MATUT HTI NA »
ဖမ်းဆီးထောင်ချခံ စစ်ဗိုလ်များ
ကချင်ကိုစစ်ဆင်ရေးမှာ အမိန်မနာခံလို့ ဖမ်းစီးထောင်ချလိုက်တဲ့ စစ်အစိုးရတပ်က အရာရှိများစာရင်း
-------------------------------------------------------------
ဗျူဟာမှုး ဗိုလ်မှုးကြီး ၀င်းညွှန့် အလုပ်သင် ၁၂ (၃)နှစ်
G1 ဒုတိယဗိုလ်မှုးကြီး စိုးမင်းလတ် DSA 35 (၂)နှစ်
တပ်ရင်းမှုး ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွှန် DSA 37 (၅) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုး ကျော်သက်ခိုင် အလုပ်သင် 25 (၂) နှစ်
ဒုတပ်ရင်းမှုး ဗိုလ်မှုးနန္ဒကျော် အလုပ်သင် 27 (၂) နှစ်
ယာယီတပ်ခွဲမှုး ဗိုလ်မှုးကျော်မြင့်ထွန်း DSA 44 (၂) နှစ်
ကျခံနေရသောထောင်များ
ရွှေညောင်တောင်လေးလုံးထောင်- ဗျူဟာမှုး ဗိုလ်မှုးကြီးဝင်းညွန့်နှင့် ဒုတပ်ရင်းမှုး ဗိုလ်မှုးကျော်သက်ခိုင်
ပန်းကန်ရဲဘက်စခန်း- ဗိုလ်မှုးနန္ဒကျော် နှင့် ဗိုလ်မှုးကျော်မြင့်ထွန်း
ထီးခန်းရဲဘက်စခန်း- ဒုတိယဗိုလ်မှုးကြီးစိုးမင်းလတ်နှင့် ဒုတိယဗိုလ်မှုးကြီး ၀င်းမင်းညွန်
MATUT HTI NA »
မောင်သော်ဇင်ညို၏ ရင်တွင်းဖြစ် မြည်တမ်းခြင်း
“မေမေပျိုးသောပန်း - မနွမ်းစေချင်ပါ ”
မေမေ-
သားကိုယ်သား ဒီနေ့မယုံဘူးမေမေ
သားညီလေးနဲ့သား
သားအကိုနဲ့ သားရန်ဖြစ်နေရတာ။
မေမေ-
မျက်ရည်သုတ်လိုက်ပါတော့ မေမေ။
သားကိုယ်၌က စိတ်မပါပါဘူး။
လက်ညိုးညွှန်ရာ သူတို့က ရေ ဖြစ်စေခဲ့တာကိုး။
မေမေ-
သူတို့မှာ အတ္တတွေရောဘဲ
သူတို့ဘာကိုမှ ခဝါမချနိုင်ဘူးတဲ့လား!
မေမေ-
သားရဲ့ ကြောင်ကလေးတွေ မိဘမဲ့ဖြစ်ရတယ်လား မေမေ!
အဘိုးအဘွားတွေလည်း ခိုကိုးရာမဲ့နေကြပြီ။
သားဘဝကိုသား စိတ်မနာသင့်ဘူးတဲ့လား?
မေမေ-
သူတို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်
ကိုယ့်ဘဝလေးနဲ့ ကိုယ် ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတာပေါ့မေမေ
ကံကြမ္မာကိုက မျက်နှာသာမပေးခဲ့ဘူး ထင်တယ်။
မေမေ-
နောက်ဆုးံတော့- သားကိုယ်၌က ခုံတစ်လုံး ဖြစ်နေခဲ့တာဘဲမေမေ
ကိုယ့်ကိုယ်ကို ဖင်ခုထိုင် - ကြာတော့လည်းသားခါးတွေညောင်းတယ်။
မေမေ-
သူတို့ကိုပြောပေးပါလားမေမေ။
သားလည်းသေနတ်ကြီး မထမ်းချင်တော့ဘူး။
မျက်ရည်တွေလည်း မမြင်ချင်တော့ဘူး။
သူတို့ကိုလည်း စိတ်ချမ်းသာစေချင်တယ်။
ပြည်သူတွေလည်း စိတ်ချမ်းသာ စေချင်တယ်မေမေ။
သြော် - မေမေရော - ရှိသေးရဲ့လား? ? ? ? ?
မနောမြေ - စိန်
မေမေ-
သားကိုယ်သား ဒီနေ့မယုံဘူးမေမေ
သားညီလေးနဲ့သား
သားအကိုနဲ့ သားရန်ဖြစ်နေရတာ။
မေမေ-
မျက်ရည်သုတ်လိုက်ပါတော့ မေမေ။
သားကိုယ်၌က စိတ်မပါပါဘူး။
လက်ညိုးညွှန်ရာ သူတို့က ရေ ဖြစ်စေခဲ့တာကိုး။
မေမေ-
သူတို့မှာ အတ္တတွေရောဘဲ
သူတို့ဘာကိုမှ ခဝါမချနိုင်ဘူးတဲ့လား!
မေမေ-
သားရဲ့ ကြောင်ကလေးတွေ မိဘမဲ့ဖြစ်ရတယ်လား မေမေ!
အဘိုးအဘွားတွေလည်း ခိုကိုးရာမဲ့နေကြပြီ။
သားဘဝကိုသား စိတ်မနာသင့်ဘူးတဲ့လား?
မေမေ-
သူတို့လည်း ကိုယ့်အလုပ်ကိုယ်လုပ်
ကိုယ့်ဘဝလေးနဲ့ ကိုယ် ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတာပေါ့မေမေ
ကံကြမ္မာကိုက မျက်နှာသာမပေးခဲ့ဘူး ထင်တယ်။
မေမေ-
နောက်ဆုးံတော့- သားကိုယ်၌က ခုံတစ်လုံး ဖြစ်နေခဲ့တာဘဲမေမေ
ကိုယ့်ကိုယ်ကို ဖင်ခုထိုင် - ကြာတော့လည်းသားခါးတွေညောင်းတယ်။
မေမေ-
သူတို့ကိုပြောပေးပါလားမေမေ။
သားလည်းသေနတ်ကြီး မထမ်းချင်တော့ဘူး။
မျက်ရည်တွေလည်း မမြင်ချင်တော့ဘူး။
သူတို့ကိုလည်း စိတ်ချမ်းသာစေချင်တယ်။
ပြည်သူတွေလည်း စိတ်ချမ်းသာ စေချင်တယ်မေမေ။
သြော် - မေမေရော - ရှိသေးရဲ့လား? ? ? ? ?
မနောမြေ - စိန်
MATUT HTI NA »
Labels: GA SHAGAWP
အောင်မြင်သာစံပြကျေးရွာ လေပြင်းတိုက်ခတ် လူနေအိမ်များပျက်စီး
မတ် (၁၈) တနင်္လာ

အဆိုပါအောင်မြင်သာစံပြရှိ နေအိမ်များကို CPI နှင့် Asia World Company မှ နဂိုနေအိမ်ထက် ခိုင်ခန့်အောင် တည်ဆောက်ပေးထားတယ်ဟု ပြောဆိုခဲ့သော်လည်း ယခုအောင်မြင်သာကျေးရွာကို တည်ဆောက်ခဲ့သော (၂)နှစ်သာအတောအတွင်းမှာပင် လေတိုက်ခတ်ခြင်းကြောင့် အိမ်ခေါင်မိုးလွင့်ပျံခြင်း။ ပျက်စီးခြင်း။ အိမ်၊အဆောင်များယိုင်နေခြင်း၊ မိုးရွာသောအခါ အိမ်ခေါင်မိုးမလုံသောကြောင့် မိုးရေစီမ့်ခြင်း၊ ရေကြီးသောကြောင့် လူနေအိမ် မြေအောက် ကြမ်းပြင်များတွင် ရေဖုံးလွမ်းနေသည်။
ထို့ကြောင့် ရွာသားများဆင်းရဲဒုက္ခမျိုးစုံနှင့် ရင်ဆိုင်နေရသည်။ ထို့ပြင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်စားသောက်ရန်နေရာအခင်းများမရှိခြင်း၊ ၀မ်းရောဂါ၊ ငှက်ဖျား၊ တုပ်ကွေး၊ လေဖြတ်ခြင်း၊ စိတ်ရောဂါခံစားနေရခြင်း စသော ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွာလာနေသည်။
ဒီမနက်လေတိုက်၍ အိမ် ၄ အိမ်ပျက်စီးသွားသည်။ နေအိမ်ပိုင်ရှင်များမှာ ဦးကင်ဂျီ ယော်ရှု၊ ဦး အင်ဂျုံ ဆင်ဝါး၊ ဦး ၀ဂျော့နော် နှင့် ဦးကင်ဂျီနော် တို့အိမ်းများဖြစ်ကြောင်း။
ဆက်လက်၍ ဒီထက်ပိုသော လေပြင်တိုက်ခတ်ပါက အောင်မြင်သာကျေးရွာမှ နေထိုင်သော ရွာသားများသည် ဒုက္ခဆင်းရဲပေါင်းစုံနှင့် ရင်ဆိုင်နေရဖွယ်ရှိကြောင်း၊ မိမိဒေသမြစ်ဆုံဧရိယာသို့ ပြန်နေရန်ဆန္ဒရှိသော်လည်း တရားဝန်ပြန်နေခွင့်မရှိသေးသော်ကြောင့် မပြန်နိုင်ဘူး၊အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် သမ္မတသိန်းစိန်၏ ရေကာတာတည်ဆောက်ခြင်း ရပ်ဆိုင်းခြင်းကို သံသယရှိဖွယ်ဖြစ်သည်”ဟု ဒေသခံတဦးက ပြောသည်။
တစ်ဖက်မှာလည်း မြစ်ဆုံဒေသတွင် Asia world နှင့် CPI မှသိမ်းယူထားသော ဒေသခံများ၏ တောင်ယာ၊ လယ်ယာအခင်းများကို ဆီးဆန်းစတားကုမ္ပဏီပိုင်ရှင်၊ ပြည်သူ့လွှတ်တော်၊ ဆွမ်ပရာဘွမ်မြို့နယ် မဲဆန္ဒနေမြေလွှတ်တော် အမတ် ဦးခမိုင်တန်မှ ထပ်မံသိမ်းဆည်း၍ပြောင်သလင်းရှင်းနေသည်ကို တွေ့ရှိရသည်။
“မိမိနေရာဟောင်းသို့ ပြန်လည်လုပ်ကိုင်စားသောက်နိုင်ရန် ရှေတိုးရင်လည်းတန်ပိုး၊ နောက်ဆုတ်လည်းဆိုး ဆိုသလို အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်” ဟုဆိုသည်။ KDNG
MATUT HTI NA »
Labels: Jinghpaw Mung Shiga
လိုင်ဇာမြို့မှာ ရင်ဖွင့်သံများ
၂၀၁၃ မတ်လ (၁၃)ရက်၊ တော်လှန်ရေးမြို့တော် - လိုင်ဇာ
၃။ မြင်းခြံ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ မငယ်ငယ်ထွေး၏ လှိုက်လှိုက်လှဲလှဲ ရင်ဖွင့်သံ။
- ကျမက ဗန်းမော်သူပါ။ မြင်းခြံအဖွဲ့က ချီတက်လာတာကို လိုက်ပို့ရင်း ပါလာတာပါ။ အမေကတော့ ခွင့်မပြုဘူး။ အသွားအပြန် ငါးရက်ဘဲ ကြာမယ်လို့ အမေ့ကိုပြောထားခဲ့ပေမယ့်၊ မုန်လိုင်ချောင်း တံတားဦးမှာတင် ငါးရက်ကြာသွားတယ်။
- စရောက်တဲ့ မတ်လဆန်း ၉ရက်နေ့က လဂျားယန် အစိုးရ စစ်တပ်က လုံခြုံရေး အကြောင်း ပြပြီး ဟန့်တားတယ်။ ထမင်း ၂ နပ်ချက်ကျွေးတော့ စားလိုက်ကြတယ်။ ညကျတော့ စဉ်းစား ကြတယ်။ သူတို့ချက်တဲ့ထမင်းစားဖို့ လာတာမဟုတ်ဘူး။ အပန်းဖြေဖို့ လာတာလည်း မဟုတ်ဘူး။ သူတို့ကျွေးတာ စားပေးနေရင်၊ အဟန့်အတားက လွတ်မှာမဟုတ်ဘူး။ လိုင်ဇာအရောက် ချီတက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။
- နောက်တနေ့ ၁၀ ရက် နေ့ကျတော့ မစားဘဲ အငတ်ခံ ဆန္ဒပြကြတယ်။ အနီးအနားမှာ တဲဟောင်း၊ ဆိုင်ဟောင်းတွေ ရှိပေမဲ့၊ စစ်တပ်က မြင်သာတဲ့ နေရာတွေမှာ တဲထိုးပြီးနေကြတယ်။
- ၁၁ရက်နေ့က တနေ့လုံးမိုးအုံ့ပြီး ညသန်းခေါင်မှာ လေကြီးမိုးကြီး ရွာချတယ်။ အနီးအနား ကတဲဟောင်း၊ ဆိုင်ဟောင်းတွေဆီ ပြေးပြီး မိုးခိုကြတယ်။ ဒုက္ခဖြစ်ကြတယ်။ စိတ်ဓါတ်တွေလည်း ကျလာတယ်။
- ၁၂ရက်နေ့မနက်မှာ မုန်လိုင်ချောင်းကနေ မျောချပေးတဲ့ စားစရာနဲ့ အားပေးစာ၊ ပုံတွေနဲ့ ဆက်သွယ်ဖို့ လက်ကိုင်ဖုန်း (၂) လုံးတို့ကို ရေထဲက ဆယ်ယူရရှိတော့ တအားဝမ်းသာပြီး စိတ်ဓါတ်တွေ တအားတက်လာကြတယ်။ ဘာဘဲဖြစ်ဖြစ် လိုင်ဇာအရောက် ချီတက်ကြ မယ်လို့ထပ်ပြီး စိတ်ပိုင်းဖြတ်ကြတယ်။
- ၁၃ရက်နေ့မနက် ၈း၃၀နာရီမှာ မုန်လိုင်ချောင်း တံတားကို ကျော်ဖြတ်ခွင့်ရရှိခဲ့ကြတော့ အောင်မြင်ပြီလို့ ဝမ်းသာအားရ အော်ဟစ်ပျော်ရွှင်ခဲ့ကြတယ်။ မလျှော့သောဇွဲကြောင့်အောင် မြင်ခြင်းပါဘဲ။
- ဒီနေ့ကျမရဲ့ ခံစားချက်ကို ဖွင့်ချရမယ်ဆိုရင်၊ ဒီပြင်းထန်တဲ့ ပြည်တွင်းစစ်ကြောင့်၊ ဟိုဘက်က ကျတယ် ဒီဘက်က ကျတယ် ဆိုတဲ့သတင်းတွေ ကြားရတော့ စိတ်မကောင်းဘူး။ စစ်သာမဖြစ်ရင် ဘယ်ဘက်ကမှ ကျစရာ အကြောင်းမရှိဘူး။ ဒီစစ်ကို ဒီတင်ရပ်ပစ်ဖို့ သူကစတော့ သူကစရပ်ရင် အားလုံးရပ်သွားမှာ ဖြစ်တယ်လို့ ရှင်းရှင်း နားလည်မိပါတယ်။
- ပြီးတော့၊ ကျမ သိပ်ကိုခံစားရတဲ့ အချက်တချက်ရှိတယ်။ မြို့တိုင်းမြို့တိုင်း လူစည်ကားတဲ့ မြို့လယ်ခေါင်မှာ သာမက မြို့တွင်းထဲ၊ ရပ်ကွက်ကြီးတွေထဲ တိုင်းရင်းသားတွေရဲ့ အိမ်ကောင်း ဆိုင်ကောင်းတွေကို ရှာမတွေ့ဘူး။ အားလုံးလူမျိုးခြား တရုတ်၊ ကုလားများသာဝယ်ယူ အခြေစိုက်ကုန်ကြတယ်။ ဒေသခံတိုင်းရင်းသားတွေဟာ ဆင်းရဲတော့ နဂိုနေရာကောင်းတွေကို ရောင်းပြီး မြို့ပြင်ဇနပုဒ် ရောက်ကုန်ကြတယ်။ ဒီမြင်ကွင်းဟာ ကျမအတွက် ခံရအခက်ဆုံး ပါဘဲ။
- ကျမတို့ တံတားဦးမှာ မိုးရွာပေမယ့် အားမွေးပြီး အောင်မြင်မှုရခဲ့ သလို၊ ဒီတော်လှန်ရေး မှာလည်း ပြည်သူတို့ စုပေါင်းအားမွေးပြီး ငြိမ်းချမ်းရေးပန်းတိုင်ဆီ ကြိုးစားချီတက် ကြမယ်ဆိုရင်၊ ဒီစစ်အမှန်အကန် ရပ်သွားပြီးတော့ ကျမတို့ ပြည်သူတွေ မျှော်လင့်နေတဲ့ အောင်မြင်မှု ရရှိမှာ ဖြစ်တယ်လို့ ဆန္ဒပြုရင်း နိဂုန်းချုပ်ပါတယ်။
မနောမြေ-စိန်
MATUT HTI NA »
Labels: Jinghpaw Mung Shiga
ဒေါက်တာရွှေခါးနှင့် မလေးရှားရောက်လူငယ်များတွေ့ဆုံ
မတ် (၁၇) တနင်္ဂနွေ
မလေးရှားနိုင်ငံသို့ ခတ္တရောက်ရှိလာသော ချင်းအမျိုးသားတပ်ဦး (CNF – Chin National Front) က ဒေါက်တာရွှေခါး နှင့် မလေးရှားရောက် တိုင်းရင်းသားမျိုးချစ်လူငယ်များ မတ်လ (၁၆) ရက်နေ့ ညနေ (၈း၀၀) နာရီအချိန့်ခန့်တွင် Saigon စားဆိုင်၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ ဤတွေ့ဆုံ ဆွေးနွေးမှုကို မလေးရှားရောက် မျိုးချစ် ကချင်လူငယ်များမှ ကမကထ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် မလေးရှားနိုင်ငံရောက် တိုင်းရင်းသားအဖွဲ့အစည်း များမှ ခေါင်းဆောင်များကိုလည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါသည်။ တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသားလူငယ်များမှ ပြည်တွင်း ငြိမ်းချမ်းရေး အခန်းကဏ္ဍ တွင် UNFC အရေးပါအရာရောက်မှု၊ UNFC ၏ရပ်တည်မှု နှင့် လုပ်ဆောင်နေမှု များနှင့်ပါတ်သက်ပြီး ဒေါက်တာရွှေခါးနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
MATUT HTI NA »
မြစ်ဆုံဒေသမှ ပြောင်းရွှေ့ခံပြည်သူများ တောင်ဆိုမှုပြုလုပ်
ကမ္ဘာ့မြစ်ချောင်းများနေ့ အထိမ်းအမှတ် အစီအစဉ်တွင် ဒေသခံများ မိမိအရင်နေရပ်သို့ ပြန်လည် နေထိုင်နေရဲတောင်းဆိုခဲ့ကြ ကြောင်း သတင်းရရှိပါသည်။ ဒေသခံအဖွဲ့အစည်းများနှင့် မြစ်ဆုံ ဒေသခံပြည်သူများ မြစ်ဆုံကမ်းခြေတွင် ကမ္ဘာ့မြစ်ချောင်းများနေ့ အထိမ်းအမှတ် အစီအစဉ် ယနေ့မတ်လ ၁၄ ရက်နေ့တွင် ကျင့်ပခဲ့သည်။
ထိုအစီအစဉ်တွင် မြန်မာ့လူမှု့ဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ ကိုနေမျိုးဇင် နှင့် လွှတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း ဂီတအဖွဲ့ဝင်များ အပါအ၀င် ဒေသခံများ အယောက် ၁၀၀ ခန့်တက်ရောက်ခဲ့သည်။ ထိုအစီအစီအစဉ်တွင် ပြောင်းရွှေ့ခဲ့ရသော ဒေသခံများ မိမိနေရပ်သို့ ပြန်လည် နေထိုင်နိုင်ရေး၊ မြစ်ဆုံစီမံကိန်းလုံးဝ ရပ်ဆိုင်းရေးနှင့် ဧရာဝတီ မြစ်တလျှာက် ရွှေတူးဖော်ရေးး မပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ အခုအစီအစဉ်အား KDNG, MRJ, KBC နှင့် ဒေသခံပြည်သူများမှ ပူးပေါင်းကျင့်ပခဲ့ခြင်းဖြစ်သည်။
MATUT HTI NA »
သမ္မတကြီးအားအိပ်ဖွင့်ပေးစာ
လေးစားအပ်ပါသောသမ္မကြီးခင်ဗျား၊
သမ္မတကြီး၏လုပ်ဆောင်ချက်များဖြစ်သော နှိင်ငံတကာဆက်ဆံရေး၊ စီးပွါးဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ သတင်းမီဒီယာလွတ်လပ်လာမူ အစရှိတဲ့ ပြောင်းလဲလာနေတဲ့အပေါ်မှာ ပြည်သူတယောက်အနေနဲ့ ၀မ်းသာမိပါသည်။ သို့သော် တိုင်းရင်းသားတို့၏ အရေးနှင့် ပတ်သက်သော ဖြေရင်းချက်ကိုတော့ မထောက်ခံနှိင်ပါ၊ ယခုလက်ရှိအစိုးရသည် တိုင်းရင်းသားတို့အပေါ်မှာ ထားရှိသော အခြေခံစိတ်ဓါတ်ကိုပင် မှားယွင်းနေသည်ကို ထင်ရှားစွာ တွေ့မြင်နေရပါသည်။ ယခုလက်ရှိ အစိုးရသွားနေသောခြေလှမ်းကို ထောက်ကြည့်ရာမှာ မရိုးသားဘူးလို့ဘဲမြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် တဖက်မှာဆွေးနွေးပွဲ၊ တဖက်မှာ အပြီးခြေမူန်းရေးကို ဆက်လက် လုပ်ဆောင်နှိင်ရန် လမ်းစဖေါ်နေသည်ကို တွေ့ရပါသည်။ ဥပမာ… စစ်မြေပြင်သို့ စစ်သည်အင်အား၊ ရိက္ခာ၊ ခဲယမ်းမီးကျောက် နေ့စဉ်နှင့်အမျှပို့နေခြင်း၊ ယခုဥရောပခရီးစဉ်၏ နောက်ကွယ်မှာလည်း ဥာဏ်နီဥာဏ်နက်ပါနေသည်ကို တွေ့ရပါသည်။ အမှန်တကယ် တိုင်းရင်းသားတို့၏ အရေးကို အမှန်တရားပေါ်မှာ အခြေခံပြီးဖြေရင်းမယ်ဆိုလျင် လွယ်လွယ်လေးပါ၊ နဂိုမူလစာချုပ်ဖြစ်သော ပင်လုံစာချုပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးလိုက်ပါက နေ့ခြင်းညခြင်း တိုင်းပြည်ငြိမ်းချမ်းသွားနှိင် မည်ဟု ယုံကြည်မိပါသည်။
သမ္မတကြီး၏လုပ်ဆောင်ချက်များဖြစ်သော နှိင်ငံတကာဆက်ဆံရေး၊ စီးပွါးဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ သတင်းမီဒီယာလွတ်လပ်လာမူ အစရှိတဲ့ ပြောင်းလဲလာနေတဲ့အပေါ်မှာ ပြည်သူတယောက်အနေနဲ့ ၀မ်းသာမိပါသည်။ သို့သော် တိုင်းရင်းသားတို့၏ အရေးနှင့် ပတ်သက်သော ဖြေရင်းချက်ကိုတော့ မထောက်ခံနှိင်ပါ၊ ယခုလက်ရှိအစိုးရသည် တိုင်းရင်းသားတို့အပေါ်မှာ ထားရှိသော အခြေခံစိတ်ဓါတ်ကိုပင် မှားယွင်းနေသည်ကို ထင်ရှားစွာ တွေ့မြင်နေရပါသည်။ ယခုလက်ရှိ အစိုးရသွားနေသောခြေလှမ်းကို ထောက်ကြည့်ရာမှာ မရိုးသားဘူးလို့ဘဲမြင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် တဖက်မှာဆွေးနွေးပွဲ၊ တဖက်မှာ အပြီးခြေမူန်းရေးကို ဆက်လက် လုပ်ဆောင်နှိင်ရန် လမ်းစဖေါ်နေသည်ကို တွေ့ရပါသည်။ ဥပမာ… စစ်မြေပြင်သို့ စစ်သည်အင်အား၊ ရိက္ခာ၊ ခဲယမ်းမီးကျောက် နေ့စဉ်နှင့်အမျှပို့နေခြင်း၊ ယခုဥရောပခရီးစဉ်၏ နောက်ကွယ်မှာလည်း ဥာဏ်နီဥာဏ်နက်ပါနေသည်ကို တွေ့ရပါသည်။ အမှန်တကယ် တိုင်းရင်းသားတို့၏ အရေးကို အမှန်တရားပေါ်မှာ အခြေခံပြီးဖြေရင်းမယ်ဆိုလျင် လွယ်လွယ်လေးပါ၊ နဂိုမူလစာချုပ်ဖြစ်သော ပင်လုံစာချုပ်ပေါ်မှာ အခြေခံပြီး ဆွေးနွေးလိုက်ပါက နေ့ခြင်းညခြင်း တိုင်းပြည်ငြိမ်းချမ်းသွားနှိင် မည်ဟု ယုံကြည်မိပါသည်။
အကယ်၍ပင်လုံစာချုပ်ကို မျက်ကွယ်ပြု ဆွေးနွေးကြမည်ဆိုပါလျင် ပြသာနာမရှင်းနှိင်ဘ၊ဲ ပြည်တွင်းစစ်သာဖြစ်ပွါးသွားနှိင်သည်။ အစိုးရ လျို့ဝှက်ကြံစည်နေသော အမြစ်ပြတ်ခြေမူန်းရေးသည် လုံးဝမဖြစ်နှိင်ပါ၊ တိုင်းပြည်၏ ဘဏ္ဍဖြုန်းတီးမူသာဖြစ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသား လူမျိုးစုတိုင်းမှာ ဖျောက်ဖျက်မရနှိင်သော သမိုင်းကိုယ်စိရှိနေကြပါသည်။
(၁) ၄င်းမှာရှေးခေတ် ဒုတ်၊ ဒါး၊ လှံခေတ်ကတည်းက၊ ကျွန်တော်များတို့၏ ဘိုး၊ ဘေး၊ ဘေ၊ ဘင်များတို့၏ သွေး၊ ချွေး၊ အသက်ပေါင်းများစွာနှင့် ပေးဆပ်ကာ ရယူထားသောမြေဖြစ်သည်။
(၂) ကျွန်တော်များ တိုင်းရင်းသားတို့သည် ဗမာလူမျိုးများနှင့် အတူလွတ်လပ်ရေးကို ၁၉၄၈ ဇန္နဝါရီ (၄) ရက်နေ့၌ ရယူခဲ့ခြင်း၏ အဓိကအကြောင်းရင်းမှာ ပင်လုံစာချုပ်ကြောင့်ဖြစ်သည်။ တကယ်လို့သာ ပင်လုံစာချုပ် မရှိခဲ့သော် တိုင်းရင်းသား တို့သည် ဗမာလူမျိုးများနှင့်အတူ လွတ်လပ်ရေးယူစရာ အကြောင်းမရှိပါ၊ ထို့ကြောင့် ပင်လုံစာချုပ်သည် တိုင်း၇င်းသားတို့၏ အသက်သွေးကြောဖြစ်သည်။ ယခုကဲ့သို့ အတွင်းကြံကြံပြီး ဆက်လက်လုပ်ဆောင်သွားမည်ဆိုပါလျင် စည်းလုံးညီညွတ်မူ ပြိုကွဲသွားအောင် အစိုးရကိုယ်တိုင် တွန်းပို့နေသလိုဖြစ်နေပါသည်။ ငြိမ်းချမ်းခြင်းကို၊ အမှန်တရားကိုဖုံးကွယ်ခြင်းဖြင့် မရနှိင်ပါ၊ အမှန်ကိုအမှန်အတိုင်း လက်ခံနှိင်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးရနှိင်မည်ဖြစ်သည်။
အထက်ဖေါ်ပြပါအချက်တွေပေါ်မှာ လေးလေးနက်နက် ထောက်ရှု စဉ်းစားစေလိုပါကြောင်း လေးစားစွာဖြင့်တင်ပြလိုက်ပါသည်။
ထွန်းတောက်
MATUT HTI NA »
Labels: Shagun Laika
ရွှေလီသဘောတူ ထုတ်ပြန်ချက်
(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။
(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး ၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။
(၃) နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။
(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။
(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။
(ဂ)ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်း လေ့လာစောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက် နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။
(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။
(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။
၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။
MATUT HTI NA »
Labels: N Dau Laika
ဗမာစစ်တပ်မှ ကေအိုင်အေ စခန်းများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်
မတ် (၁၂) အင်္ဂါ

MATUT HTI NA »
Labels: Jinghpaw Mung Shiga
နယ်ခြားမှတ်တိုင် (၄၃) အနီး တိုက်ပွဲဖြစ်ပွား
မတ် (၁၂) အင်္ဂါ

MATUT HTI NA »
Labels: Jinghpaw Mung Shiga
တပ်မတော်စစ်တပ်မှ ပြည်သူတစ်ဦးအား ဖားကန့်တရားရုံးတွင်တရားစွဲဆို
ဖားကန့်ဗျူဟာကုန်းရှိ တပ်မတော်စစ်တပ်မှ (ကိုးတန်းကျောင်းသူ မဂျာဆိုင်းအိန်) ၏ဖခင်အားပုဒ်မ (၂၁၁) မတရား စွပ်စွဲမှု ဖြင့် ဖားကန့်တရားရုံးတွင်တရားစွဲ ဆိုလိုက်ကြောင်း မဂျာဆိုင်းအိန်၏ ဖခင်ပြောပြချက်အရ သိရှိရပါသည်။
မဂျာဆိုင်းအိန်အား ဖားကန့်ဗျူဟာကုန်းမှ စစ်သားများကျောင်းမှအပြန်တွင် ပစ်သတ်ခဲ့သည်နှင့် ပတ်သတ်၍ ဗျူဟာကုန်းတပ်အား မတရားစွပ်စွဲသည်ဟု တရားစွဲခြင်းဖြစ်ကြောင်းကို “ရုံးချိန်းခေါ်တဲ့စာအိမ်ကိုရောက်လာတယ်။ တနင်္လင်္ာနေ့မှာ ဒုမြို့နယ်တရားသူကြီးဦးထွန်းနိုင်ရဲ့ ဆိုင်းနဲ့စာ ရောက်လာတယ်” ဟုမဂျာဆိုင်းအိန်၏ ဖခင်ကပြောသည်။ မဂျာဆိုင်းအိန်အား စက်တင်ဘာ (၁၃) ရက် ၂၀၁ ၂ခုနှစ်တွင် ဖားကန့်အထက်တန်းကျာင်းမှ ပြန်လာသောအချိန်တွင် ဗုံးပေါက်ကွဲပြီး တပ်မတော်သား အချင်းချင်းမှားယွင်း ပစ်ခတ်မှုဖြစ်နေချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်။
ထိုသေဆုံးမှုနှင့်ပတ်သတ်၍ ဖခင်ဦးဘရန်ရှောင်သည် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အား တိုင်တန်းခြင်း၊ နိုင်ငံတော်သမ္မတအားစာပို့ခြင်း များပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ဖခင်ဦးဘရန်ရှောင်သည် ဖားကန့်တရားရုံး တွင်တရားရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
MATUT HTI NA »
Labels: Jinghpaw Mung Shiga
ဗမစစ်တပ် ကားအစီး (၁၀၀) ခန့် ၀ါးရှောင်ဘက်ထွက်ခွာ
မတ် (၁၀) တနင်္ဂနွေ

MATUT HTI NA »
Labels: Jinghpaw Mung Shiga
ဆဒုံးတိုက်နယ်တွင် ဘိန်းခင် ဧက (၂၀) ကေအိုင်အေ ဖျက်ဆီး
မတ် (၈) သောကြာ

MATUT HTI NA »
Labels: Jinghpaw Mung Shiga
လိမ်ညာနေသူ
လိမ်ဘို့ညာဘို့ ၊၀န်မလေး
အမှန်ပြောဘို့ကတော့နှေး
လိမ်ညာနေတဲ့၊ သမ္မတကြီး၏အကြံပေး
KIA ကိုထိုးစစ်ဆင်တာ၊ လူဘုံလယ်မှာသူငြင်း၇ှာ
ဗမာအစိုးရရဲ့၊ လုပ်ဆောင်ချက်တိုင်းမှာ၊ လိမ်ညာမူကပါ
ဗမာတွေရဲ့စကားပုံမှာ၊ မုသားမပါလင်ကာမချောတဲ့ဗျာ
KIA တွေပစ်ချတဲ့လေယာဉ်ဟာ၊ စက်ချွတ်ယွင်းလို့တဲ့ကွာ
ဗြောင်လိမ်ဗြောင်စား၊ လူမိုက်ပမာ၊သူကပြောလာ
လိမ်ညာမူရဲ့နောက်ကွယ်မှာ၊ မရှိသိက္ခာလည်းပျောက်၊
ညံ့ဖျင်းရာလည်းရောက၊် သြော်လူသား၊ စဉ်းစားပါဒီအဖြစ်မှာ
ရှေးလူကြီးများဆိုရိုးစကား၊ လိမ်သူမရှက်၊ သိသူမြင်သူခံရခက်တယ်တဲ့လေး။
ထွန်းတောက်
အမှန်ပြောဘို့ကတော့နှေး
လိမ်ညာနေတဲ့၊ သမ္မတကြီး၏အကြံပေး
KIA ကိုထိုးစစ်ဆင်တာ၊ လူဘုံလယ်မှာသူငြင်း၇ှာ
ဗမာအစိုးရရဲ့၊ လုပ်ဆောင်ချက်တိုင်းမှာ၊ လိမ်ညာမူကပါ
ဗမာတွေရဲ့စကားပုံမှာ၊ မုသားမပါလင်ကာမချောတဲ့ဗျာ
KIA တွေပစ်ချတဲ့လေယာဉ်ဟာ၊ စက်ချွတ်ယွင်းလို့တဲ့ကွာ
ဗြောင်လိမ်ဗြောင်စား၊ လူမိုက်ပမာ၊သူကပြောလာ
လိမ်ညာမူရဲ့နောက်ကွယ်မှာ၊ မရှိသိက္ခာလည်းပျောက်၊
ညံ့ဖျင်းရာလည်းရောက၊် သြော်လူသား၊ စဉ်းစားပါဒီအဖြစ်မှာ
ရှေးလူကြီးများဆိုရိုးစကား၊ လိမ်သူမရှက်၊ သိသူမြင်သူခံရခက်တယ်တဲ့လေး။
ထွန်းတောက်
MATUT HTI NA »
Labels: GA SHAGAWP
FIREFOX HPE LAWAN HPAW LU HKRA
Firefox Browser nau lanyan ai majaw lang n pyaw na myit ru nga ai manaw manang ni a matu yaw shada let, Firefox lawan ai hku lu lang na matu ladat hpe tsun dan dat n ngai.
Shawng nna Firefox Browser hpe hpaw u, ngut yang address bar kaw about:config ngu hpe ka bang dat nna Enter dip dat u.
Dai ngut yang Search bar kaw pip hpe gayet bang dat u.
Dai shaloi network.http.pipelining nga hpe double clik dip nna true galaw dat u.
network.http.pipelining.maxrequests nga kaw na (4) hpe dip nna (30) galai ka bang u.
network.http.proxy.pipelining hpe mung double clik dip nna true byin hkra di ya u.
Dai ni yawng galaw ngut yang Na a Firefox shawoi na hta grau lawan wa ai hpe mu na ra ai.
(Ndai gaw Window 7 a matu sha re.)
MATUT HTI NA »
Labels: IT
ကေအိုင်အိုအစိုးရမှ ဘိမ်းခင်း (၇) ဧကခန့်ကို ဖျက်ဆီး
မတ် (၆) ဗုဒ္ဓဟူး
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ မြောက်ပိုင်းတိုင်း တပ်မဟာ (၁) အုပ်ချုပ်နယ်မြေတွင် ကေအိုင်အိုအစိုးရမှ ဘိမ်းခင်း (၇) ဧကခန့်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ ကေအိုင်အို တပ်မဟာ (၁) နယ်မြေဖြစ်သော ဒရူဘွမ်တိုက်နယ် အရပ်ဘက်အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများမှ ဖေဖော်ဝါရီ (၁၉ မှ ၂၁) အတွင်း ဆွမ်ပရာဘွမ်ကားလမ်း အနောက်ဘက် လုံခတ်ဘွမ် တောင်ခြေရင်းတွင် စိုက်ပျိုးထားသော ဘိမ်းခင်း (၇) ဧကခန့်ကို သွားရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
MATUT HTI NA »
Subscribe to:
Posts (Atom)