်းဝေးနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကေအိုင်အို တပ်မဟာ(၄) ကိုလည်း စစ်အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ပိုမိုဖိအားပေးမှုများ ရှိနေပြီး တပ်မဟာ (၄) အား တိုက်ခိုက်လာပါက ကေအိုင်အိုတဖွဲ့လုံးကို စစ်ကြေညာခြင်းပင် ဖြစ်သည်ဟု ကေအိုင်အိုက တုံ့ပြန်ထားကြောင်း ကိုနော်ဒင်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ အပစ်ရပ်အဖွဲ့အချို့အား ယခုလ အောက်တိုဘာ နောက်ဆုံးအပတ်တွင် အကြောင်းပြန်ကြားရမည်ဟု စစ်အစိုးရက ဖိအားပေးထားသည်။

အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဆယ်စုနှစ်ပေါင်းများစွာ ရင်ဆိုင်တိုက်ပွဲဝင်လာခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်းတို့အား မြန်မာစစ်အစိုးရအနေနှင့် စစ်ရေးဖိအားဖြင့် တိုက်ခိုက်အောင်ပွဲခံခြင်းသည် ယာယီသာဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“တကယ်လို့ နအဖက ဖိအားပေးပြီး တိုက်လို့ရှိရင်လည်း သူယာယီပဲ ရနိုင်မယ်။ အမျိုးသားပြဿနာဟာ ဘယ်တော့မှ မငြိမ်းသွားဘူး။ ဒီနေ့ ကေအိုင်အို မရှိတော့ဘူးဆိုရင် နောက်နေ့မှာ ကေအိုင်အို အသစ်တမျိုး ထွက်လာမှာပဲ။ ယူဒဗလျူအက်စ်အေက ဘယ်လိုမှ တိုက်မနိုင်လို့ အပ်လိုက်ရရင်လည်း နောက်ဝတပ်ဖွဲ့တဖွဲ့ ပေါ်လာမှာပဲ။ ဒါမုချ ဖြစ်တယ်” ဟု ဦးအောင်ကျော်ဇောက ခေတ်ပြိုင်သို့ ပြောကြားခဲ့သည်။

အပစ်ရပ်အဖွဲ့မှ အင်အားအကြီးဆုံး ဝတပ်ဖွဲ့က ၎င်းတို့၏ ရပ်တည်ချက်အဖြစ် မြန်မာစစ်အစိုးရနှင့် ရရှိထားပြီးသား ငြိမ်းချမ်းရေးမပျောက်ပျက်အောင် ထိန်းသိမ်းသွားရန်၊ ပြည်သူတို့၏ လုံခြုံရေးနှင့် ကောင်းစားရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ဖြည့်ဆည်းသွားရန်နှင့် စစ်အစိုးရအပါအဝင် မည်သည့်အဖွဲ့အစည်းနှင့်မဆို မိတ်ဆွေအဖြစ် သတ်မှတ်ပြီး မိမိတို့ဘက်မှ စတင်ကျူးကျော်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည် မဟုတ်သကဲ့သို့ မိမိတို့နယ်မြေသို့ ကျူးကျော်တိုက်ခိုက်လာပါက အပြည့်အဝ ကာကွယ်သွားရန် အချက် (၃) ချက်ကို စွဲကိုင်ထားကြောင်း ဝတပ်ဖွဲ့နှင့် နီးစပ်သူ မန်းအိုက်ဖုံးက ပြောသည်။

၎င်းက “ကိုးကန့်တို့၊ ပလောင်တို့ကို လက်နက်အတင်းဖြုတ်သိမ်းသလို ဝကို သွားလုပ်လို့မှ မလွယ်တာ။ ဝကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ရင်လည်း အခြားအပစ်ရပ်အဖွဲ့တွေကိုပါ နအဖက စစ်ကြေညာသလို ဖြစ်သွားလိမ့်မယ်။ နအဖကို ပြန်တိုက်ဖို့ ဝမှာ အင်အားအလုံအလောက် ရှိတယ်လေ” ဟု ပြောသည်။

အပစ်ရပ်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆက်လက်တည်မြဲရေးသည် နအဖစစ်အစိုးရအပေါ်တွင်သာ မူတည်နေကြောင်း မန်းအိုက်ဖုံးက ဆက်လက်ပြောကြားသည်။

“နအဖက ဝတပ်ဖွဲ့ရဲ့ အတွင်းရေးကို ဖဲ့ဖို့မလွယ်ဘူး။ Leadership အပိုင်းမှာ ဝက အခြားအဖွဲ့တွေထက်စာရင် ပိုပြီးခိုင်မာတယ်။ မွန်ပြည်သစ်အတွက်တော့ ပိုသတိထားရမယ်လေ။ နအဖဆိုတာက လူတယောက်ကိုတောင်မှ နှစ်ပိုင်းပိုင်းလို့ရရင် ပိုင်းဖို့ ကြိုးစားမှာပဲ။ တယောက်နဲ့တယောက် ယုံကြည်မှု ပျက်ပြားလာအောင် လုပ်မယ်။ ဒါက စစ်ရေးထက် ပိုထိရောက်မှန်းလည်း နအဖက သိထားတယ်” ဟု ၎င်းက ပြောသည်။

နယ်ခြားစောင့်တပ် လက်မခံသည့် အင်အားကြီးအဖွဲ့များမှာ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)၊ ကေအိုင်အို၊ မိုင်းလားအဖွဲ့ (အန်ဒီအေအေ)၊ မွန်ပြည်သစ်ပါတီတို့ ပါဝင်ပြီး တပ်အသွင်ပြောင်းရေး သဘောတူချက် ရရှိထားပြီးအဖွဲ့များမှာ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေ-ကေ) နှင့် အင်အားအနည်းအကျဉ်းရှိသည့် အခြားလက်နက်ချ (သို့မဟုတ်) အပစ်ရပ်အဖွဲ့တို့ ဖြစ်ကြသည်။
ခေတ်ပြိုင်


MATUT HTI NA »

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကျန်းမာရေးမကောင်းသဖြင့် တာဝန်မှ အနားပေးထား

ခိုင်လင်း
ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး တဦးဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြီးခဲ့သည့် သြဂုတ်လလယ်ပိုင်းမှစ၍ စိတ်ဖောက်ပြန်ကာ မင်္ဂလာဒုံစစ်ဆေးရုံတွင် ကုသနေရပြီး ယခင်လ တိုင်းမှူးများအစည်းဝေးတွင် ကစထမှူးတာဝန်မှ အနားပေးလိုက်ကြောင်း သိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် (၁၇) ဆင်း ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်သည် ပြင်ဦးလွင် စစ်တက္ကသိုလ်ကျောင်းအုပ် တာဝန်ဖြင့် ၂ဝဝ၂ ခု၊ ဇူလိုင်မှ ၂ဝဝ၃ ခု၊ သြဂုတ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) သို့ ပြောင်းရွှေ့တာဝန်ယူခဲ့သည်။

မပခတိုင်းမှူးဘဝနှင့်ရှိနေစဉ်အတွင်း သူ့မိန်းမ၏ဆွေမျိုးများက စီးပွားရေးအခွင့်အလမ်းများရယူကာ ကြီးပွားချမ်းသာလာခဲ့ပြီး ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့် ကချင်ပြည်နယ်မှ ပြောင်းရွှေ့ခံရပြီးနောက်ပိုင်း သူ့ဆွေမျိုးများ၏ လုပ်ငန်းများကို စစ်ဆေးခံရမှုများ ရှိလာပြီး အရက်အလွန်အကျွံသောက်ရာမှ စိတ်ဖောက်ပြန်သွားခြင်းဖြစ်သည်ဟု သူ့ဆွေမျိုးများနှင့်နီးစပ်သူ မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

၎င်းက “သူ့မိန်းမက မြစ်ကြီးနား၊ ခတ်ချိုကျေးရွာသူ။ သူက မပခတိုင်းမှူးဘဝနဲ့ (၅) နှစ်လောက် နေသွားရတယ်။ နဂိုကတည်းက အရက်ကို သောက်နေတဲ့သူ။ အဲဒီမှာ မြစ်ကြီးနားလေယာဉ်ကွင်း ပြုပြင်မွမ်းမံဖို့ ချပေးထားတဲ့ ကန်ထရိုက်ကို သူ့သားက ရထားတာ။ ဗိုလ်ချုပ်သာအေးက ကစထမှူးတာဝန်နဲ့ ဒီဘက်လည်းရောက်လာရော စစ်ဆေးတာတွေ ရှိလာတော့ ပြဿနာတွေ ပေါ်ကုန်တာ။ အဲဒီမှာ ရူးချင်ဟန်ဆောင်သွားတာလား၊ တကယ်ပဲ ရူးသွားသလားတော့ မပြောတတ်ဘူး။ စိတ်ဖောက် သွားတယ်ဆိုပြီး သူ့အမျိုးတွေဆီက ပြန်ကြားရတာ” ဟု ပြောသည်။

မပခတိုင်းမှူး တာဝန်ယူနေစဉ်ကာလအတွင်း ဆွေမျိုးများက သစ်လုပ်ငန်းများကို အောင်မိုင်ကုမ္ပဏီခံ၍ လုပ်ကိုင်ခဲ့ကြပြီး အလွန်ချမ်းသာကြွယ်ဝနေကြသည်ဟု အဆိုပါမြို့ခံက ပြောသည်။

၎င်းက “သူ့ယောက်ဖတွေပေါ့။ ဘိုဘိုတို့၊ ဂူဂူးတို့၊ သူ့မိန်းမ မောင်တွေက သံမလန်းသစ်တွေ၊ ကျွန်းတွေကို ပါမစ်ရသွားတာ။ အောင်မိုင်ကုမ္ပဏီဆိုတာက တရုတ်သူဌေးက ပိုင်တာ။ သူတို့က နာမည်ခံပေးတာ။ ဟို သူဌေးက ဘာမှစားလိုက်ရတာ မဟုတ်ဘူး။ အဲဒီ ဂူဂူး၊ ဘိုဘို ညီအစ်ကိုတွေရဲ့ မိန်းမဘက်က အမျိုးတွေကော သူဌေးဖြစ်သွားတာ” ဟု ပြောသည်။

၂ဝဝ၃ ခုမှ ၂ဝဝ၈ ခု ဇွန်လအထိ မပခတိုင်းမှူး တာဝန်ယူခဲ့ရာတွင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့အား တာဝန်ယူကွပ်ကဲရသည့် ကစထမှူးဖြစ်လာခဲ့ပြီး ယခုနှစ် မေလတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့အား ကွပ်ကဲရသည့် ကစမှူးအဖြစ် ပြောင်းရွှေ့ခံခဲ့ရသည်။

ဒု-ဗိုလ်ချုပ်ကြီး အုန်းမြင့်အား ပြီးခဲ့သည့်လ (၂၂) ရက်မှ (၂၅) ရက်အထိ နေပြည်တော်တွင် ပြုလုပ်သည့် တိုင်းမှူးများ၊ တပ်မမှူးများ အစည်းဝေးအတွင်း တာဝန်မှ အနားပေးထားခဲ့သည်ဟု စစ်ဘက်နှင့်နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။
ခေတ်ပြိုင်


MATUT HTI NA »

ပူတာအိုခရိုင်အတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာ

ယခုနှစ် ဘိန်းစိုက်ပျိုးရာသီ၌ မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မလိခမြစ် အထက်ပိုင်းတလျှောက်တွင် ယခင်နှစ်များကထက် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာသည်။

ပူတာအို တပ်နယ်အတွင်းရှိ ခလရ (၄၆)၊ ခလရ (၁၃၇) နှင့် ခလရ (၁၃၈) အပါအဝင် နယ်မြေခံရဲများက ဘိန်းစိုက်တောင်သူများထံ ဆက်ကြေးငွေများ တောင်းခံနေသည့်အတွက် တရားဝင် စိုက်ခွင့်ရသကဲ့သို့ ဖြစ်သွား၍ ဒေသအတွင်း ဘိန်းခင်းများ တိုးပွားလာနေခြင်းဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

၎င်းက “ဘိန်းစိုက်တဲ့ဧကအလိုက် ကောက်တာမဟုတ်ဘူး။ ဘိန်းခင်းလုပ်ထားတယ်ဆိုရင် သုံးလေးသောင်း ကောက်တာ။ စစ်တပ်၊ ရဲ အားလုံးပဲ။ စွန်မလီ၊ လုံရှမ်ကျေးရွာတွေက စိုက်တာများတယ်။ မလိခမြစ်နဲ့ အင်ခေါ်ချောင်းဆုံတဲ့နေရာမှာ ပိုများတယ်။ ဧကထောင်နဲ့ချီရှိမယ်။ ပူတာအိုမြို့ကအချို့ကော အဲဒီဘက်သွားပြီးစိုက်တယ်။ တောင်စောင်းတွေမှာ၊ တောင်ယာတွေမှာ စိုက်နေတာ။ စီးပွားရေးတွေက ဒီနှစ်သိပ်မရှိဘူး။ အရင်က ကြိမ်ခုတ်တယ်၊ သစ်ခုတ်တယ်၊ အခုက လုပ်လို့ မကောင်းကြတော့
ဒါပဲ စိုက်နေကြတာ။ တောင်ယာကတော့ စားဖို့အတွက်ပဲ လုပ်ရတာ” ဟု ပြောသည်။

ခိုင်လင်း
ယခင်က အနည်းအကျဉ်းသာ စိုက်ပျိုးမှုရှိခဲ့သော်လည်း ယခုအခါ ဒေသအတွင်း အဓိကစီးပွားရေးလုပ်ငန်း ဖြစ်လာနေသဖြင့် ကျောင်းသား၊ ကျောင်းသူများပင် ကျောင်းဆက်မတက်တော့ဘဲ ဘိန်းစိုက်ပျိုးရေးထဲ ရောက်နေကြသည်ဟု အဆိုပါဒေသခံက ပြောသည်။

၎င်းက “ကျောင်းသားတွေလည်း ကျောင်းတက်ဖို့ သိပ်စိတ်မပါတော့ဘူး။ ဘိန်းစိုက်ဖို့အတွက်ပဲ လုပ်နေတယ်။ ဒီနှစ် စာပေးစာယူ တက်နေတဲ့ ကျောင်းသားတွေ လေးငါးယောက်ပဲ သွားတော့တာ တွေ့ရတယ်။ မြစ်ကြီးနားကို လေယာဉ်နဲ့ သွားလိုက်တာမကြာသေးဘူး။ ပူတာအိုကနေ အဝေးသင်တက်နေတာ အရင်က (၂ဝ) ကျော် ရှိတယ်။ လူငယ်တွေ ဘိန်းခင်းတွေထဲ ရောက်သွားပြီ။ အရင်ကဆို လူကြီးတွေလောက်ပဲ အနည်းအပါး လုပ်နေတာ” ဟု ပြောသည်။

တောင်ယာများတွင် အနည်းငယ်သာ စိုက်ပျိုးနေကြပြီး ယခင်နှစ်များက ထွက်ရှိသည့်ဘိန်းများအား တရုတ်၊ ကချင်ကုန်သည်များက အများဆုံး လာရောက်ဝယ်ယူလေ့ရှိသည်ဟု အဆိုပါဒေသခံက ပြောသည်။
ခေတ်ပြိုင်


MATUT HTI NA »

ကချင်ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့မည်

ခိုင်လင်း
နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် လက်ခံလိုက်သည့် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေကေ) အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖွဲ့စည်းရန်အတွက် တပ်မြေနေရာ သတ်မှတ်ထားသည်။

အန်ဒီအေကေအား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး တပ်ရင်းအမှတ် (၁ဝဝ၁) ကို ချီဗွေမြို့ အရှေ့မြောက်ဘက်၊ တရုတ်-မြန်မာနယ်စပ်ရှိ ဖီမော်ကျေးရွာအနီးတွင်လည်းကောင်း၊ တပ်ရင်း အမှတ် (၁ဝဝ၂) ကို ချီဗွေနှင့် အန်ဒီအေကေဌာနချုပ် ပန်ဝါအကြားရှိ လုပိကျေးရွာအနီးတွင်လည်းကောင်း၊ တပ်ရင်းအမှတ် (၁ဝဝ၃) ကို ဆဒုံးမြို့နယ်၊ ကန်ပိုက်တီးကျေးရွာအနီးရှိ စင်ကျိုင်ကျေးရွာတွင်လည်းကောင်း တပ်မြေနေရာ သတ်မှတ်ထားပြီးဖြစ်ကြောင်း အန်ဒီအေကေအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ပြီးခဲ့သည့်လကတည်းကပဲ မပခ (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်) က စစ်ဦးစီး ပထမတန်းအရာရှိနဲ့ မြေစာရင်းဌာနက မြေလာတိုင်းတာတွေ လုပ်ထားပြီးပြီ။ အခုတော့ ဘယ်တပ်ကို ဘယ်နေရာချမယ်ဆိုတာ အတည်ဖြစ်သလောက် ရှိနေပြီး တပ်ရင်းနံပါတ်ကတော့ ဂဏန်းလေးလုံးပဲ။ ရှေ့မှာ အက္ခရာတပ်မယ်၊ နခရလား မသိဘူး” ဟု ပြောသည်။

နယ်ခြားစောင့်တပ်ရင်း (၁) ခုလျှင် နအဖစစ်တပ်ဘက်မှ (၂၇) ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ (၂၉၉) ဦး၊ စုစုပေါင်း (၃၂၆) ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးအတွက် နအဖက စတင်ကမ်းလှမ်းခဲ့စဉ်ကတည်းက ပြောဆိုထားခဲ့၍ ယခု အန်ဒီအေကေအဖွဲ့အား တပ်ရင်း (၃) ရင်းဖြင့် ဖွဲ့စည်းလျှင် တပ်ရင်းဖွဲ့စည်းပုံ ပြည့်နိုင်မည်မထင်ကြောင်း အန်ဒီအေကေအဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “ဖီမော်ဘက်မှာလည်း သုံးလေးရာ အလွန်ဆုံးကွာ။ အဲဒီထဲမှာ ထိန်ချုန်းဘက်က တရုတ်တွေက ပါသေးတယ်။ ပန်ဝါ၊ ကန်ပိုက်တီးဆိုတာကလည်း ဘာရှိတာမှတ်လို့။ ဒီအထဲမှာ နားချင်တဲ့သူ နားဆိုလို့ တချို့တွေ တပ်ကနေ ထွက်နေကြတယ်။ ဆိုတော့ အလွန့်အလွန်ဆုံး တပ်ရင်း (၂) ရင်းစာ လူ (၆၀၀) ဝန်းကျင်ပေါ့ကွာ၊ ဒါပဲရှိတာ။ သူတို့အစောပိုင်းက ညှိထားတဲ့အရဆို အမှန်တကယ်ရှိရမှာက (၉၀၀) လောက်ရှိမှဖြစ်တာ။ ဆွေးနွေးတုန်းကလို လူ (၃၂၆) ယောက်မဟုတ်ဘဲ (၂၀၀) ကျော်လောက်နဲ့ ဖွဲ့မလား မသိတော့ဘူး” ဟု ပြောသည်။

အမည်မဖော်လိုသည့် ဖီမော်ရှိ အန်ဒီအေကေ အရာရှိတဦးက တပ်ဖွဲ့ဝင်အချို့ မြစ်ကြီးနားမြို့နယ်၊ ပြင်ထောင်ကျေးရွာ စစ်သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေပြီး သူတို့ပြန်လာပါက ပြန်ပြီး သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်အားလုံး နအဖစစ်တပ်တွင် သင်တန်းသွားတက်စရာ မလိုကြောင်းသာ ပြောဆိုပြီး အသေးစိတ်ပြောဆိုရန် ငြင်းဆိုသည်။

အန်ဒီအေကေ ဥက္ကဋ္ဌ ဦးဆခုံတိန့်ယိန်းအပါအဝင် အသက်အရွယ်ကြီးသူ ခေါင်းဆောင်ပိုင်းအချို့ နိုင်ငံရေးပါတီထောင်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ရန်ရှိနေသကဲ့သို့ ၂ဝဝ၅ ခုနှစ်၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့အတွင်း အာဏာသိမ်းအရေးအခင်း၌ အရေးနိမ့်ကာ အန်ဒီအေကေအဖွဲ့ထံ ရှောင်တိမ်းခိုလှုံခဲ့ရသူ ဗိုလ်မှူးကြီး ဒွဲလာ အပါအဝင် အချို့ခေါင်းဆောင်ပိုင်းကမူ ဘယ်မှ မပါတော့ဘဲ အနားယူတော့မည်ဟု အန်ဒီအေကေ သတင်းရပ်ကွက်က ပြောသည်။

နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲမှု အခြေအနေနှင့်ပတ်သက်၍ အန်ဒီအေကေ ခေါင်းဆောင်များကို ဖုန်းဆက်သွယ်၍ မရရှိပေ။
ခေတ်ပြိုင်


MATUT HTI NA »

Burmese Army Imparts Training To NDA-K Soldiers

KNG
Troops of the New Democratic Army-Kachin (NDA-K), a Kachin ceasefire group, is being imparted military training by the Burmese Army since early October. This is the first step towards transforming into the Border Guard Force under the aegis of the Burmese Army, said NDA-K sources.

NDA-K soldiers, specially selected from different battalions are being imparted military training at No. 7 Military Higher Training School based in Pyindaung near Myitkyina, the capital of Kachin State, said NDA-K sources.

This is the first time in the group's 20-year old ceasefire history that the NDA-K, the former 101st Army Division of the Communist Party of Burma (CPB), is being directly trained by the Burmese military, sources close to NDA-K said.

Half the number of Burmese soldiers in Infantry Battalion No. 236 based in Bhamo in Kachin State was shifted to the NDA-K's headquarters in Pangwah near the Sino-Burma border east of Kachin State over two weeks ago to help NDA-K transform to BGF.

Now in Pangwah, NDA-K’s transformation is underway. The NDA-K will be converted into three BGF battalions with around 900 NDA-K soldiers, and will have 30 per cent direct participation of Burmese soldiers, Pangwah sources said.

Each of the junta's BGF battalion will comprise a total of 326 soldiers. The majority -- 299 will be from the ethnic ceasefire groups and 27 soldiers will be from the Burmese Army.

The NDA-K, the second largest Kachin armed group and a splinter group of the Kachin Independence Organization (KIO) led by Zahkung Ting Ying accepted the junta-proposed BGF in June.

On October 16 the Lasang Awng Wa Peace Group, another unit which split from the KIO, based in Lawa Yang, 20 miles northeast of Myitkyina was officially converted to a local Kachin militia group known as "Lawa Yang Militia" with manpower of 60.

The militia group is now under the direct control of the Myitkyina-based Northern Regional Command (Ma-Pa-Kha) of the Burmese Army, said militia sources.

The conversion of the two Kachin ceasefire groups and their entry into the Burmese Army fold has impacted the KIO both in political and military terms. The KIO is now the sole Kachin ceasefire group which has rejected the junta-proposed BGF, said sources.

The KIO is now under tremendous military and political pressure from the junta to accept the Burmese Army-controlled BGF.


MATUT HTI NA »

KIO gaw Myen chyawm tari Than Shwe de jahtum laika tang tawn

KNG
Uhpung lahkawng lapran, Jarit Sin Dap (BGF) bawngban mahtai n pru sai hpang, Wunpawng Mungdan Shanglawt Hpung (KIO) gaw, Myen hpyen asuya chyawm tari Dukaba Than Shwe hpang de, laika hte tinang byin mayu ai lam jahtum tang madun dat sai re.

Laika hta, lama Myen hpyen asuya gaw, "Panglong Ga Sadi hpe hkungga hkapla nhtawm dai myit jasat hku sa wa yang, KIO gaw BGF n galaw chyai ra ai, laknak yawng ap kau na re" ngu tang madun tawn ai lam, KIO ginjaw salang ni kawn chye lu ai.

Ndai KIO a tang madun laika hpe hpyen asuya a Myitkyina-daju Dingdung Daw Daju (Ma Pa Hka) dap up Du Daju Soe Win hku nna Dukaba Than Shwe de, ndai shata praw hta tang madun dat sai re lam, KIO salang ni tsun wa ai.

KIO gaw ndai laika hpe dapashawa mungshawa ni de ndau shabra ai lam n galaw ai raitim, kade n na yang ndau shabra na masa nga ai lam, KIO shiga lawk kawn chye lu ai.

Labau shang, Mung Hpawm Myen Mungdan byin wa ai ningpawt Panglong Ga Sadi hpe Myen ningbaw Buchyuk Awng San hte bum nga Jinghpaw, Sam hte Hkang ningbaw ni, lai wa sai 1947 ning February shata 12 ya shani, lakmat htu sai re. Dai hpang, 948 ning January praw 4 ya hta, Mung Hpawm Myen Mungdan gaw Inglik mung maden wa uphkang npu kaw na shanglawt lu wa sai, rai nga ai.

Panglong Ga Sadi hta, madung Myen hte bum nga masha ni lapran rap rap ra ra mungmasa ahkaw ahkang lu ra na lam, bum nga masha ni tinang a mungdaw hpe tinang uphkang lu na lam hte, bum nga masha ni a mungdaw ni Mung Hpawm kawn ga garan pru lu na ahkaw ahkang ni, myit hkrum tawn ai re.

KIO salang ni tsun ai hte maren, Myen hpyendap npu nga na BGF gabaw hte matut nna, KIO a tinang byin mayu ai lam hpyi ai lam gara hpe mung hpyen asuya n hkapla ai majaw, ndai zawn mi na Panglong Ga Sadi ahkaw ahkang hpe jahtum hpyi ai kaw du wa ai re, nga ai.

Shawng e KIO hpyi wa sai lam gaw, tinang Wunpawng Mungdan Shanglawt Dap (KIA) hpe Myen a BGF gale na malai Kachin Regional Guard Force (KRGF) hku nga mayu ai lam hte, 2010 ralata poi galaw lu nna pru wa na Jinghpaw Mungdaw asuya n'nan hta KIO masha ni ading tawk shanglawm na lam re.

Bai nna, Myen hte KIO lapran, KIO npu na hpyendap n re ai, mungshawa hte seng ai Hpaji Dap, Hkamja Dap, Buga Gaw Sharawt Dap hte DGA (Department of General Administration) Mungchying Uphkang Dap ni hte magam bungli jawm galaw na matu tang madun sai raitim, hpyen asuya n hkapla ai lam, KIO salang ni kawn chye lu ai.

Ndai ten, Lahta Sam mung Loikang-daju KIA dapba 4 gaw Myen a alak mi jahkrit sharim ai lam hkrum nga sai re. Dai gaw, dapba 4 hpe Myen npu nga ai N-gawn Hpyen kaji 3 hku gale hpaw na lam hte lama dai hpe n hkap la yang, dapba ting hpe Jinghpaw mungdaw de htawt sit kau na lam re. N rai yang, hpang jahtum dapba ting hpe gasat shamyit kau na lam, rai nga ai.

Raitim, KIA dapba 4 ntsa Myen a jahkrit sharim ai lam mahkra hpe KIO ginjaw gaw tsepkawp n hkap ai lam, KNG kawn sagawn chye lu ai.

Ya ten, KIO gaw, Myen hpyen asuya chyawm tari Than Shwe de jahtum tang madun tawn ai lam ntsa, shi a hkap la, n hkap la bai htang shiga hpe sha la nga sai lam, KIO salang ni kawn chye lu ai.


MATUT HTI NA »

KIO’s Final Demand To Snr-Gen Than Shwe

In a major development the Kachin Independence Organization (KIO) has said it is willing to surrender its weapons, without the need to transform to Border Guard Force (BGF), if the junta respects and accepts the spirit of the Panglong Agreement.

The Kachin Independence Organization (KIO), the last remaining ethnic Kachin armed group, which rejected the Burmese junta-proposed conversion to the BGF has communicated this demand to the regime supremo Snr-Gen Than Shwe, said KIO sources. Than Shwe is the sole arbitrator in the junta.

The KIO has written to Than Shwe that the KIO will surrender its weapons without the necessity of transforming to BGF, if the junta respects and accepts the spirit of the Panglong Agreement which was jointly signed on February 12, 1947 by Burman leader Gen Aung San and ethnic leaders--- of Kachin, Chin and Shan states for the high hope of genuine multi-ethnic Union of Burma.

According to the Panglong Agreement, the Union of Burma received independence from the British in January 4, 1948. The Panglong Agreement was based on equal rights between the majority Burman and ethnics, who had the right to rule their own states and secession rights from the Union was also authorized to the ethnics.

The KIO's written-demand was sent early this month to Snr-Gen Than Shwe through Maj-Gen Soe Win, commander of the junta's Northern Regional Command (Ma-Pa-Kha) based in the Kachin State's capital Myitkyina, said KIO officials.

KIO sources said the demand to the junta is yet to be publicly announced. But it may be released soon.

The KIO’s final demand was submitted to the junta after it rejected the KIO's proposal to transform its military-wing the Kachin Independence Army (KIA) to the Kachin Regional Guard Force (KRGF) instead of the Burmese Army-controlled BGF. The KIO also demanded direct participation of its people in the new Kachin State government to be formed after the 2010 elections, said KIO officials.

In another proposal, KIO told the junta that it would like to jointly continue activities of its four departments under the KIO--- the Department of General Administration (civil administration), Education, Health and Rural Reconstruction. However the proposal was rejected by the junta, said KIO officials in Laiza headquarters on the Sino-Burma border in Kachin State.

For the forcible implementation of the "one country, one military policy" of the junta, the KIO and all ethnic ceasefire groups have been given a deadline of 31 October to transform their armed-wings to the BGF.

On the other hand, the Loikang-based KIA's 4th brigade in Northeast Shan State is being threatened by the regime that it would be wiped out from the region if it does not transform to the three smaller militia groups under the Burmese Army or else it would unconditionally have to withdraw to Kachin State.

So far, the KIO has rejected any shift of the 4th brigade and it is waiting for a response from Snr-Gen Than Shwe over its final demand related to the Panglong Agreement, said KIO officials.
KNG


MATUT HTI NA »